မုန္းစြဲ” ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ပရိသတ္ေတြၾကားမွာ လူသိမ်ားေအာင္ျမင္လာခဲ့တဲ့ ဇြဲေဝယံထက္ တို႔ညီအစ္ကိုကေတာ့ အႏုပညာလမ္းေၾကာင္းထက္မွာ ေလွ်ာက္လွမ္းေနၿပီ ျဖစ္ပါတယ္ ။
အရမ္း ခ် စ္ဖို႔ ေကာင္းၿပီး လိမၼာေရးျခားရွိတဲ့ ဇြဲေဝယံထက္တို႔ညီအစ္ကိုက အခုလည္း သူရဲေကာင္းေလး ညီညီရဲ႕နာေရးကို သြားေရာက္ကူညီခဲ့တာ ျဖစ္ပါတယ္ ။ သူတို႔ညီအစ္ကိုက လွည္းတန္းမွာဆုံး ပါး သြားတဲ့ သူရဲေကာင္းေလးညီညီရဲ႕မိခင္ျဖစ္သူနဲ႔ ေတြ႕ဆုံခဲ့ရတာလည္း ျဖစ္ပါတယ္ ။
ကိုကို၊ညီညီဆိုတဲ့ အမႊာေလးႏွစ္ေယာက္ထဲကေန တစ္ေယာက္ကိုဆုံးရႈံးလိုက္ရတဲ့ ညီညီရဲ႕ မိခင္ ကေတာ့ ဇြဲေဝယံထူးတို႔ညီအစ္ကိုကိုျမင္ေတြ႕ၿပီး ဝမ္းနည္းေနတာလည္း ျဖစ္ပါတယ။ညီညီ့အေမ က သူတို႔ညီအစ္ကိုကိုျမင္ေတာ့ အခ်င္းခ်င္းေစာင့္ေရွာက္ၾကဖို႔ တဖြဖြမွာရင္း ဖက္ၿပီးငိုေနခဲ့တာ လ ည္း ျဖစ္ပါတယ္ ။
ဒီအေၾကာင္းကို ဇြဲေဝယံထူးတို႔ညီအစ္ကိုက “သားတို႔ ဒီေန႔မနက္ ဒီမိုကေရ စီ တိုက္ပြဲမွာ က်ဆုံး သြားတဲ့ သူရဲေကာင္း ကိုႀကီးညီညီနာေရးကိုသြားၿပီး ကိုႀကီးညီညီရဲ႕ေမေမနဲ႔ ကိုႀကီး ကိုကိုတို႔ကို အားေပးခဲ့ပါတယ္ခင္ဗ်ာ က်ဆုံးသြားတဲ့ ကိုႀကီး ညီညီအတြက္ အရမ္းဝမ္း နည္း ရပါတယ္ ကိုႀကီးညီညီ ေကာင္းမြန္ရာဘုံမွာ ၿငိမ္းခ်မ္းပါေစခင္ဗ်ာ ဒါကေတာ့ ေမေမ့ ပိုစ့္မွာေရးထားတာ တင္ေပးထားတာပါခင္ဗ်ာ”။
“ဒီေန႔ မနက္ေစာေစာပဲ သြားလိုက္တယ္ ညီညီ့အေမက ေျပာၿပီးငိုရွာတယ္ အမႊာေလးရယ္ ခု ေတာ့ သားတို႔ ကိုကိုတစ္ေယာက္ ဘက္ပဲ့သြားၿပီတဲ့ ကိုကို႔ကိုၾကည့္ၿပီးလည္းငိုမိတာ မ်က္ရည္က ထိန္းမရ သူ႔မွာကေလးႏွစ္ေယာက္ကိုၾကည့္ၿပီး မ်က္ရည္ေတြက်တာ ရႈိက္ရႈိက္ၿပီး အံေလးႀကိတ္ ၿပီး ေတာ့ သနားစရာေကာင္းလိုက္တာ ကေလးႏွစ္ေယာက္ကိုဖက္ၿပီး မွာရွာတယ္ အမႊာဆိုတာ။
မ်က္စိေအာက္က အေပ်ာက္မခံရဘူးတဲ့ ကိုကိုေရွ႕က ခဏေလး ေပ်ာက္သြားတဲ့အခ်ိန္မွာ ညီေလး က မရွိေတာ့ဘူးတဲ့ သားတို႔ တစ္ေယာက္နဲ႔ တစ္ေယာက္ အေပ်ာက္ မခံနဲ႔ေနာ္တဲ့ သူ႔ရင္ ထဲ မွာ ဘယ္လိုေတြေတာင္ ေနရွာမလဲေနာ္ သူရဲေကာင္း ညီညီေလး ေကာင္းရာမြန္ရာေရာက္ မွာ ပါ” ဆိုၿပီ၊
း ေရးသားေျပာျပထားတာပဲ ျဖစ္ပါတယ္ ။ သူရဲေကာင္းေလးညီညီရဲ႕မိခင္ကို ႏွစ္သိမ့္ အား ေပးခဲ့တဲ့ ဇြဲေဝယံထက္နဲ႔ ဇြဲေဝယံထူးတို႔အမႊာညီအစ္ကိုရဲ႕ပုံရိပ္ေလးကိုလည္း ျပန္လည္မွ်ေဝ ေပး လိုက္ပါတယ္ေနာ္။
Source & Photo Zwe Waiyan Htet,Zwe Waiyan Htoo’s FB Page
Credit
Unicode
မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေကြားမှာ လူသိများအောင်မြင်လာခဲ့တဲ့ ဇွဲဝေယံထက် တို့ညီအစ်ကိုကတော့ အနုပညာလမ်းကြောင်းထက်မှာ လျှောက်လှမ်းနေပြီ ဖြစ်ပါတယ် ။
အရမ်း ချ စ်ဖို့ ကောင်းပြီး လိမ္မာရေးခြားရှိတဲ့ ဇွဲဝေယံထက်တို့ညီအစ်ကိုက အခုလည်း သူရဲကောင်းလေး ညီညီရဲ့နာရေးကို သွားရောက်ကူညီခဲ့တာ ဖြစ်ပါတယ် ။ သူတို့ညီအစ်ကိုက လှည်းတန်းမှာဆုံး ပါး သွားတဲ့ သူရဲကောင်းလေးညီညီရဲ့မိခင်ဖြစ်သူနဲ့ တွေ့ဆုံခဲ့ရတာလည်း ဖြစ်ပါတယ် ။
ကိုကို၊ညီညီဆိုတဲ့ အမွှာလေးနှစ်ယောက်ထဲကနေ တစ်ယောက်ကိုဆုံးရှုံးလိုက်ရတဲ့ ညီညီရဲ့ မိခင် ကတော့ ဇွဲဝေယံထူးတို့ညီအစ်ကိုကိုမြင်တွေ့ပြီး ဝမ်းနည်းနေတာလည်း ဖြစ်ပါတယ် ။ ညီညီ့အမေ က သူတို့ညီအစ်ကိုကိုမြင်တော့ အချင်းချင်းစောင့်ရှောက်ကြဖို့ တဖွဖွမှာရင်း ဖက်ပြီးငိုနေခဲ့တာ လ ည်း ဖြစ်ပါတယ် ။
ဒီအကြောင်းကို ဇွဲဝေယံထူးတို့ညီအစ်ကိုက “သားတို့ ဒီနေ့မနက် ဒီမိုကရေ စီ တိုက်ပွဲမှာ ကျဆုံး သွားတဲ့ သူရဲကောင်း ကိုကြီးညီညီနာရေးကိုသွားပြီး ကိုကြီးညီညီရဲ့မေမေနဲ့ ကိုကြီး ကိုကိုတို့ကို အားပေးခဲ့ပါတယ်ခင်ဗျာ ကျဆုံးသွားတဲ့ ကိုကြီး ညီညီအတွက် အရမ်းဝမ်း နည်း ရပါတယ် ကိုကြီးညီညီ ကောင်းမွန်ရာဘုံမှာ ငြိမ်းချမ်းပါစေခင်ဗျာ ဒါကတော့ မေမေ့ ပိုစ့်မှာရေးထားတာ တင်ပေးထားတာပါခင်ဗျာ။
ဒီနေ့ မနက်စောစောပဲ သွားလိုက်တယ် ညီညီ့အမေက ပြောပြီးငိုရှာတယ် အမွှာလေးရယ် ခု တော့ သားတို့ ကိုကိုတစ်ယောက် ဘက်ပဲ့သွားပြီတဲ့ ကိုကို့ကိုကြည့်ပြီးလည်းငိုမိတာ မျက်ရည်က ထိန်းမရ သူ့မှာကလေးနှစ်ယောက်ကိုကြည့်ပြီး မျက်ရည်တွေကျတာ ရှိုက်ရှိုက်ပြီး အံလေးကြိတ် ပြီး တော့ သနားစရာကောင်းလိုက်တာ ကလေးနှစ်ယောက်ကိုဖက်ပြီး မှာရှာတယ် အမွှာဆိုတာ။
မျက်စိအောက်က အပျောက်မခံရဘူးတဲ့ ကိုကိုရှေ့က ခဏလေး ပျောက်သွားတဲ့အချိန်မှာ ညီလေး က မရှိတော့ဘူးတဲ့ သားတို့ တစ်ယောက်နဲ့ တစ်ယောက် အပျောက် မခံနဲ့နော်တဲ့ သူ့ရင် ထဲ မှာ ဘယ်လိုတွေတောင် နေရှာမလဲနော်။
ာ် သူရဲကောင်း ညီညီလေး ကောင်းရာမွန်ရာရောက် မှာ ပါ” ဆိုပြီး ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ် ။ သူရဲကောင်းလေးညီညီရဲ့မိခင်ကို နှစ်သိမ့် အား ပေးခဲ့တဲ့ ဇွဲဝေယံထက်နဲ့ ဇွဲဝေယံထူးတို့အမွှာညီအစ်ကိုရဲ့ပုံရိပ်လေးကိုလည်း ပြန်လည်မျှဝေ ပေး လိုက်ပါတယ်နော်။
Source & Photo Zwe Waiyan Htet,Zwe Waiyan Htoo’s FB Page
Credit