Local News

“ သံအမတ်ကြီးဦးကျော်မိုးထွန်းသာ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်အဖြစ် ဆက်လက်တည်ရှိ ”

သံအမတ်ကြီးဦးကျော်မိုးထွန်းသာ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်အဖြစ် ဆက်လက်တည်ရှိ ၁။ တရားမဝင် အာဏာသိမ်းစစ်ကောင်စီအား ဖီဆန်လျှက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံတွင်

ပြည်သသလူထုကြီးတစ်ရပ်လုံးနှင့် ပြည်သူ့ရွေးကောက်ခံအစိုးရတို့ကိုယ်စားရပ်တည်ပေးသည့် နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းအား မြန်မာပြည်သူများ ကိုယ်စားမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

၂။နိုင်ငံတော်၏ အချုပ်အခြာအာဏာအား အဓ္ဓမနည်းဖြင့် သိမ်းယူထားသောတရာမဝင်စစ်ကောင်စီနှင့် ၎င်း၏ထုတ်ပြန်ချက်များ၊ညွှန်ကြားချက်နှင့်အမိန့်ကြော့်ငာစာများသည် တရားဥပဒေနှင့်ကိုက်ညီမှုမရှိကြောင်းပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ( CRPH )ကထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

၃။ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ တည်စဲအစိုးရမှာ သမ္မဦးဝင်းမြင့်ဦးဆောင်သည့် အစိုးရသာဖြစ်သည်။ကမ္ဘာ့ကုလသမဂ္ဂ၏ တရားဝင်ထုတ်ပြန်သည့်အင်တာနက်စာမျက်နှာများတွင်မြန်မာနိုင်ငံ၏နိုင်ငံတော်သမ္မတဦးဝင်းမြင့်အဖြစ်လည်းကောင်း၊

နိုင်ငံခြားရေးဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည်အဖြစ်လည်းကောင်း ယနေ့တိုင်ဖော်ပြလျှက်ရှိပါသည်။ထို့ကြောင့်အာဏာသိမ်းစစ်ကောင်စီအားကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းမှ အသိအမှတ်မပြုသည်မှာထင်ရှားပါသည်။

၄။သို့ဖြစ်ပါ၍တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ဥပဒေနှင့်ကိုက်ညီမှုမရှိသောအမိန့်ကြော်ငြာစာများသည်ကမ္ဘာ့ကုလသမဂ္ဂ၏စည်းမျဉ်းစည်းကမ်းလုပ်ထုံးလုပ်နည်းများကို

လွှမ်းမိုးပယ်ပျက်ခြင်း မပြုနိုင်ရုံမျှမကပြည်သူ့အစိုးရကိုယ်စားလှယ်ဖြစ်သောသံအမတ်ကြီး ဦးကျော်မိုးထွန်း၏တရားဝင်မူကိုလည်း မည်သို့မျှထိခိုကိစေမှုမရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

Source CRPH

Credit