Knowledge

ဒီအချက်တွေသာရှိမယ်ဆိုရင် သင်ဟာ ပုရိသတွေအမြင်မှာ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်ပါ

ဒီအချက်တွေရှိရင် သင်ဟာ ပုရိသတွေအမြင်မှာ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်ပါသင်ဟာ ယောကျ်ားလေးတွေရဲ့ အမြင်မှာ ဆွဲဆောင်မှုရှိသူတစ်ဦး ဟုတ်မဟုတ်ဆိုတာ အောက်ကအချက်လေးတွေ ကနေတစ်ဆင့် သိလို့ရပါတယ်နော်။

အချက်တော်တော်များများနဲ့ ကိုက်ညီနေရင်တော့ သင်ဟာ အင်မတန်ကိုမှ စွဲဆောင်မှုရှိသူ တစ်ယောက်ပါ။သင့်ကိုယ်သင်ဆွဲဆောင်မှုရှိတာကို သိရင်လည်း ဘဝင်မြင့်တာ၊ မာနကြီးတာမျိုး လုံးဝမလုပ်ပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်။

(၁) လူတိုင်းသင့်ကိုကြည့်တယ်သင်ရောက်တဲ့နေရာတိုင်း၊ သွားတဲ့နေရာတိုင်းမှာ လူတိုင်းနီးပါးကို သင့်ကိုကြည့်ကြတယ်။ သင့်ဘာသာ သင်နေတာကို အလိုလိုနေသင့်ကို လူတိုင်းက သတိထားမိနေတယ်၊ လူတိုင်းက သင့်ကိုအာရုံစိုက်နေကြတယ် ဆိုရင်တော့ သင့်ကိုယ်သင် ဆွဲဆောင်မှုရှိလွန်းတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ဂုဏ်ယူလိုက်ပါ။

(၂) ကောင်လေးတွေသင့်ကိုပြုံးပြတယ်။သင်နဲ့မသိတဲ့ကောင်လေးတွေကအစ သင့်ကို ခဏခဏပြုံးပြကြတယ်ဆိုရင် သင်က တော်တော်လေးကို ဆွဲဆောင်မှုရှိတဲ့သူ မို့လို့ပါသင်ရောက်လေရာနေရာတိုင်းမှာ ယောကျ်ားလေးတွေရဲ့ ဦးစားပေးမှု၊ ကောင်းမွန်စွာ ဆက်ဆံမှုတွေကို အမြဲတမ်းခံနေရတယ်ဆိုရင် သင်ဟာ အရမ်းကို ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက် ဖြစ်နေလို့ပါ။

(၃) ချောတဲ့ကောင်မလေးတွေကိုသိပ်ကြည့်မရဘူး။သင့်ကို တစ်ယောက်ယောက်နဲ့ နှိုင်းတာပဲဖြစ်ဖြစ်၊ သင့်လိုပဲ ဆွဲဆောင်မှုရှိတဲ့ တခြားကောင်မလေးတွေနဲ့ တစ်ခန်းတည်း တူတူ ရှိနေရင်ပဲ ဖြစ်ဖြစ် သူ့ကို သိပ်ကြည့်လို့မရတတ်ပါဘူး။

မနာလိုဖြစ်တာတော့ မဟုတ်ပေမယ့် သူ့ကိုယ်သူ ယုံကြည်မှု ရှိတဲ့ပုံစံက ဘဝင်မြင့်တဲ့ ပုံစံလို သင့်အမြင်မှာ ဖြစ်သွားတတ်လို့ပါ။ပြီးတော့ သင်ဟာလည်းသူနဲ့ ယှဉ်ရင်နည်းနည်းလေးမှ အလှမလျော့ဘူးဆိုတဲ့ မာနလေးရှိနေတာကြောင့်ပါ။

(၄) ဆံပင်သပ်ကြတယ်။သင့်အနားမှာရှိနေရင် ယောကျ်ားလေးတော်တော်များများ၊ ဆံပင်သပ်ကြမှာဖြစ်တယ်။ ဒါမှမဟုတ်ရင်လည်း သူတို့ရဲ့ မျက်နှာအစိတ်အပိုင်းတစ်ခုခုကို ကိုင်နေတာမျိုးတွေ လုပ်တတ်ကြပါတယ်။ ဒါဆိုရင်တော့ သူ့မျက်လုံးထဲမှာ သင်ဟာ ဆွဲဆောင်မှုရှိလွန်းတာကြောင့် သင့်ကို ရှိန်နေတာဖြစ်ပါတယ်။

(၅) အိမ်ပြန်လိုက်ပို့တဲ့သူတစ်ယောက်တော့အမြဲရှိတယ်။သင်ဟာ ဆွဲဆောင်မှုရှိလွန်းတဲ့ အတွက်ကြောင့် ယောကျ်ားလေးတော်တော်များများက သင့်အနားမှာ အချိန်ကြာကြာ ပိုနေချင်ကြပါတယ်သင်တို့တွေ့ဆုံတာ၊ စကားပြောတာတွေ လုပ်ပြီးသွားရင်တောင် သင့်ကို လိုက်ပို့ချင်ကြဦးမှာပါ။ ဒါဆိုရင်တော့ သင်ဟာ အရမ်းကို ဆွဲဆောင်မှုရှိတဲ့သူမို့လို့ပါ။

Credit Original