Local News

လူတိုင်းဓါတ်ဆားရေသာက်ကြပါတယ် ဓာတ်ဆားရေ သောက်တော့မယ်ဆိုရင် ဒါတွေသတိထား

လူတိုင်းဓါတ်ဆားရေသာက်ကြပါတယ် ဓာတ်ဆားရေ သောက်တော့မယ်ဆိုရင် ဒါတွေသတိထားဓာတ်ဆား ဆိုတာ ဘာလဲဘာအတွက်သုံးတာလဲ)ဓာတ်ဆားမှုန့်(Oral Rehydration Salts)ဆိုတာဝမ်းပျက်ဝမ်းလျှောခြင်းနဲ့အကြောင်းအမျိူ းမျိူ းကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ရေဓာတ်နဲ့ဓာတ်ဆားများ လျော့နည်းခြင်းအတွက်ရေနဲ့ဖျော်သောက်တာပါ။

ယခုလို အလွန်ပူပြင်းတဲ့အချိန်မှာ ချွေးထွက်လို့ဆုံးရှုံးသွားတဲ့ရေနဲ့ဆားဓာတ်တွေပြန်လည်ဖြည့်တင်းဖို့အကောင်းဆုံးဆေးမှုံ့ပေါ့(ဘယ်လိုဓာတ်ဆားသောက်ရင်အကောင်းဆုံးလဲ)မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံကထုတ်လုပ်တဲ့ဓာတ်ဆား။

နိုင်ငံတကာမှတင်သွင်းရောင်းချတဲ့ဓာတ်ဆားမျိူ းစုံအပြင်ဈေးကွက်ထဲမှာ ရိုးရိုးဓာတ်ဆားများ/သစ်သီးစုံဓာတ်ဆားများအများအပြားရောင်းချနေပြီး တမျိူ းနဲ့တမျိူ း အာနိသင်သိသာစွာကွာခြားခြင်းမရှိပဲအားလုံးကောင်းကြပါတယ်။

အရည်အသွေးပြည့်ဝပြီး ကြာရှည်အထားခံတာကတော့မြန်မာနိုင်ငံဆေးဝါးစက်ရုံ(MPF)ကထုတ်တဲ့ ဓာတ်ဆားပါ(ဓာတ်ဆားထုတ်ဝယ်ရင် ဘာတွေသိထားသင့်လဲ)ဓာတ်တားထုတ်ဝယ်တဲ့အခါပထမဆုံးကြည့်သင့်တာက သက်တမ်းကုန်ဆုံးရက်(Expiry date)ပါ။

Date ကောင်းတာနဲ့တင်မပြီးပါဘူးလတ်ဆပ်မှု့ရှိ/မရှိ လှုပ်ကြည့်ရပါမယ်ကပ်နေရင်(သို့)အထဲကအမှုံ့အရောင်ပြောင်းနေရင် လုံးဝမသောက်သင့်ပါဘူး(ဓာတ်ဆားထုတ်ကို ဘယ်လိုထားသိုရမလဲဘယ်ရေနဲ့ဖျော်ရမလဲ)ဓာတ်ဆားတထုတ်ကို ရေကျက်အေး(သို့)ရေတစ်လီတာ/ရေသန့်တဗူးနဲ့ဖျော်ရမှာပါသတိထားရမှာက။

ရေနွေးနဲ့မဖျော်ရသလိုရေခဲသေတ္တာထဲကရေအေးနဲ့လဲမဖျော်သင့်ပါဘူးဓာတ်ပျယ်သွားတတ်လို့ပါ။ဓာတ်ဆားထုတ်ကို အေးပြီးခြောက်သွေ့တဲ့နေရာမှာ ထားသိုရမှာဖြစ်ပြီးနေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာမထားသင့်ပါဘူူးဓာတ်ဆားရည်ကို ဖျော်ပြီး ၂၄ နာရီအတွင်းကုန်အောင်သောက်ရမှာဖြစ်ပြီ။

း၂၄ နာရီထက်ကျော်သွားတဲ့ ဓာတ်ဆားရည်ကို သွန်ပစ်ရမှာပါ(တစ်နေ့ဘယ်နှစ်ထုတ်သောက်ရမလဲဘယ်လိုလူတွေမသောက်ရဘူူးလဲပုံမှန်အားဖြင့်ဓာတ်ဆားကို တစ်ရက်အများဆုံး ၂ ထုတ်သာသုံးသင့်ပါတယ်၂ ထုတ်ထက်ပိုသောက်မိရင် ခန္ဓာကိုယ်ကပိုနေမဲ့ ဆားဓာတ်ကိုမစွန့်ထုတ်နိုင်ပဲသွေးတိုးရောဂါဖြစ်တတ်လို့ပါ။

ဓာတ်ဆားထုတ်ကို ဆီးချိူ /သွေးတိုးရှိသူတွေ ဆရာဝန်ညွှန်ကြားချက်နဲ့မှသောက်သင့်ပါတယ်(ဒါကြောင့်)တန်ဆေး လွန်ဘေးဆိုသလို ချွေးထွက်အလွန်များတဲ့ယခုလိုနွေရာသီမှာ ဓာတ်ဆားထုတ်သောက်တဲ့အခါဆင်ခြင်စရာလေးတွေကို ကျန်းမာရေးဗဟုသုတအနေနဲ့တင်ပြလိုက်ရပါတယ်။ဒီ post ကို share ပေးခြင်းနဲ့ ကုသိုလ်ယူကြစေလိုပါတယ်ခင်ဗျား။

Credit