Local News

မန္တလေးမှာ ကျဆုံးတဲ့ မကြယ်စင်ရဲ့ အုတ်ဂူကို ဖွင့်ဖေါက်စစ်ဆေးနေ

မတ်လ၃ ရက်နေ့က မန္တလေး ၈၄လမ်း နဲ့ လမ်း ၃၀ ဒေါင့်အနီးမှာ ကျဆုံးခဲ့တဲ့ အသက် ၁၉နှစ်အရွယ် မကြယ်စင် ခေါ် ကျားရှိ ကိစ္စစုံစမ်းစစ်ဆေးမယ်လို့ ကြေငြာပြီးတဲ့နောက် ၊

ဒီနေ့ ညနေ ၄ နာရီခွဲက စစ်သားတွေပါတဲ့ စစ်ကားတွေဟာ အေးရိပ်ငြိမ်သုဿာန်က ယူနန် တရုတ်သင်္ချိုင်း မှာ အုတ်ဂူဖေါက် စစ်ဆေးမှုတွေလုပ်နေပါတယ်။

အေးရိပ်ငြိမ် သုဿာန်အနီး ကြာနီကန်ရွာက ဒေသခံတွေက ဝိုင်းထားတဲ့အတွက် ခုချိန်ထိ ရုပ်အလောင်းက စစ်ကားပေါ်မှာ ရှိနေသေးတယ်လို့ အဲဒီဖြစ်စဉ်နဲ့ အနီးဆုံးမှာ ရှိနေသူတွေကပြောပါတယ်။ဒီရုပ်အလောင်းကို ပြန်ဖေါ်စစ်ဖို့ မနက်ကတည်းက နီးစပ်တဲ့မြို့နယ်တွေက တရားသူကြီးတွေကို ခေါ်ခဲ့ပေမယ့် တရားသူကြီးချုပ် ညွန်ကြားချက်မရှိလို့ ငြင်းဆန်လိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းကသိရပါတယ်။

ခုစစ်ဆေးတာမှာလည်း မှုခင်းဆရာဝန်နဲ့ တရားသူကြီးတွေ ပါမပါတော့ စုံစမ်းဖို့ခက်နေပါတယ်။

လက်ရှိအေးရိပ်ငြိမ်သုဿန်ကို ဝင်တဲ့ ၂ ဖက်လမ်းတွေကို ပိတ်ထားပြီး ဓါတ်ပုံရိုက်သူတွေကို လိုက်လံဖမ်းဆီးနေပါတယ်။

#voiceofmyanmar #VOM #ကြယ်စင် #အုတ်ဂူဖေါက်

Credit

မန္တလေးမှာ ကျဆုံးတဲ့ မကြယ်စင်ရဲ့ အုတ်ဂူကို ဖွင့်ဖေါက်စစ်ဆေးနေမန္တလေး-မတ်- ၅-၂၀၂၁
VOM၊

မတ်လ ၃ ရက်နေ့က မန္တလေး ၈၄လမ်း နဲ့ လမ်း ၃၀ ဒေါင့်အနီးမှာ ကျဆုံးခဲ့တဲ့ အသက် ၁၉နှစ်အရွယ် မကြယ်စင် ခေါ် ကျားရှိ ကိစ္စစုံစမ်းစစ်ဆေးမယ်လို့ ကြေငြာပြီးတဲ့နောက် ၊ဒီနေ့ ညနေ ၄ နာရီခွဲက စစ်သားတွေပါတဲ့ စစ်ကားတွေဟာ အေးရိပ်ငြိမ်သုဿာန်က ယူနန် တရုတ်သင်္ချိုင်း မှာ အုတ်ဂူဖေါက် စစ်ဆေးမှုတွေလုပ်နေပါတယ်။

အေးရိပ်ငြိမ် သုဿာန်အနီး ကြာနီကန်ရွာက ဒေသခံတွေက ဝိုင်းထားတဲ့အတွက် ခုချိန်ထိ ရုပ်အလောင်းက စစ်ကားပေါ်မှာ ရှိနေသေးတယ်လို့ အဲဒီဖြစ်စဉ်နဲ့ အနီးဆုံးမှာ ရှိနေသူတွေကပြောပါတယ်။

ဒီရုပ်အလောင်းကို ပြန်ဖေါ်စစ်ဖို့ မနက်ကတည်းက နီးစပ်တဲ့မြို့နယ်တွေက တရားသူကြီးတွေကို ခေါ်ခဲ့ပေမယ့် တရားသူကြီးချုပ် ညွန်ကြားချက်မရှိလို့ ငြင်းဆန်လိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းကသိရပါတယ်။

ခုစစ်ဆေးတာမှာလည်း မှုခင်းဆရာဝန်နဲ့ တရားသူကြီးတွေ ပါမပါတော့ စုံစမ်းဖို့ခက်နေပါတယ်။လက်ရှိအေးရိပ်ငြိမ်သုဿန်ကို ဝင်တဲ့ ၂ ဖက်လမ်းတွေကို ပိတ်ထားပြီး ဓါတ်ပုံရိုက်သူတွေကို လိုက်လံဖမ်းဆီးနေပါတယ်။

#voiceofmyanmar #VOM #ကြယ်စင် #အုတ်ဂူဖေါက်

Credit