International News

အချစ်ရေး အိမ်ထောင်ရေးအဆင်ပြေဖို့ ဒီနည်းကို မဖြစ်မနေသုံးပါ

အချစ်ရေး အိမ်ထောင်ရေးအဆင်ပြေဖို့ ဒီနည်းကို မဖြစ်မနေသုံးပါချစ်ခြင်းရဲ့ လျို့ဝှက်ချက် နှစ်ပေါင်း ၂၅ နှစ်တိုင် ပြသနာလုံးဝမဖြစ်စေတဲ့ နည်းလေးပါ စုံတွဲတွေအဆင်ပြေစေချင်လွန်းလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

တစ်ခါတုန်းက လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ အိမ်ထောင်သက် ၂၅ နှစ်အတွင်းမှာ တခါမှကတောက်ကဆမဖြစ်ဖူးဘူးလို့ မြို့မှာနာမည်ကြီး ပါတယ်။ဒါကြောင့် နယ်ခံသတင်းစာရဲ့ အယ်ဒီတာကအဲဒီ ပျော်ရွှင်ချမ်းမြေ့ တဲ့ အိမ်ထောင်ရေး ရဲ့ လျှို့ဝှက်ချက်ကိုမေးမြန်းဖော်ထုတ်ဖို့ အစီအစဉ်တစ်ခု လုပ်လိုက်ပါတယ်။

အယ်ဒီတာ ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့ ကောင်းလွန်း ပါတယ်။ ဒီလိုအိမ်ထောင်ရေးမျိုးကို ဘယ်လိုများ တည်ဆောက်ခဲ့ ကြပါသလဲ ခင်ဗျာ ယောက်ျားဖြစ်သူက သူတို့ရဲ့ Honeymoon နေ့ရက်တွေကို ပြန်တွေးရင်းပြောပါတယ်။

ကျွန်တော်တို့တွေ Honeymoon အတွက် ရှီမလာ (Shimla) ကိုသွား ခဲ့ကြပါတယ်။ အဲဒီမှာမြင်းစီးသွားမယ်ဆိုပြီး မြင်းတစ်ကောင်စီ စီးကြတာပေါ့ဗျာ။ အဲဒီမှာကျွန်တော့်မြင်းက စီးရတာအဆင်ပြေပေမယ့် ကျွန်တော့်မိန်းမစီးတဲ့ မြင်းကတော့နည်းနည်းရိုင်းပုံရတယ်ဗျ။

လမ်းမှာ သွားနေရင်းနဲ့ပဲ အဲဒီမြင်းရုတ်တရက်ထခုန်လိုက်တာ ကျွန်တော့်မိန်းမ ဒယိုင်းဒယိုင်ဖြစ်ပြီပြုတ်ကျပါလေရော။ ဒါပေမယ့် သူက မြေကြီးပေါ်ကနေ လူးလဲထပြီမြင်းရဲ့ကျောကုန်းလေးကိုအသာလေးပွတ်ပေးရင်းနဲ့ မြင်းကို “ဒါ မင်းရဲ့ ပထမဆုံးအကြိမ်နော် လို့ ပြောပါတယ်။

ပြောပြီးတော့ သူလည်း မြင်းကျောပေါ်ပြန်တက်ပြီး ခရီးဆက် ခဲ့တာပေါ့ဗျာ။ ခဏအကြာမှာ စောစောကလိုပဲ ဖြစ်ပြန်ပါတယ်။ ဒီတစ်ခါမှာလည်း ကျွန်တော့်မိန်းမကတည်တည်ငြိမ်ငြိမ်ပဲ ဒါ မင်းရဲ့ ဒုတိယအကြိမ်နော် လို့ပြောပြီး ဆက်သွားကြပြန်ပါတယ်။

တတိယအကြိမ်မြောက် မြင်းက ခါချတဲ့အခါမှာတော့ ကျွန်တော့်မိန်းမက ဘာမှမပြောပဲး ခြောက်လုံးပြူးသေနတ်ကို ပိုက်ဆံအိတ်ထဲက ထုတ်ပြီး မြင်းကို အသေပစ်သတ်လိုက်ပါလေရောဗျာ။

ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့မင်း ဘယ်လို လုပ်လိုက်တာလည်းကွ။သနားစရာကောင်းတဲ့ တိရိစ္ဆာန်လေးကို မင်းသတ်ပစ်လိုက်ပြီ။ မင်းရူးနေလား” လို့အော်လိုက်မိတယ်။

အဲဒီအခါ ကျွန်တော့်မိန်းမက ကျွန်တော့်ကို အေးစက်စက်ပြန်ကြည့်ပြီး နူးညံ့တဲ့လေသံလေးနဲ့ ဘာပြောလဲဆိုတော့ “ဒါ ရှင့်ရဲ့ပထမဆုံးအကြိမ်နော်တဲ့။အဲဒီအချိန်ကစပြီး ကျွန်တော်တို့တွေ ဘာပြဿနာမှ မရှိဘဲ နှစ်ယောက်အတူတူ ပျော်ပျော်ရွှင်ရွှင် နေလာခဲ့ကြတာ အခုအချိန်အထိပါပဲဗျ။

Credit alz