Local News

မြောက်ဒဂုံမြို့ရဲ့ သူရဲကောင်း မောင်ချစ်မင်းသူရဲ့ ကျန်ရစ်မိသားစုအား အလှူငွေ ၅ သိန်းကျပ် တိတိ လှူဒါန်းခဲ့တဲ့ မင်းသားချော ဇေရဲထက်

မြောက်ဒဂုံမြို့ရဲ့ သူရဲကောင်း မောင်ချစ်မင်းသူရဲ့ ကျန်ရစ်မိသားစုအား အလှူငွေ ၅ သိန်းကျပ် တိတိ လှူဒါန်းခဲ့တဲ့ မင်းသားချော ဇေရဲထက်မင်္ဂလာပါ ချစ်ပရိသတ်ကြီးရေ ယခုပြောပြပေးသွားမယ့် အကြောင်းအရာလေးကတော့ မြောက်ဒဂုံမြို့မှာ ကျဆုံးသွားခဲ့တဲ့ သူရဲကောင်း မောင်ချစ်မင်းသူ ရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေအတွက်။

ထောက်ပံ့အလှူငွေ ၅ သိန်း ကျပ် တိတိကို မင်းသားချော ဇေရဲထက်က သွားရောက်လှူဒါန်းခဲ့တဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။မင်းသားချော ဇေရဲထက်က ဖေဖော်ဝါရီလက။

ဆန္ဒပြပွဲတွင် အချိုရည်များ လိုက်လံလှူဒါန်းပြီးတဲ့နောက် ယခုအခါမှာတော့ ထပ်မံပြီး လှူဒါန်းလိုက်ပြန်ပါပြီ။ မနေ့က ကျဆုံးသွားခဲ့တဲ့ သူရဲကောင်း မောင်ချစ်မင်းသူဟာ ရှေ့ဆုံးက ဒိုင်းကာအဖွဲ့တွင် နေပြီး လက်အိပ်မပါ gas mask မပါ။

slipper ဖိနပ်လေးနဲ့ ရှေ့ဆုံးတန်းမှာ ပြည်သူတွေကို ကာကွယ်ပေးရင်း အသက်စတေးခဲ့ရတဲ့ သူရဲကောင်းတစ်ဦးပါ။ မိခင်နဲ့ ဇနီးက ယူကြုံးမရ ဝမ်းနည်းစိတ်မကောင်း ဖြစ်နေကြပေမယ့် မောင်ချစ်မင်းသူအတွက်တော့ ဂုဏ်ယူနေကြမှာပါ။

 

ဒီသတင်းကို ကြားသိခဲ့ရတဲ့ မင်းသားချော ဇေရဲထက် ကလည်း စိတ်မကောင်းဖြစ်ကာ ကျန်ရစ်ခဲ့တဲ့ မိသားစုကို အလှူငွေ ကျပ် ၅ သိန်း တိတိကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းရင်းနဲ့ အားပေးစကားလည်း ပြောခဲ့ပါသေးတယ်။

ဒါ့အပြင်ကိုမှ စိတ်ထားကောင်းပြီး ကိုယ်ချင်းစာစိတ် ပြည့်ဝတဲ့ ဇေရဲထက် က အခြားလိုအပ်နေတဲ့ နေရာတွေမှာပါ လိုက်လံလှူဒါန်းခဲ့ပါသေးတယ်။ အရေးတော်ပုံ အောင်မြင်ဖို့ မင်သားချော ဇေရဲထက် ကလည်း တတ်နိုင်တဲ့ဘက်ကနေ။

လိုအပ်တာတွေ ဖြည့်စီးပေးပြီး ပါဝင်ကူညီပေးနေတာပဲ ဖြစ်ပါတယ်။ ဒီလိုဆိုရင် ကျနော်ပြည်သူတွေအားလုံး လိုချင်နေတဲ့ ဒီမိုကရေစီ အမြန်ရရှိတော့မှာပါ။ ဒီနှစ်နွေဦးဟာ မလှပခဲ့ပေမယ့် သွေးစည်းကြတဲ့ ပြည်သူတွေကို ကြည့်ကာ ဒီနိုင်ငံမှာနေရတာကို ကျနော်တကယ်နှစ်သက်တယ်။

Credit