MRTV-4 မင်းသမီးချောလေး တစ်ယောက်ဖြစ်တဲ့ ပိုးကြာဖြူခင်ကတော့ လတ်တလောမှာဆိုရင် ပြည်သူ့ပရိသတ်တွေနဲ့အတူ စိတ်ရောကိုယ်ပါ တက်တက်ကြွကြွနဲ့ ရပ်တည်ပေးတဲ့ အနုပညာတွေထဲမှာ တစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ပိုးကြာဖြူခင်တို့ မိသားစုကတော့ လမ်းမပေါ်က ပြည်သူတွေအတွက် တက်နိုင်တဲ့ဘက်နေ စားသောက်စရာလေးတွေကိုလည်း နေ့စဥ်ဆိုသလို လှူဒါန်းပေးနေတာလည်း တွေ့ရပါတယ်။
ယခုမှာတော့ အနုပညာရှင်တွေကြောင့် လမ်းမပေါ်မှာ ပြည်သူတွေသေဆုံးကြနေရတာဆိုပြီး ပြောဆိုနေကြတဲ့ လူတချို့ကို မင်းသမီးချောလေး ပိုးကြာဖြူခင်က ပြန်လည်ရှင်းပြလာခဲ့ပါတယ်။
ကျွန်မပြောမယ်နော် တချို့ တစ်ခန်းလွတ်နေတဲ့သူတွေ ကျွန်မ ပိုစ့်အောက်မှာ ကွန်မန့်တွေ လာလာရေးကြတယ် နင်တို့ အနုပညာရှင်တွေ ဖင်မယားကြနဲ့ နင်တို့ကြောင့် လူတွေ လမ်းထွက်လို့ သေကုန်ကြတာတဲ့ အမှန်တရားကို မြတ်နိုးတဲ့ ပြည်သူတွေက။
ကျွန်မတို့ ပြောမှထွက်ကြမဲ့သူတွေလား ကျွန်မတို့ ဆော်ဩမှ မဟုတ်ဘူး ကျွန်မတို့ကတောင် ပြည်သူတွေရဲ့ ဦးဆောင်မှု နောက်ကို အမှီမရမက လိုက်နေရတဲ့ သူတွေပါ ကျေးဇူးပြုပြီး လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွေကို မစော်ကားကြပါနဲ့ အခုချိန်မှာ မင်းသားတွေ မင်းသမီးတွေ ဘာတွေ
ညာတွေ ဆိုတာ အရေးကြီးတော့လို့လား။
ကျွန်မတို့အားလုံးက အတူတူပဲလေ အတူတိုက်ပွဲဝင်ကြတယ် ငိုလည်းအတူတူ ပျော်လည်း အတူတူပဲ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့အချိန် ကိုယ့်အသက်ကိုတောင်ကိုယ် ပြန်မကြည့်နိုင်တော့ဘူး အခုချိန်မှာ အားလုံးရဲရင့်နေကြတာကို Psycho လာမထည့်ကြပါနဲ့။
တစ်ချိန် အရေးတော်ပုံ အောင်မြင်သွားတဲ့အခါ အားလုံး စံစားကြရမှာပါ အဲ့ဒီ့အခါကျမှ ပြောဆိုနေကြသူတွေအားလုံး ကိုယ့်လိပ်ပြာကိုယ် လုံနိုင်ကြပါစေ” ဆိုပြီး ရေးသားဖော်ပြထားပါတယ်။
ကဲ ပရိသတ်ကြီးရေ အနုပညာရှင်တွေကြောင့် ပြည်သူတွေ သေဆုံးရတယ်ဆိုပြီး ပြောနေတဲ့အပေါ် ပြန်လည်ရှင်းပြထားတဲ့ ပိုးကြာဖြူခင်ရဲ့ ရေးသားထားတဲ့ စာလေးကို ကူးယူဖော်ပြပေးလိုက်ပါတယ်။
Credit Original Writer