Local News

ဦးရိုင်းရဲ့ မွေးနေ့မှာ သက်ရှည်ကျန်းမာပြီး ဘုန်းကံကြီးပါစေလို့ ဆုတောင်းပေးလာတဲ့ ငှက်ပျောကြော်

ဇာတ်ပို့သရုပ်ဆောင်ကြီး ဦးငှက်ပျော်ကြော်ကတော့ အနုပညာလောကထဲမှာ ညီအစ်ကိုရင်းတစ်​ယောက်လို ခင်မင်ရတဲ့ ဦးရိုင်းအတွက် မွေးနေ့ဆုတောင်းစာကို တင်ပေးလာခဲ့ပါတယ်။ အနုပညာလောကထဲကို စတင်ဝင်ရောက်လာစဥ်ကတည်းက အတူတွဲဖက်လုပ်ကိုင်ခဲ့ပြီး အတွဲညီတဲ့ သူတွေဖြစ်လို့။

ပရိသတ်တွေက အားပေးကြတာလည်း ဖြစ်ပါတယ်။ အငြိမ့်ဇာတ်ခုံမြင့်ထက်မှာလည်း အတိုင်အဖောက်ညီကာ ဟာသပြက်လုံးတွေကို ထုတ်တတ်သူတွေလည်း ဖြစ်ပါတယ်။ ယနေ့ မတ်လ ၁၃ရက်နေ့မှာ ကျရောက်တဲ့ ဦးရိုင်းရဲ့ မွေးနေ့မှာတော့ ဦးငှက်ပျောကြော်က အရင်က အမှတ်တရတွေရှိခဲ့တဲ့။

ပုံတွေကို တင်ပေးလာရင်း ဆုတောင်းစကားလည်း ပြောလာခဲ့ပါတယ်။ဒါကတော့ ဦးငှက်ပျောကြော်ကအထာမထားတဲ့ဆရာသမားကိုအရိုင်းသက်ရှည်ကျန်းမာဘုန်းကံကြီးပါ​စေ​ကြောင်း။

အ​ဝေးတစ်​နေရာမှဆုမွန်​ကောင်း​တောင်း​ပေးလိုက်ပါတယ်  ဆိုတဲ့ ဆုတောင်းစာပဲ ဖြစ်ပါတယ်။ပွင့်ပွင့်လင်းလင်းနဲ့ အရှိကို အရှိအတိုင်း ပြောဆိုတတ်တဲ့ ဦးရိုင်းရဲ့ မွေးနေ့မှာ သက်ရှည်ကျန်းမာပြီးဘုန်းကံကြီးပါစေလို့ လူမှုကွန်ယက်ထက်မှာ ဆုတောင်းပေးလာတဲ့ ဦးငှက်ပျောကြော်ရဲ့ စာသားတွေနဲ့ ပုံတွေကို ။

ပရိသတ်တွေထံ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ကဲချစ်ရတဲ့ ပရိသတ်တွေကလည်း ယနေ့ကျရောက်တဲ့ ဦးရိုင်းရဲ့ မွေးနေ့အတွက် ဆုတောင်းစကားတွေကို ကောမန့်မှာ ရေးပေးခဲ့ဖို့ တောင်းဆိုလိုက်ပါတယ်။

Credit