Knowledge

ချစ်သူတွေ ကျော်ဖြတ်ရတဲ့အဆင့် (၇)ဆင့်

ချစ်သူတွေ ကျော်ဖြတ်ရတဲ့အဆင့် (၇)ဆင့်ချစ်သူရှိတဲ့သူများသာ ဖတ်ရန်ဖတ်မိတာ တော်တော်သဘောကျလို့ သူငယ်ချင်းလည်း ဖတ်ရအောင်ဝေမျှတယ် တိုက်ကြည့် ရအောင်နော်အဆင့် ၁။ အရူးအမူးဖြစ်ကြတဲ့ အဆင့်ဒါကတော့ ချစ်သူတိုင်းကြုံတွေ့ရတဲ့ ပထမဦးဆုံး အဆင့်ပါ။ဒီအဆင့်မှာ ချစ်သူတွေဟာ တစ်ယောက်ကို တစ်ယောက် အရမ်းဆွဲဆောင်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အပြစ်မမြင်ကြဘဲ ကိုယ့်ချစ်သူရဲ့ကောင်းကွက်တွေပဲ ကွက်မြင်ကြတဲ့ အဆင့်ပေါ့။

အဆင့် ၂။ နားလည်မှုရလာတဲ့ အဆင့်ဒီအဆင့်မှာတော့ တစ်ယောက် အကြောင်း တစ်ယောက်ပို သိလာကြပြီ။ ညဘက်တွေဆို ချစ်သူနဲ့ ဖုန်းတွေ အကြာကြီးပြောမယ်။ မိသားစု အကြောင်းတွေ၊ ရည်းစားဟောင်း အကြောင်းတွေ၊

လျို့ဝှက်ချက်တွေ အကုန်ပြောမယ်။ပြီးရင် ချစ်သူဆီ ကလာတဲ့ မက်ဆေ့ချ်တိုင်းက ကိုယ့်အတွက် ချိုမြိန်နေမယ်။ ပျော်ရွင်စရာ အချိန်လေးတွေပေါ့။အဆင့် ၃။ အနှောင့်အယှက်ဝင်တဲ့ အဆင့်ဒီအဆင့်ရောက်တဲ့အခါ မှာတော့ ပြသနာလေးတွေ နည်းနည်းစလာပြီ။ကိုယ့်ချစ်သူနဲ့ ပထမဦးဆုံး ရန်စဖြစ်ကြတဲ့အချိန်လေးတို့၊ စကားများပြီး စိတ်ကောက်ကြတဲ့ အချိန်လေးတို့ကို ပြန်မြင်ယောင်ကြည့်ပေါ့။ ဒါပေမယ့် အဲ့အနှောင့်အယှက်လေးတွေက လွယ်လွယ်နဲ့ ပြီးသွားတာလေးတွေပါပ ဲ။

အဆင့် ၄။ ပုံသွင်းတဲ့ အဆင့်ဒီအဆင့်မှာက တစ်ယောက်နဲ့တစ်ယောက် အကျင့်စရိုက်လေးတွေကို ဟိုဟာလေးပြင်သင့်တယ်၊ ဒီဟာတော့ မလုပ်ရဘူးလို့ပြောလာပြီ။ ချုပ်ချယ်တာတွေ၊ ဆုံးမတာလေးတွေ လုပ်လာပြီပေါ့။အဲ့လိုဖြစ်လာပြီဆိုရင် ကိုယ့်ချစ်သူက စိတ်ညစ် လာတာပဲဖြစ်ဖြစ်၊ နှစ်ယောက်ကြားကအချစ်က အရှိန်မြင့် လာတာ ပဲဖြစ်ဖြစ်၊ အကျိုးသက်ရောက်မှုလေးတော့ စရှိလာပြီ။

အဆင့် ၅။ ပြန်လည်ကြည်နူးခြင်းအဆင့်ဒီအဆင့်ရောက်ရင်တော့ အခြေအနေတော်တော်လေး ကောင်းလာပြီ။ ပြီးတော့ တော်တော်များများကို လည်းဖြတ်ကျော်ပြီးသွားပြီဆိုတော့ ကိုယ့်ချစ်သူနဲ့ တော်တော် အဆင်ပြေသွားပြီ။ဘယ်တော့မှ မခွဲတော့ဘူးတို့ ဘာတို့ စပြောတဲ့ အချိန်ပေါ့။

အဆင့် ၆။ ဂြိုလ်ဆိုးဝင်တဲ့ အဆင့်ဒီအချိန်မှာတော့ သံသယတွေ၊ ပြသနာပေါင်းစုံေ တွစလာပြီ။ နည်းနည်းလေးမတွေ့ရလိုက်တာနဲ့ ဘေးလူတွေ ကပြောတဲ့ ကိုယ့်ချစ်သူရဲ့ မဟုတ်တဲ့ အကြောင်းတွေကြားပြီး ရန်တွေ အကြီးအကျယ်ဖြစ်ပြီ။

ဒီအဆင့်မှာ တတိယလူဝင် လာတာတွေရော၊ မိဘရဲ့ နှောင့်ယှက်မှုတွေရော ၊သူငယ်ချင်းတွေက အမြင်မကြည်ခံရတာတွေရော၊ အကုန်ပါလာပြီ။အခန့်မသင့်တာနဲ့လမ်းခွဲရနိုင်တဲ့အဆင့်ပေါ့။

အဆင့် ၇။ တည်ငြိမ် ရင့်ကျက်သွားတဲ့ အဆင့်ဒါကတော့ ချစ်သူတို့အတွက် အကောင်းဆုံး အဆင့်ရောက်သွားပြီလို့ပြောရမလားပဲ။ ဒီအဆင့်ရောက်လာပြီ ဆိုရင် တော်တော်လည်း နှစ်ယောက်စလုံးရဲ့အချစ်က တည်ငြိမ်သွားပြီ၊

ပြသနာတွေဝင်လာရင်လည်း တစ်ယောက်ယောက်က တောင်းပန်လိုက်တာနဲ့ ချက်ချင်းအဆင်ပြေသွားကြပြီ။ ဘာအခက်အခဲတွေလာလာ ရင်ဆိုင်နိုင် သွားကြပြီပေါ့။ ဒီအချိန်မှာတော့ ချစ်သူနှစ်ဦးဟာ လွယ်လွယ်နဲ့မပြတ်ကြတော့ပါဘူး။

ကဲ အဲ့ဒီအဆင့်လေးတွေကို ဖတ်ပြီးရင် ကိုယ့်ကိုယ်ကို အခုဘယ်အဆင့်မှာ ရောက်နေလဲ ဆိုတာကို သတိထားပြီးချစ်သူနဲ့ အတူတူလက်တွဲကျော်ဖြတ် နိုင်အောင်ကြိုးစားပေါ့။ပြီးတော့ ဒီအဆင့်လေးတွေကို လှေကားထစ်လေးတွေလို့ သဘောထားပြီး ချစ်သူတိုင်း မျှော်လင့်တဲ့ ပျော်ရွင်ကြည်နူးဖွယ်ရာ အချစ်ဘဝလေးကို ရောက်အောင်သွားနိုင် ကြပါစေ။

ပြဿနာတွေတော့ရှိမှာပဲ၊ အဖုအထစ်လေးတွေတွေ့မှာပဲ။ဒါပေမယ့် ကိုယ့်ချစ်သူနဲ့ အတူတူ အချစ်သစ်ပင်လေးကို စိမ်းလန်းစိုပြေအောင်ထားနိုင်သရွေ့တော့ အရာအားလုံးအဆင်ပြေ ချောမွေ့နေမှာပါ။

Credit Shwe Eain Si

Zawgyi

ခ်စ္သူေတြ ေက်ာ္ျဖတ္ရတဲ့အဆင့္ (၇)ဆင့္ ( ခ်စ္သူရွိတဲ့သူမ်ားသာ ဖတ္ရန္ဖတ္မိတာ ေတာ္ေတာ္သေဘာက်လို႔ သူငယ္ခ်င္းလည္း ဖတ္ရေအာင္ေဝမွ်တယ္ တိုက္ၾကည့္ ရေအာင္ေနာ္အဆင့္ ၁။ အ႐ူးအမူးျဖစ္ၾကတဲ့ အဆင့္ဒါကေတာ့ ခ်စ္သူတိုင္းႀကဳံေတြ႕ရတဲ့ ပထမဦးဆုံး အဆင့္ပါ။ဒီအဆင့္မွာ ခ်စ္သူေတြဟာ တစ္ေယာက္ကို တစ္ေယာက္ အရမ္းဆြဲေဆာင္ၾကပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္အျပစ္မျမင္ၾကဘဲ ကိုယ့္ခ်စ္သူရဲ႕ေကာင္းကြက္ေတြပဲ ကြက္ျမင္ၾကတဲ့ အဆင့္ေပါ့။

အဆင့္ ၂။ နားလည္မႈရလာတဲ့ အဆင့္ဒီအဆင့္မွာေတာ့ တစ္ေယာက္ အေၾကာင္း တစ္ေယာက္ပို သိလာၾကၿပီ။ ညဘက္ေတြဆို ခ်စ္သူနဲ႔ ဖုန္းေတြ အၾကာႀကီးေျပာမယ္။ မိသားစု အေၾကာင္းေတြ၊ ရည္းစားေဟာင္း အေၾကာင္းေတြ၊ လ်ိဳ႕ဝွက္ခ်က္ေတြ အကုန္ေျပာမယ္။

ၿပီးရင္ ခ်စ္သူဆီ ကလာတဲ့ မက္ေဆ့ခ်္တိုင္းက ကိုယ့္အတြက္ ခ်ိဳၿမိန္ေနမယ္။ ေပ်ာ္႐ြင္စရာ အခ်ိန္ေလးေတြေပါ့။အဆင့္ ၃။ အေႏွာင့္အယွက္ဝင္တဲ့ အဆင့္ဒီအဆင့္ေရာက္တဲ့အခါ မွာေတာ့ ျပသနာေလးေတြ နည္းနည္းစလာၿပီ။ကိုယ့္ခ်စ္သူနဲ႔ ပထမဦးဆုံး ရန္စျဖစ္ၾကတဲ့အခ်ိန္ေလးတို႔၊ စကားမ်ားၿပီး စိတ္ေကာက္ၾကတဲ့ အခ်ိန္ေလးတို႔ကို ျပန္ျမင္ေယာင္ၾကည့္ေပါ့။ ဒါေပမယ့္ အဲ့အေႏွာင့္အယွက္ေလးေတြက လြယ္လြယ္နဲ႔ ၿပီးသြားတာေလးေတြပါပ ဲ။

အဆင့္ ၄။ ပုံသြင္းတဲ့ အဆင့္ဒီအဆင့္မွာက တစ္ေယာက္နဲ႔တစ္ေယာက္ အက်င့္စ႐ိုက္ေလးေတြကို ဟိုဟာေလးျပင္သင့္တယ္၊ ဒီဟာေတာ့ မလုပ္ရဘူးလို႔ေျပာလာၿပီ။ ခ်ဳပ္ခ်ယ္တာေတြ၊ ဆုံးမတာေလးေတြ လုပ္လာၿပီေပါ့။အဲ့လိုျဖစ္လာၿပီဆိုရင္ ကိုယ့္ခ်စ္သူက စိတ္ညစ္ လာတာပဲျဖစ္ျဖစ္၊ ႏွစ္ေယာက္ၾကားကအခ်စ္က အရွိန္ျမင့္ လာတာ ပဲျဖစ္ျဖစ္၊ အက်ိဳးသက္ေရာက္မႈေလးေတာ့ စရွိလာၿပီ။

အဆင့္ ၅။ ျပန္လည္ၾကည္ႏူးျခင္းအဆင့္ဒီအဆင့္ေရာက္ရင္ေတာ့ အေျခအေနေတာ္ေတာ္ေလး ေကာင္းလာၿပီ။ ၿပီးေတာ့ ေတာ္ေတာ္မ်ားမ်ားကို လည္းျဖတ္ေက်ာ္ၿပီးသြားၿပီဆိုေတာ့ ကိုယ့္ခ်စ္သူနဲ႔ ေတာ္ေတာ္ အဆင္ေျပသြားၿပီ။ဘယ္ေတာ့မွ မခြဲေတာ့ဘူးတို႔ ဘာတို႔ စေျပာတဲ့ အခ်ိန္ေပါ့

အဆင့္ ၆။ ၿဂိဳလ္ဆိုးဝင္တဲ့ အဆင့္ဒီအခ်ိန္မွာေတာ့ သံသယေတြ၊ ျပသနာေပါင္းစုံေ တြစလာၿပီ။ နည္းနည္းေလးမေတြ႕ရလိုက္တာနဲ႔ ေဘးလူေတြ ကေျပာတဲ့ ကိုယ့္ခ်စ္သူရဲ႕ မဟုတ္တဲ့ အေၾကာင္းေတြၾကားၿပီး ရန္ေတြ အႀကီးအက်ယ္ျဖစ္ၿပီ။

ဒီအဆင့္မွာ တတိယလူဝင္ လာတာေတြေရာ၊ မိဘရဲ႕ ေႏွာင့္ယွက္မႈေတြေရာ ၊သူငယ္ခ်င္းေတြက အျမင္မၾကည္ခံရတာေတြေရာ၊ အကုန္ပါလာၿပီ။အခန႔္မသင့္တာနဲ႔လမ္းခြဲရႏိုင္တဲ့အဆင့္ေပါ့။

အဆင့္ ၇။ တည္ၿငိမ္ ရင့္က်က္သြားတဲ့ အဆင့္ဒါကေတာ့ ခ်စ္သူတို႔အတြက္ အေကာင္းဆုံး အဆင့္ေရာက္သြားၿပီလို႔ေျပာရမလားပဲ။ ဒီအဆင့္ေရာက္လာၿပီ ဆိုရင္ ေတာ္ေတာ္လည္း ႏွစ္ေယာက္စလုံးရဲ႕အခ်စ္က တည္ၿငိမ္သြားၿပီ၊ျပသနာေတြဝင္လာရင္လည္း တစ္ေယာက္ေယာက္က ေတာင္းပန္လိုက္တာနဲ႔ ခ်က္ခ်င္းအဆင္ေျပသြားၾကၿပီ။

ဘာအခက္အခဲေတြလာလာ ရင္ဆိုင္ႏိုင္ သြားၾကၿပီေပါ့။ ဒီအခ်ိန္မွာေတာ့ ခ်စ္သူႏွစ္ဦးဟာ လြယ္လြယ္နဲ႔မျပတ္ၾကေတာ့ပါဘူး။ကဲ အဲ့ဒီအဆင့္ေလးေတြကို ဖတ္ၿပီးရင္ ကိုယ့္ကိုယ္ကို အခုဘယ္အဆင့္မွာ ေရာက္ေနလဲ ဆိုတာကို သတိထားၿပီးခ်စ္သူနဲ႔ အတူတူလက္တြဲေက်ာ္ျဖတ္ ႏိုင္ေအာင္ႀကိဳးစားေပါ့။ၿပီးေတာ့ ဒီအဆင့္ေလးေတြကို ေလွကားထစ္ေလးေတြလို႔ သေဘာထားၿပီး ခ်စ္သူတိုင္း ေမွ်ာ္လင့္တဲ့ ေပ်ာ္႐ြင္ၾကည္ႏူးဖြယ္ရာ အခ်စ္ဘဝေလးကို ေရာက္ေအာင္သြားႏိုင္ ၾကပါေစ။

ျပႆနာေတြေတာ့ရွိမွာပဲ၊ အဖုအထစ္ေလးေတြေတြ႕မွာပဲ။ဒါေပမယ့္ ကိုယ့္ခ်စ္သူနဲ႔ အတူတူ အခ်စ္သစ္ပင္ေလးကို စိမ္းလန္းစိုေျပေအာင္ထားႏိုင္သေ႐ြ႕ေတာ့ အရာအားလုံးအဆင္ေျပ ေခ်ာေမြ႕ေနမွာပါ။

Credit Shwe Eain Si