Local News

အင်တာနက်သုံးစွဲမှုကိုထိန်းချုပ်ရန် တရုတ်ပုံစံအင်တာနက် Firewall ကမ္ဘောဒီးယားအစိုးရ တည်ဆောက်မည်

ဖနွမ်းပင်၊ ဖေဖေါ်ဝါရီ ၁၇အင်တာနက်သုံးစွဲမှုကိုထိန်းချုပ်ရန် တရုတ်ပုံစံအင်တာနက် Firewall ကမ္ဘောဒီးယားအစိုးရ တည်ဆောက်မည်ဖနွမ်းပင်၊ ဖေဖေါ်ဝါရီ ၁၇
ကမ္ဘောဒီးယားအစိုးရက အင်တာနက်သုံးစွဲမှုကို ထိန်းချုပ်ရန် တရုတ်ပုံစံ Firewall များ တည်ဆောက်သွားမည် ဖြစ်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

ကမ္ဘောဒီးယားအစိုးရက အမျိုးသားအင်တာနက် Gateway တစ်ခု တည်ဆောက်၍ အင်တာနက်ဆက်သွယ်ရေးကို ထိန်းချုပ်ရန်ကြိုးပမ်းခြင်းသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းချုပ်ခြင်း ဖြစ်ကြောင်း တက်ကြွလှုပ် ရှားသူများက ပြောကြားထားသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် လွန်ခဲ့သည့်နှစ်ပိုင်းအတွင်း အင်တာနက်သုံးစွဲမှု တိုးမြှင့်လာခဲ့ရာ အစိုးရက အင်တာနက် အွန်လိုင်းမှတစ်ဆင့် အစိုးရဆန့်ကျင်သူများကို ဖြိုခွဲရန် ယခုကဲ့သို့ အင်တာနက်ဂိတ်ဝေးတစ်ခု တည်ဆောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ကမ္ဘောဒီးယားအစိုးရက တပ်ဆင်မည့် အင်တာနက်ဂိတ်ဝေးမှာ နိုင်ငံတွင်း သုံးစွဲသည့် အင်တာနက်လိုင်းအားလုံးကို ယင်းလိုင်းတစ်ခုတည်းမှာ ဖြတ်သန်းသွားမည်ဖြစ်ပြီး ယင်းသို့ပြုလုပ်ခြင်းဖြင့် အွန်လိုင်းရာဇဝတ်မှုများနှင့် အမျိုးသား အကျိုးစီးပွားကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်Phay Siphanကပြောကြားသည်။

ထို့ပြင် ကမ္ဘောဒီးယားအစိုးရကို ပုန်ကန်လိုသည် အင်တာနက်သုံးစွဲသူများကိုလည်း ကမ္ဘောဒီးယားအစိုးရက ဖျက်ဆီးသွားမည်ဟု ကမ္ဘောဒီးယားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်Phay Siphanက AFP သတင်းဌာနကို ပြောကြားသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်လက်မှတ်ရေးထားထားသည့် အမိန့်ဒီကရီတစ်စိတ်တစ်ပိုင်းကို AFP သတင်းဌာနက ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့တွင် ရရှိခဲ့ရာ ယင်းဒီကရီ၌ “နိုင်ငံ့အခွန် ကောက်ခံခြင်း၊ အမျိုးသားလုံခြုံရေးကို ကာကွယ်ခြင်းနှင့် လူမှုရေးအစီအစဉ်ကို ထိန်းသိမ်းခြင်းများကို တိုးမြှင့်တည်ဆောက်ရန် ရည်ရွယ်၍ အမျိုးသားအင်တာနက်ဂိတ်ဝေးက အင်တာနက် ဆက်သွယ်မှုကို ထိန်းချုပ်သွားမည် ဟု ဖော်ပြထားသည်။

ထို့ပြင် အင်တာနက်ဂိတ်ဝေးလုပ်ငန်း လုပ်ဆောင်သူများသည် မည်သည့် အင်တာနက်ဆက်သွယ်ရေးကိုမဆို ပိတ်ပင်ခြင်း၊ အင်တာနက်ဆက်သွယ်မှုကို ဖြတ်တောက်ခြင်းလုပ်ရပ်များနှင့် ပတ်သက်၍ ကမ္ဘောဒီးယားအစိုးရက လက်တွဲ အလုပ်လုပ်ရန် အဆိုပါ အမိန့်ဒီကရီတွင် ညွှန်ကြားထားသည်။

ထို့ပြင် အဆိုပါဂိတ်ဝေး အော်ပရေတာသည် အင်တာနက်သုံးစွဲမှုအခြေအနေနှင့် ပတ်သက်၍ ကမ္ဘောဒီးယား အစိုးရထံသို့ ပုံမှန်အစီရင်ခံစာတင်ရမည် ဖြစ်သည်။
ကမ္ဘောဒီးယားအစိုးရတည်ဆောက်မည့် အမျိုးသားအင်တာနက် ဂိတ်ဝေးသည် လူများ၏ အင်တာနက်ဆက်သွယ်ရေးကို ကြားဖြတ်ဝင်ရောက်၍ ။

ကိုယ်ရေးအချက်အလက်မျာကို ရယူခြင်း၊ ဆင်ဆာဖြတ်တောက်ခြင်းများမှတစ်ဆင့် လူအများအပြားကို စုံစမ်းထောက်လှမ်းရာတွင် အထောက်အကူပေးဖွယ်ရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံရှိ လူ့အခွင့်အရေး အဖွဲ့တစ်ဖွဲ့ဖြစ်သော Cambodia Centre for Human Rights ၏အမှုဆောင် ဒါရိုက်တာChak Sopheapကပြောကြားသည်။

ကမ္ဘောဒီးယားအစိုးရသည် ၂၀၁၇ ခုနှစ်က အဓိကျသည့် အတိုက်အခံပါတီ တစ်ခုကို ဖျက်သိမ်းပစ်ခဲ့သည်။အင်တာနက်သုံးစွဲမှုကိုထိန်းချုပ်ရန် တရုတ်ပုံစံအင်တာနက် Firewall ကမ္ဘောဒီးယားအစိုးရ တည်ဆောက်မည်ဖနွမ်းပင်။

ဖေဖေါ်ဝါရီ ၁၇ကမ္ဘောဒီးယားအစိုးရက အင်တာနက်သုံးစွဲမှုကို ထိန်းချုပ်ရန် တရုတ်ပုံစံ Firewall များ တည်ဆောက်သွားမည် ဖြစ်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။ကမ္ဘောဒီးယားအစိုးရက အမျိုးသားအင်တာနက် Gateway တစ်ခု တည်ဆောက်၍ အင်တာနက်ဆက်သွယ်ရေးကို ထိန်းချုပ်ရန်ကြိုးပမ်းခြင်းသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းချုပ်ခြင်း ဖြစ်ကြောင်း တက်ကြွလှုပ် ရှားသူများက ပြောကြားထားသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် လွန်ခဲ့သည့်နှစ်ပိုင်းအတွင်း အင်တာနက်သုံးစွဲမှု တိုးမြှင့်လာခဲ့ရာ အစိုးရက အင်တာနက် အွန်လိုင်းမှတစ်ဆင့် အစိုးရဆန့်ကျင်သူများကို ဖြိုခွဲရန် ယခုကဲ့သို့ အင်တာနက်ဂိတ်ဝေးတစ်ခု တည်ဆောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဒီးယားအစိုးရက တပ်ဆင်မည့် အင်တာနက်ဂိတ်ဝေးမှာ နိုင်ငံတွင်း သုံးစွဲသည့် အင်တာနက်လိုင်းအားလုံးကို ယင်းလိုင်းတစ်ခုတည်းမှာ ဖြတ်သန်းသွားမည်ဖြစ်ပြီး ယင်းသို့ပြုလုပ်ခြင်းဖြင့် အွန်လိုင်းရာဇဝတ်မှုများနှင့် အမျိုးသား အကျိုးစီးပွားကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်Phay Siphanကပြောကြားသည်။

ထို့ပြင် ကမ္ဘောဒီးယားအစိုးရကို ပုန်ကန်လိုသည် အင်တာနက်သုံးစွဲသူများကိုလည်း ကမ္ဘောဒီးယားအစိုးရက ဖျက်ဆီးသွားမည်ဟု ကမ္ဘောဒီးယားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်Phay Siphanက AFP သတင်းဌာနကို ပြောကြားသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်လက်မှတ်ရေးထားထားသည့် အမိန့်ဒီကရီတစ်စိတ်တစ်ပိုင်းကို AFP သတင်းဌာနက ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့တွင် ရရှိခဲ့ရာ ယင်းဒီကရီ၌ “နိုင်ငံ့အခွန် ကောက်ခံခြင်း၊ အမျိုးသားလုံခြုံရေးကို ကာကွယ်ခြင်းနှင့်။

လူမှုရေးအစီအစဉ်ကို ထိန်းသိမ်းခြင်းများကို တိုးမြှင့်တည်ဆောက်ရန် ရည်ရွယ်၍ အမျိုးသားအင်တာနက်ဂိတ်ဝေးက အင်တာနက် ဆက်သွယ်မှုကို ထိန်းချုပ်သွားမည်” ဟု ဖော်ပြထားသည်။

ထို့ပြင် အင်တာနက်ဂိတ်ဝေးလုပ်ငန်း လုပ်ဆောင်သူများသည် မည်သည့် အင်တာနက်ဆက်သွယ်ရေးကိုမဆို ပိတ်ပင်ခြင်း၊ အင်တာနက်ဆက်သွယ်မှုကို ဖြတ်တောက်ခြင်းလုပ်ရပ်များနှင့် ပတ်သက်၍ ကမ္ဘောဒီးယားအစိုးရက လက်တွဲ အလုပ်လုပ်ရန် အဆိုပါ အမိန့်ဒီကရီတွင် ညွှန်ကြားထားသည်။

ထို့ပြင် အဆိုပါဂိတ်ဝေး အော်ပရေတာသည် အင်တာနက်သုံးစွဲမှုအခြေအနေနှင့် ပတ်သက်၍ ကမ္ဘောဒီးယား အစိုးရထံသို့ ပုံမှန်အစီရင်ခံစာတင်ရမည် ဖြစ်သည်
ကမ္ဘောဒီးယားအစိုးရတည်ဆောက်မည့် အမျိုးသားအင်တာနက် ဂိတ်ဝေးသည် လူများ၏ အင်တာနက်ဆက်သွယ်ရေးကို ကြားဖြတ်ဝင်ရောက်၍ ကိုယ်ရေးအချက်အလက်မျာကို ရယူခြင်း၊

ဆင်ဆာဖြတ်တောက်ခြင်းများမှတစ်ဆင့် လူအများအပြားကို စုံစမ်းထောက်လှမ်းရာတွင် အထောက်အကူပေးဖွယ်ရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံရှိ လူ့အခွင့်အရေး အဖွဲ့တစ်ဖွဲ့ဖြစ်သောCambodia Centre for Human Rights ၏အမှုဆောင် ဒါရိုက်တာChak Sopheapကပြောကြားသည်။ကမ္ဘောဒီးယားအစိုးရသည် ၂၀၁၇ ခုနှစ်က အဓိကျသည့် အတိုက်အခံပါတီ တစ်ခုကို ဖျက်သိမ်းပစ်ခဲ့သည်။

Credit