Local News

မီးရထားဝန်ထမ်းတွေအတွက် နေ့တိုင်းဟင်းချက်လှူတဲ့အပြင် စားသောက်ကုန်တွေလည်း ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ စူးရှထက်

ပရိသတ်ကြီးရေ အနုပညာလောကမှာ ပရိသတ်တွေရဲ့တစ်ခဲအားပေးချစ်ခင်မှုတွေကို ရရှိထားသလို အလှူအတန်းတွေမှာလည်း ချွေးနည်းစာငွေကြေးလေးတွေနဲ့ တတ်နိုင်သလောက်လှူဒါန်းနေသူလေးကတော့ မော်လ်ဒယ်သရုပ်ဆောင် စူးရှထက်ပဲ ဖြစ်ပါတယ်။

စူးရှထက်ကတော့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်ကာ လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်လုပ်ဆောင်နေသလို တော်လှန်ရေးတိုက်ပွဲကြီးမှာ လှူဒါန်းမှုတွေကိုလည်း ပြုလုပ်နေတာ တွေ့ရပါတယ်။

Photo Credit – Zar Chi’s Fb Acc

လတ်တလောအခြေအနေတွေကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူ့ဝန်ထမ်းတွေဖြစ်ကြတဲ့ မီးရထားဝန်ထမ်းတွေအတွက် နေ့တိုင်းဟင်းချက်လှူတဲ့အပြင် စားသောက်ကုန်တွေကိုလည်း ကိုယ်တိုင်သွားရောက်လှူဒါန်းနေတာပဲ ဖြစ်ပါတယ်။

အခက်အခဲအမျိုးမျိုးကြောင့် ဘုန်းကြီးကျောင်းမှာ နေထိုင်နေကြတဲ့ မီးရထားဝန်ထမ်းသုံးရာကျော်အတွက်လှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာဖြစ်ပြီး အလှူပုံရိပ်လေးတွေကိုလည်း စူးရှထက်က ပရိသတ်တွေကို အသိပေးဝေမျှထားတာပါ။

Photo Credit – Zar Chi’s Fb Acc

Photo Credit – Zar Chi’s Fb Acc

CDMမီးရထားဝန်ထမ်းတွေ ဘုန်းကြီးကျောင်းမှာသုံးရာကျော်လောက်ရှိပါတယ် စူးကတော့ နေ့တိုင်းဟင်းချက်လှူပေးတယ်။ဒီနေ့စားစရာတွေလှူရှင် ကိုယ်စားသွားရောက်လှူတန်းပေးခဲ့ပါတယ်Thaw Dar Ooမိန်းရေဒီထက်မကလှူနိုင်ပါစေနော်။သာဓု သာဓု သာဓု” ဆိုပြီး အလှူလေးကို ဝေမျှထားတာပါ။

စူးရှထက်တို့ရဲ့ ကုသိုလ်အလှူလေးကို ပရိသတ်တွေကလည်း ဝမ်းသာစွာနဲ့ သာဓုခေါ်ဆုတောင်းစကားလေးတွေနဲ့အတူ ချီးကျူးနေကြတာလည်း အားလုံးတွေ့မြင်ရပါတယ်နော်။

Photo Credit – Zar Chi’s Fb Acc

Zawgyi

ပရိသတ္ႀကီးေရ အႏုပညာေလာကမွာ ပရိသတ္ေတြရဲ႕တစ္ခဲအားေပးခ်စ္ခင္မႈေတြကို ရရွိထားသလို အလႉအတန္းေတြမွာလည္း ေခြၽးနည္းစာေငြေၾကးေလးေတြနဲ႔ တတ္ႏိုင္သေလာက္လႉဒါန္းေနသူေလးကေတာ့ ေမာ္လ္ဒယ္သ႐ုပ္ေဆာင္ စူးရွထက္ပဲ ျဖစ္ပါတယ္။

စူးရွထက္ကေတာ့ လက္ရွိအေျခအေနေတြနဲ႔ ပတ္သက္ၿပီး ျပည္သူေတြနဲ႔အတူ ရပ္တည္ကာ လူထုလႈပ္ရွားမႈေတြမွာ ကိုယ္တိုင္ပါဝင္လုပ္ေဆာင္ေနသလို ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ လႉဒါန္းမႈေတြကိုလည္း ျပဳလုပ္ေနတာ ေတြ႕ရပါတယ္။

လတ္တေလာအေျခအေနေတြေၾကာင့္ စားဝတ္ေနေရးခက္ခဲေနၾကတဲ့ ျပည္သူ႔ဝန္ထမ္းေတြျဖစ္ၾကတဲ့ မီးရထားဝန္ထမ္းေတြအတြက္ ေန႔တိုင္းဟင္းခ်က္လႉတဲ့အျပင္ စားေသာက္ကုန္ေတြကိုလည္း ကိုယ္တိုင္သြားေရာက္လႉဒါန္းေနတာပဲ ျဖစ္ပါတယ္။

အခက္အခဲအမ်ိဳးမ်ိဳးေၾကာင့္ ဘုန္းႀကီးေက်ာင္းမွာ ေနထိုင္ေနၾကတဲ့ မီးရထားဝန္ထမ္းသုံးရာေက်ာ္အတြက္လႉဒါန္းမႈေတြ ျပဳလုပ္ေပးေနတာျဖစ္ၿပီး အလႉပုံရိပ္ေလးေတြကိုလည္း စူးရွထက္က ပရိသတ္ေတြကို အသိေပးေဝမွ်ထားတာပါ။

CDMမီးရထားဝန္ထမ္းေတြ ဘုန္းႀကီးေက်ာင္းမွာသုံးရာေက်ာ္ေလာက္ရွိပါတယ္ စူးကေတာ့ ေန႔တိုင္းဟင္းခ်က္လႉေပးတယ္။ဒီေန႔စားစရာေတြလႉရွင္ ကိုယ္စားသြားေရာက္လႉတန္းေပးခဲ့ပါတယ္Thaw Dar Ooမိန္းေရဒီထက္မကလႉႏိုင္ပါေစေနာ္။သာဓု သာဓု သာဓု” ဆိုၿပီး အလႉေလးကို ေဝမွ်ထားတာပါ။

စူးရွထက္တို႔ရဲ႕ ကုသိုလ္အလႉေလးကို ပရိသတ္ေတြကလည္း ဝမ္းသာစြာနဲ႔ သာဓုေခၚဆုေတာင္းစကားေလးေတြနဲ႔အတူ ခ်ီးက်ဴးေနၾကတာလည္း အားလုံးေတြ႕ျမင္ရပါတယ္ေနာ္။

Credit