Knowledge

စားမရ၊ ကိုက်မရ၊ အိပ်မရ၊ နေထိုင်မရအောင် ကိုက်နေတဲ့ သွားကို ရာသက်ပန်ပျောက်ကင်စေတဲ့ ကနခို

စားမရ၊ ကိုက္မရ၊ အိပ္မရ၊ ေနထိုင္မရေအာင္ ကိုက္ေနတဲ့ သြားကို ရာသက္ပန္ေပ်ာက္ကင္ေစတဲ့ ကနခိုကနခိုႀကီး ၊ သေဘၤာကနခို၊ ေတာကနခို ၊ၾကက္ဆူကနခို ၊ ႐ုကၡအမည္။Jatropha gossypifolia Lအခုအခ်ိန္ဆို အညာမွာ ဒီပန္းေလးေတြပြင့္ၾကၿပီ၊ မုံ႐ြာလို ေနရာ ဘယ္ေနရာသြားသြား ဒီအပင္ေတြျခည့္ျမင္ၾကရမွာပါ၊ သဲဆန္ေသာေျမ ေက်ာက္စရစ္ကုန္းေျမ ၊

ေျမဆီၾသဇာ မရွိေသာ ေတာ ေျခာက္ ေတာက္ေျခာက္ က်ပ္တီးေျမ မ်ားမွာ ဒီအပင္ေတြ ေတာထေအာင္ေပါက္ၾကတယ္၊ တခါတရံ အပင္ေပါင္း ရာခ်ီၿပီး ေတာ အုပ္ငယ္ အလားျဖစ္ေနပါတယ္၊ အပင္ အ႐ြယ္က လူတရပ္သာသာ ျဖစ္ေသာ္လည္း အခ်ိဳ႕ေသာ ေတာအုပ္ေတြမွာ ဝါးတ႐ိုက္နီးပါးျမင့္ေသာ small trees သဖြယ္ျဖစ္လို႔ေနပါတယ္။

အညာအရပ္ နဲ႔ ကနခိုႀကီးပင္က ခြဲလို႔ပင္မရပါ၊ က်ေနာ္ ေအာက္ျပည္ဖက္ တိတိက်က် ပုသိမ္ လိုေနရာေရာက္ေတာ့ ဒီအပင္ေတြ ျမင္ျခင္လို႔ပင္ ျမင္မရခဲ့၊ မုံ႐ြာ မႏၲေလး စစ္ကိုင္း လမ္းမႀကီးဝဲယာ ဒီအပင္မ်ားမင္းမူေလ့ရွိၾကတယ္၊ သူ႔ကို “ကနခိုႀကီး”လို႔လည္း ေခၚၾကတယ္ ၊ ဝမ္းႏႈတ္ေစေသာ “ကနခိုေလး”ပင္ မဟုတ္ပါ၊

အပင္မတူသလို genus name လည္းမတူႏိုင္ပါ တျခားစီျဖစ္တယ္၊ ဒီအပင္က ကိုယ္တို႔ဆီသာ အ႐ိုင္းပင္ ၿခဳံပင္ျဖစ္ေနေသာ္လည္း အျခားၷိဳင္ငံမ်ားမွာ decorated plants အလွစိုက္အပင္တပင္အလားစိုက္ထားတာျမင္ရေတာ့ အံၾသမိျပန္တယ္။ နီေစြးေစြး ေတာက္ပေသာ အ႐ြက္မ်ားက အပင္ အလွကို ပိုေစပါတယ္၊ အလွတရားဆိုတာ ခံစားသူနဲ႔ ဆိုင္လိမ့္မည္ဟု ထင္မိပါတယ္။

အပင္သ႐ုပ္အပင္အမည္ Jatropha ဆိုတာ ဂရိဘာသာစကားစုကေန ဆင္းသက္လာတာပါ၊ အဓိပၸာယ္ က physician and nutrition ျဖစ္တယ္၊ အေစ့မ်ားက လူမ်ားအေပၚ အဆိပ္အေတာက္ျဖစ္ေစပါတယ္၊ ပင္ေျပာ့ခ်ဳံပင္ႀကီးမ်ိဳးပါ၊

အပင္ကိုခုတ္လ်င္ ဒါဏ္ရာေနရာကေန ေရလိုအရည္မ်ားထြက္က်လာပါတယ္၊ ပင္စည္နဲ႔အ႐ြက္ႏုေတြက နီညိဳေရာင္သန္းၾကတယ္၊ ထူးတာကေတာ့ တပင္လုံး ေစးကပ္ကပ္ ဂလင္းအေမႊးေတြရွိေနတာပါ၊ သာမာန္ျမက္ေစ့နဲ႔ကိုျမင္ပါတယ္၊ အ႐ြက္က လက္ဝါးပုံျဖစ္ၿပီးအဝိုက္ ၃ဝိုက္ပါ ႏုစဥ္အခါ နီညိဳေရာင္ျဖစ္ေသာ္လည္းႀကီးလာလွ်င္ အစိမ္းေရာင္ပါ၊

႐ြက္စြယ္ေလးေတြက ဂလင္းအေမႊးေလးေတြျဖစ္ေနတာက ဒီအပင္ရဲ႕ ထူးျခားခ်က္ပါ၊ ပန္းခိုင္က ထိပ္ထြက္ dichasial cyme ပါ၊ ထိပ္မွာ အမပြင့္ရွိေနၿပီးေဘးကေန အဖိုပြင့္မ်ားကရံလို႔ေနပါတယ္၊ ပန္းပြင့္ေတြကအနီေရာင္ပါ၊ ပြင့္ဖတ္ ပြင့္ခ်ပ္ ၅ခုစီပါၾကတယ္၊

အဖိုပြင့္မွာ တစုစည္း ဝတ္ဆံတန္ပါၿပီးtetrathecous anthersမ်ားထိပ္မွာရွိေနပါတယ္၊ အမပြင့္မွာ ဝတ္ဆံဖိုမပါဘဲtricarpellary ovary ပါပါတယ္၊ အသီးကေတာ့ ပုံမွာအတိုင္း အက္ကြဲသီး capsules ပါ၊ အေစ့ေတြမွာ ေစ့တြင္းစာပါၿပီး သူ႔မွာ caruncle ပါေနပါတယ္၊

ပန္းပြင့္ခ်ိန္က အခုလ August ကေန November အထိပါ၊ ဒီအပင္က ေပါက္ပြားႏႈံးအလြန္ျမန္ၿပီး အၾကမ္းခံလွတယ္ ဘယ္ေလာက္ၾကမ္းတမ္းေသာေနရာမဆိုေပါက္ႏိုင္တယ္ အသက္လည္းျပင္းလွတယ္ ေရနဲခံတယ္၊ အညာမွာ စိမ္းစိမ္းစိုစိုရွိေနတာ သူ႔ေၾကာင့္ပါ၊ သဘာဝပတ္ဝန္းက်င္ကိုအလွဆင္သူေပါ့၊ေဆးဖက္ဝင္ေသာ သေဘၤာကနခို။

ဒီအပင္ေဆးဖက္လည္းဝင္တယ္ အရွင္နာဂသိန္ေဆးက်မ္းမွာဆိုအပင္အေခါက္ျပဳတ္ေရ ဥတုေသြးကိုမွန္ေစ၏ အ႐ြက္ကို ဆံပင္ကြၽတ္ျခင္း အနာမီးလွ်ံ ယားယံျခင္းလိမ္းေပးရ၏၊ အေစ့သည္အန္ေစတတ္၏၊ စားလွ်င္မူးေစတတ္၏၊သတၳဳရည္ကိုရႉပါက ေျခဆတ္ၿပီး ေခါင္းကိုက္ေပ်ာက္၏၊ အ႐ြက္အပြင့္ ဝမ္းသကိ၏၊ အ႐ြက္အရည္ကိုလိမ္းပါက အနာမ်ားေပ်ာက္၏၊ ဆီးဝမ္းတို႔ကိုႏိုင္၏ အဆိပ္ကိုႏိုင္၏ ကိုယ္ေရာင္နာ သလိပ္နာကိုႏိုင္၏၊

သလိပ္သည္းေျခကိုႏိုင္၏ ဒဏ္ထိ၍ရင္၌ေသြးျပည့္ေသာအနာ စျမင္းေဒါသနာ ပိုးေၾကာင့္ျဖစ္ေသာအနာ သုတ္ေသြးခန္းေျခာက္ေသာအနာ ေလခ်ဳပ္အနာ အပင္းအဖုအနာတို႔ေပ်ာက္ေစ၏” လို႔ေရးသားထားတယ္၊

အညာေဒသမွာေပါက္တဲ့အပင္တိုင္းကို အညာသူ အညာသားသာမက ေဆးဆရာေတြကလည္းရင္းႏွီးၾကတယ္၊ အဓိကရည္႐ြယ္တာက အပင္နဲ႔႐ုကၡအမည္မွန္ကန္စြာတြဲသိေစျခင္တာပါ၊ ႏြယ္ျမက္သစ္ပင္ေဆးဖက္ဝင္ဆိုတဲ့စကားလို တန္ဖိုးရွိေသာ အညာက ေတာကနခို အပင္ေလးပါ၊ေရးဖူးေသာ post ေလးျဖစ္ေပမည့္ ပန္းနီနီ ပြင့္ေလတိုင္း ျပန္တင္လိုက္ပါတယ္။

 

သက္ႏိုင္ဦး(မုံ႐ြာတကၠသိုလ္)ျဖည့္စြပ္ သြားကိုက္ပါကလည္း ကနခိုအပင္၏ ပင္စည္၊ အ႐ိုး၊ အ႐ြက္၊ အၫြန႔္ တစ္ခုခုအား ခ်ိဳးဖဲ့လိုက္ပါ။ ထြက္လာေသာအေစးအား ဝါဂြမ္းစျဖင့္ တို႔ၿပီး ကိုက္ေနေသာသြား ေခါင္းေပါက္အတြင္းသို႔ ထည့္ကာ ေခတၱမွ် ကိုက္ထား႐ုံျဖင့္ သြားကိုက္ျခင္းကို ရာသက္ပန္ ေပ်ာက္ကင္းႏိုင္ပါသည္။

Unicode

စားမရ၊ ကိုက်မရ၊ အိပ်မရ၊ နေထိုင်မရအောင် ကိုက်နေတဲ့ သွားကို ရာသက်ပန်ပျောက်ကင်စေတဲ့ ကနခိုကနခိုကြီး ၊ သင်္ဘောကနခို၊ တောကနခို ၊ကြက်ဆူကနခို ၊ ရုက္ခအမည်Jatropha gossypifolia Lအခုအချိန်ဆို အညာမှာ ဒီပန်းလေးတွေပွင့်ကြပြီ၊

မုံရွာလို နေရာ ဘယ်နေရာသွားသွား ဒီအပင်တွေခြည့်မြင်ကြရမှာပါ၊ သဲဆန်သောမြေ ကျောက်စရစ်ကုန်းမြေ ၊ မြေဆီသြဇာ မရှိသော တော ခြောက် တောက်ခြောက် ကျပ်တီးမြေ များမှာ ဒီအပင်တွေ တောထအောင်ပေါက်ကြတယ်၊

တခါတရံ အပင်ပေါင်း ရာချီပြီး တော အုပ်ငယ် အလားဖြစ်နေပါတယ်၊ အပင် အရွယ်က လူတရပ်သာသာ ဖြစ်သော်လည်း အချို့သော တောအုပ်တွေမှာ ဝါးတရိုက်နီးပါးမြင့်သော small trees သဖွယ်ဖြစ်လို့နေပါတယ်။

 

အညာအရပ် နဲ့ ကနခိုကြီးပင်က ခွဲလို့ပင်မရပါ၊ ကျနော် အောက်ပြည်ဖက် တိတိကျကျ ပုသိမ် လိုနေရာရောက်တော့ ဒီအပင်တွေ မြင်ခြင်လို့ပင် မြင်မရခဲ့၊ မုံရွာ မန္တလေး စစ်ကိုင်း လမ်းမကြီးဝဲယာ ဒီအပင်များမင်းမူလေ့ရှိကြတယ်၊

သူ့ကို “ကနခိုကြီး”လို့လည်း ခေါ်ကြတယ် ၊ ဝမ်းနှုတ်စေသော ကနခိုလေးပင် မဟုတ်ပါ၊ အပင်မတူသလို genus name လည်းမတူနိုင်ပါ တခြားစီဖြစ်တယ်၊ ဒီအပင်က ကိုယ်တို့ဆီသာ အရိုင်းပင် ခြုံပင်ဖြစ်နေသော်လည်း၊

အခြား္နိုင်ငံများမှာ decorated plants အလှစိုက်အပင်တပင်အလားစိုက်ထားတာမြင်ရတော့ အံသြမိပြန်တယ်။ နီစွေးစွေး တောက်ပသော အရွက်များက အပင် အလှကို ပိုစေပါတယ်၊ အလှတရားဆိုတာ ခံစားသူနဲ့ ဆိုင်လိမ့်မည်ဟု ထင်မိပါတယ်၊

အပင်သရုပ်အပင်အမည် Jatropha ဆိုတာ ဂရိဘာသာစကားစုကနေ ဆင်းသက်လာတာပါ၊ အဓိပ္ပာယ် က physician and nutrition ဖြစ်တယ်၊ အစေ့များက လူများအပေါ် အဆိပ်အတောက်ဖြစ်စေပါတယ်၊ ပင်ပြော့ချုံပင်ကြီးမျိုးပါ၊ အပင်ကိုခုတ်လျင် ဒါဏ်ရာနေရာကနေ ရေလိုအရည်များထွက်ကျလာပါတယ်၊ ပင်စည်နဲ့အရွက်နုတွေက နီညိုရောင်သန်းကြတယ်၊

ထူးတာကတော့ တပင်လုံး စေးကပ်ကပ် ဂလင်းအမွှေးတွေရှိနေတာပါ၊ သာမာန်မြက်စေ့နဲ့ကိုမြင်ပါတယ်၊ အရွက်က လက်ဝါးပုံဖြစ်ပြီးအဝိုက် ၃ဝိုက်ပါ နုစဉ်အခါ နီညိုရောင်ဖြစ်သော်လည်းကြီးလာလျှင် အစိမ်းရောင်ပါ၊ ရွက်စွယ်လေးတွေက ဂလင်းအမွှေးလေးတွေဖြစ်နေတာက ဒီအပင်ရဲ့ ထူးခြားချက်ပါ၊ ပန်းခိုင်က ထိပ်ထွက် dichasial cyme ပါ၊ ထိပ်မှာ အမပွင့်ရှိနေပြီးဘေးကနေ အဖိုပွင့်များကရံလို့နေပါတယ်၊ ပန်းပွင့်တွေကအနီရောင်ပါ၊ ပွင့်ဖတ် ပွင့်ချပ် ၅ခုစီပါကြတယ်၊

အဖိုပွင့်မှာ တစုစည်း ဝတ်ဆံတန်ပါပြီးtetrathecous anthers များထိပ်မှာရှိနေပါတယ်၊ အမပွင့်မှာ ဝတ်ဆံဖိုမပါဘဲtricarpellary ovary ပါပါတယ်၊ အသီးကတော့ ပုံမှာအတိုင်း အက်ကွဲသီး capsules ပါ၊

အစေ့တွေမှာ စေ့တွင်းစာပါပြီး သူ့မှာ caruncle ပါနေပါတယ်၊ ပန်းပွင့်ချိန်က အခုလ August ကနေ November အထိပါ၊ ဒီအပင်က ပေါက်ပွားနှုံးအလွန်မြန်ပြီး အကြမ်းခံလှတယ် ဘယ်လောက်ကြမ်းတမ်းသောနေရာမဆိုပေါက်နိုင်တယ် အသက်လည်းပြင်းလှတယ် ရေနဲခံတယ်၊ အညာမှာ စိမ်းစိမ်းစိုစိုရှိနေတာ သူ့ကြောင့်ပါ၊ သဘာဝပတ်ဝန်းကျင်ကိုအလှဆင်သူပေါ့၊

ဆေးဖက်ဝင်သော သင်္ဘောကနခိုဒီအပင်ဆေးဖက်လည်းဝင်တယ် အရှင်နာဂသိန်ဆေးကျမ်းမှာဆိုအပင်အခေါက်ပြုတ်ရေ ဥတုသွေးကိုမှန်စေ၏ အရွက်ကို ဆံပင်ကျွတ်ခြင်း အနာမီးလျှံ ယားယံခြင်းလိမ်းပေးရ၏၊ အစေ့သည်အန်စေတတ်၏၊ စားလျှင်မူးစေတတ်၏၊သတ္ထုရည်ကိုရှူပါက ခြေဆတ်ပြီး ခေါင်းကိုက်ပျောက်၏၊ အရွက်အပွင့် ဝမ်းသကိ၏၊

အရွက်အရည်ကိုလိမ်းပါက အနာများပျောက်၏၊ ဆီးဝမ်းတို့ကိုနိုင်၏ အဆိပ်ကိုနိုင်၏ ကိုယ်ရောင်နာ သလိပ်နာကိုနိုင်၏၊ သလိပ်သည်းခြေကိုနိုင်၏ ဒဏ်ထိ၍ရင်၌သွေးပြည့်သောအနာ စမြင်းဒေါသနာ ပိုးကြောင့်ဖြစ်သောအနာ သုတ်သွေးခန်းခြောက်သောအနာ လေချုပ်အနာ အပင်းအဖုအနာတို့ပျောက်စေ၏” လို့ရေးသားထားတယ်၊

အညာဒေသမှာပေါက်တဲ့အပင်တိုင်းကို အညာသူ အညာသားသာမက ဆေးဆရာတွေကလည်းရင်းနှီးကြတယ်၊ အဓိကရည်ရွယ်တာက အပင်နဲ့ရုက္ခအမည်မှန်ကန်စွာတွဲသိစေခြင်တာပါ၊ နွယ်မြက်သစ်ပင်ဆေးဖက်ဝင်ဆိုတဲ့စကားလို တန်ဖိုးရှိသော အညာက တောကနခို အပင်လေးပါ၊ရေးဖူးသော post လေးဖြစ်ပေမည့် ပန်းနီနီ ပွင့်လေတိုင်း ပြန်တင်လိုက်ပါတယ်။

 

သက်နိုင်ဦး(မုံရွာတက္ကသိုလ်)ဖြည့်စွပ် သွားကိုက်ပါကလည်း ကနခိုအပင်၏ ပင်စည်၊ အရိုး၊ အရွက်၊ အညွန့် တစ်ခုခုအား ချိုးဖဲ့လိုက်ပါ။ ထွက်လာသောအစေးအား ဝါဂွမ်းစဖြင့် တို့ပြီး ကိုက်နေသောသွား ခေါင်းပေါက်အတွင်းသို့ ထည့်ကာ ခေတ္တမျှ ကိုက်ထားရုံဖြင့် သွားကိုက်ခြင်းကို ရာသက်ပန် ပျောက်ကင်းနိုင်ပါသည်။

Credit