Local News

GEN Z တယောက်လို အပြိုင်ဖိုက်နိုင်တဲ့စွမ်းရည်တွေကြောင့် ပရိတ်သတ်တွေ သဘောကျနေတဲ့ ထွန်းကိုကို





Credit

Unicode Version

Gen Z တယောက်လို အပြိုင်ဖိုက်နိုင်တဲ့စွမ်းရည်တွေကြောင့် ပရိတ်သတ်တွေ သဘောကျနေတဲ့ ထွန်းကိုကိုထွန်းကိုကိုကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးပြည်သူ ပရိသတ်တွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတာဖြစ်ပြီး။

လှုပ်ရှားမှု ပုံလေးတွေကိုလည်း ဖေ့ဘွတ်စာမျက်နှာထက်မှာတင်ပေးလေ့ရှိတာတွေ့ရပါတယ်။ဒါ့အပြင် ထွန်းကိုကိုက ဦးကျော်သူတို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အဖွဲ့သားတွေနဲ့အတူ။

လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့သလို ပြည်သူတွေအတွက်အစားအသောက်တွေ ဝေငှပေးခဲ့တာလည်း ဖြစ်ပါတယ်။ဒါ့အပြင် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အစားအသောက်တွေကိုလည်း တက်နိုင်တဲ့ဘက်ကနေ လိုက်လံကာလှူဒါန်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ပဲခူးသားဖြစ်တာကြောင့် ပဲခူးကပြည်သူလူထုကိုရှေ့ကဦးဆောင်ကာငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေကိုလည်း ပြုလုပ်လျက်ရှိပါတယ်။

အခုလည်း ဆန္ဒပြပြည်သူတွေ စိတ်ခွန်အားတက်ကြွစေရန်တီးဝိုင်းမှာကိုယ်တိုင်ပါဝင်တီးခတ်ကာဖျော်ဖြေပေးရင်း ဆန္ဒထုတ်ဖော်ခဲ့ပြန်ပါသေးတယ်။မမောမပန်းနိုင်အောင် မျိုးစုံလူထုလှုပ်ရှားမှုမှာ ပါဝင်အားဖြည့်ပေးနေတာတကယ်ကိုလေးစားမိတာကြောင့် ထွန်းကိုကိုရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

Credit