Local News

သိမ့်ရေ ရက်စက်မှုတွေကြားမှာ ပြုတ်ကျသွားတဲ့ လက်ကလေးကို သတိရတိုင်းမငိုနဲ့နော် ကိုယ်လာချော့လို့မရတော့ဘူး

သွားတော့မယ် သိမ့်ရေ ကိုယ့်ခလေးလေးရေ။နွေဦးဟာ ပန်းတွေမကြွေပဲ ကျည်ဆံတွေတဖွဲဖွဲ။ကိုယ့်သွေးတွေနဲ့ တွန်းပို့ခဲ့တဲ့ တော်လှန်ရေးလေ။ဂရုစိုက်ပါကလွဲပြီး ကိုယ်ပြောလို့မရတော့တဲ့စကားတွေသိမ့်ကြားမှာပေါ့ သိမ့်အားငယ်နေမလား။

သိမ့်ကိုမျက်ရည်ကျစေခဲ့လို့ အားနာတယ်။ကိုယ်ပြန်မရောက်တော့တာကို ခွင့်လွှတ်ပေးပါ။အတူတူရင်ဆိုင်ဖို့ဆုံးဖြတ်ထားခဲ့ပေမယ့် ကိုယ်မပါလာတော့တဲ့ခရီးကိုတစ်ယောက်ယောက်နဲ့ ဆက်လျှောက်ပေးပါကွယ်။

ဖုန်းတွေအကြာကြီးမပြောနိုင်တော့ဘူး မဟုတ်ဘူး။ကိုယ်တို့ဖုန်းနဲ့တောင် ဆက်သွယ်ခွင့်မရတော့ဘူး။လူကြီးမင်းခေါ်ဆိုတယ်လီဖုန်းမှာ၊ဆိုတဲ့ အသံတွေကြားတိုင်းသိမ့်စိတ်မကောက်နဲ့တော့နော်။သိမ့်ရေ နောက်ဘဝတွေကျရင်တကယ်ပေါင်းကြမယ်နော် ကိုယ်မရှိရင်မဖြစ်ဘူးဆိုတဲ့ ခလေးလေး။

ဒီနွေဦးပြီးရင် သိမ့်ငိုတော့မလား စိတ်မဆိုးနဲ့နော်။ကိုယ်ပြန်လာလို့မရတော့ဘူးလေ ကိုယ်အဝေးကြီးသွားနေရပြီ။ချစ်ရတဲ့သိမ့်နဲ့ အဝေးကြီးဆီ သိမ့်ရေရက်စက်မှုတွေကြားမှာ ပြုတ်ကျသွားတဲ့ လက်ကလေးကို သတိရတိုင်းမငိုနဲ့နော် ကိုယ်လာချော့လို့မရတော့ဘူး။

​ရီလိုက်ရင် ပန်းတွေပွင့်တဲ့ သိမ့် ကိုယ်အဲ့ဒီပန်းတွေကို မခူးနိုင်တော့ဘူး။ကိုယ့်ကိုခွင့်လွှတ်ကွာ စိတ်မပူနဲ့လို့ပြောပြီး ပြန်မလာတော့တဲ့ ကိုယ့်ကို စိတ်မကောက်ဖို့ ကိုယ်ပြောချင်သေးတယ်။သိမ့်ရေ ဒီတစ်ခါကိုယ်တို့တကယ်ခွဲရတာတဲ့။

ဘယ်လောက်ရက်စက်တဲ့ ကံတရားလဲစိတ်ပူတယ် အစစအရာရာဂရုစိုက်ပြီး ကိုယ်ခင်းတဲ့လမ်းပေါ်တော်လှန်ရေးကို တွန်းပို့ပေးပါကွယ် ကိုယ့်အတွက် သိမ့်ဂုဏ်ယူနေမယ်လို့ကိုယ်မျှော်လင့်မိတယ် သိမ့်ရေ ကိုယ်သွားပြီ ဟိုးအဝေးကြီးထိ။

Credit Aung lay