Knowledge

မျက်ရိုးကိုက်၊ ဇက်ကြောတက် ၊ခေါင်းကိုက် ပါက လျှင်မြန်စွာ သက်သာပျောက်ကင်းရန်နည်းလမ်း

မျက်ရိုးကိုက်၊ ဇက်ကြောတက် ၊ခေါင်းကိုက် ပါက လျှင်မြန်စွာ သက်သာပျောက်ကင်းရန်နည်းလမ်း။ခေါင်းကိုက်။ နားထင်ကိုက်။ ဇက်ကြောတက် မျက်ရိုးကိုက်။ အလုပ်တစ်ဘက်နှင့် ဆေးခန်းသွားဖို့ အချိန်မပေးနိုင်လျှင် ချင်းတက်ကို ပါးပါးလှီးပြီး နားထင် နှစ်ဘက်တွင် ကပ်ပေးပါ ။ ဇက်။ ဂုတ်ကျီးပေါင်းရှိသူများ။ ကျီးပေါင်းရင့်၍ မူးသူ။

ဇက် ကို ခဲဆွဲ ကုသနေ ရသူများ သည် ဇက်ရင်း ကျီးပေါင်းဖုပေါ် တွင် ချင်းကို ပါးပါးလှီးပြီး ၄-၅ နေရာ ကပ်နိုင်ပါသည် ။ ချင်းတွင် အပူဓာတ် ရှိသည်။ အရောင်ကျစေသော သတ္တိလည်း ရှိသည်။ ပိုးကို သေစေနိုင်သော သတ္တိလည်း ထိုက်သင့်သလောက် ရှိပါသည်။

ချင်းသည်အပူဖြစ်သဖြင့် ကပ်ပြီး မိနစ်အနည်းငယ် အတွင်း အာနိသင် ပြပါသည်။ တစ်နာရီခန့် ကပ်ထားပါ။ အများဆုံး အလွန်ဆုံး ၂နာရီထကာပို၍ မကပ်သင့်ပါ။ တန်ဆေးလွန် ဘေးဖြစ်ပါသည်။ နေ့စဉ် ၁နာရီခန့်ကပ်ပေးနိုင်ပါသည် ။

နောက်တစ်နည်း။ခေါင်းသိပ်ကိုက်လျင် (ခေါင်းမကြာခဏ ကိုက်နေသူများအတွက် လက်တွေ နည်းလမ်းကောင်း)နည်းလေးက အမှန်လွယ်သလို တကယ်ပဲ ထိရောက်ပါသည်။ ထူးထူးထွေထွေ လုပ်စရာလည်း မလိုပါ။ လူတိုင်း လက်တွေ စမ်းကြည့် နိုင်တဲ့ နည်းပါ။

ခေါင်းတစ်ခြမ်း ကိုက်ပါက ကြက်သွန်ဖြူ တစ်ဥ၊ တစ်မွှာကို ခွာပြီး ထုထောင်းပါ ပြီးလျင် စက္ကူပါးလေးတွင် အစေးကို သုတ်လိမ်းပြီး ခေါင်းကိုက်သည့် နားထင်ဘက်တွင် ကပ်ထားလိုက်ပါ။ခေါင်းနှစ်ခြမ်းစလုံး ကိုက်ပါလျင် နားထင် နှစ်ဘက်လုံးကို စက္ကူပါးလေး ကပ်လိုက်ရုံပါပဲ။

ချက်ချင်းကို ချွေးတွေပွင့် ထွက်လာပြီး ခေါင်းကိုက်ခြင်း ဝေဒနာ သက်သာ ပျောက်ကင်း သွားပါလိမ့်မည်။ဆေးဝါး ဝယ်ယူရန် ခက်ခဲသူများ၊ ဆေးရုံဆေးခန်းပြရန် ခက်သူတိုအတွက် အလွန်သုံးဝင်ပြီး အိမ်တိုင်းတွင် ရှိနေတတ်သော ကြက်သွန်ဖြူလေး တစ်တက်သာ လိုပါသည်။

ခေါင်းကိုက်ခြင်းသည်က လူတိုင်းလိုလို ဖြစ်တတ်ကြပါ၍ ခေါင်းတစ်ခြမ်း ကိုက်ခြင်း၊ခေါင်းကိုက်ခြင်း တို့ဖြစ် ခဲ့ပါက လက်တွေ့နည်း ကြက်သွန်ဖြူ အစေးကို စက္ကူပါးလေးတွင် လူးပြီး နားထင်တွင် ကပ်ခြင်းဖြင့် စမ်းသပ်နိုင်ပါရန် လမ်းညွန်ပြ လိုက် ပါ သည် ။

Credit Original

Zawgyi

မ်က္႐ိုးကိုက္၊ ဇက္ေၾကာတက္ ၊ေခါင္းကိုက္ ပါက လွ်င္ျမန္စြာ သက္သာေပ်ာက္ကင္းရန္နည္းလမ္။ေခါင္းကိုက္။ နားထင္ကိုက္။ ဇက္ေၾကာတက္ မ်က္႐ိုးကိုက္။ အလုပ္တစ္ဘက္ႏွင့္ ေဆးခန္းသြားဖို႔ အခ်ိန္မေပးႏိုင္လွ်င္ ခ်င္းတက္ကို ပါးပါးလွီးၿပီး နားထင္ ႏွစ္ဘက္တြင္ ကပ္ေပးပါ ။ ဇက္။ ဂုတ္က်ီးေပါင္းရွိသူမ်ား။ က်ီးေပါင္းရင့္၍ မူးသူ။

ဇက္ ကို ခဲဆြဲ ကုသေန ရသူမ်ား သည္ ဇက္ရင္း က်ီးေပါင္းဖုေပၚ တြင္ ခ်င္းကို ပါးပါးလွီးၿပီး ၄-၅ ေနရာ ကပ္ႏိုင္ပါသည္ ။ ခ်င္းတြင္ အပူဓာတ္ ရွိသည္။ အေရာင္က်ေစေသာ သတၱိလည္း ရွိသည္။ ပိုးကို ေသေစႏိုင္ေသာ သတၱိလည္း ထိုက္သင့္သေလာက္ ရွိပါသည္။

ခ်င္းသည္အပူျဖစ္သျဖင့္ ကပ္ၿပီး မိနစ္အနည္းငယ္ အတြင္း အာနိသင္ ျပပါသည္။ တစ္နာရီခန႔္ ကပ္ထားပါ။ အမ်ားဆုံး အလြန္ဆုံး ၂နာရီထကာပို၍ မကပ္သင့္ပါ။ တန္ေဆးလြန္ ေဘးျဖစ္ပါသည္။ ေန႔စဥ္ ၁နာရီခန႔္ကပ္ေပးႏိုင္ပါသည္ ။

ေနာက္တစ္နည္း။ေခါင္းသိပ္ကိုက္လ်င္ (ေခါင္းမၾကာခဏ ကိုက္ေနသူမ်ားအတြက္ လက္ေတြ နည္းလမ္းေကာင္း)နည္းေလးက အမွန္လြယ္သလို တကယ္ပဲ ထိေရာက္ပါသည္။ ထူးထူးေထြေထြ လုပ္စရာလည္း မလိုပါ။ လူတိုင္း လက္ေတြ စမ္းၾကည့္ ႏိုင္တဲ့ နည္းပါ။

ေခါင္းတစ္ျခမ္း ကိုက္ပါက ၾကက္သြန္ျဖဴ တစ္ဥ၊ တစ္မႊာကို ခြာၿပီး ထုေထာင္းပါ ၿပီးလ်င္ စကၠဴပါးေလးတြင္ အေစးကို သုတ္လိမ္းၿပီး ေခါင္းကိုက္သည့္ နားထင္ဘက္တြင္ ကပ္ထားလိုက္ပါ။

ေခါင္းႏွစ္ျခမ္းစလုံး ကိုက္ပါလ်င္ နားထင္ ႏွစ္ဘက္လုံးကို စကၠဴပါးေလး ကပ္လိုက္႐ုံပါပဲ။ ခ်က္ခ်င္းကို ေခြၽးေတြပြင့္ ထြက္လာၿပီး ေခါင္းကိုက္ျခင္း ေဝဒနာ သက္သာ ေပ်ာက္ကင္း သြားပါလိမ့္မည္။

ေဆးဝါး ဝယ္ယူရန္ ခက္ခဲသူမ်ား၊ ေဆး႐ုံေဆးခန္းျပရန္ ခက္သူတိုအတြက္ အလြန္သုံးဝင္ၿပီး အိမ္တိုင္းတြင္ ရွိေနတတ္ေသာ ၾကက္သြန္ျဖဴေလး တစ္တက္သာ လိုပါသည္။ေခါင္းကိုက္ျခင္းသည္က လူတိုင္းလိုလို ျဖစ္တတ္ၾကပါ၍၊

ေခါင္းတစ္ျခမ္း ကိုက္ျခင္း၊ေခါင္းကိုက္ျခင္း တို႔ျဖစ္ ခဲ့ပါက လက္ေတြ႕နည္း ၾကက္သြန္ျဖဴ အေစးကို စကၠဴပါးေလးတြင္ လူးၿပီး နားထင္တြင္ ကပ္ျခင္းျဖင့္ စမ္းသပ္ႏိုင္ပါရန္ လမ္းၫြန္ျပ လိုက္ ပါ သည္ ။

Credit Original