Local News

လည်ပင်းကြီးရောဂါကို တန်ဘိုးမကြီးသော ရိုးရာ တိုင်းရင်းဆေးနည်းဖြင့် သက်သာစေတဲ့နည်း

လည်ပင်းကြီးရောဂါကို တန်ဘိုးမကြီးသော ရိုးရာ တိုင်းရင်းဆေးနည်းဖြင့် သက်သာစေတဲ့နည်း

လည်ပင်းကြီးရောဂါ.. တဖြည်းဖြည်း ကြီးလာတာ ၅ နှစ်ရှိပြီဟုပြောပါသည်။ မန္တလေးမြို့ စိန်ပန်းရပ်မှ ဖြစ်ပါသည်။ အင်္ဂလိပ်ဆေးလည်း နေ့စဉ်စားနေပါသည်။ လက်လုပ်လက်စားဖြစ်၍ စစ်ကိုင်း သီတဂူဆေးရုံသို့သွားပြသည်.. ပေးသည့်ဆေးကို နေ့စဉ်တစ်ကြိမ်စားရသည်ဟု ဆိုသည်။ ဆေးကလည်း ဈေးမကြီးပါ။စားခဲ့တာ တစ်နှစ်ကျော်။ သိပ်လည်း မထူးခြားအနည်းငယ်ပိုကြီးလာသည်ထင်သည်ဟု ဆိုသည်။ အဘယ့်ကြောင့် တိုင်းရင်းဆေးခန်းလာပြရသလဲ မေးကြည့်သောအခါ.. ဆရာ့ဆေးခန်းက ဆေးနဲ့ပျောက်သွားတဲ့ အဒေါ်ကြီးတစ်ယောက်နဲ့ တွေ့ခဲ့လို့ဟု ပြောသည်။ ဆရာက လည်ပင်းကြီး မကုဖူးပါဟုပြောသည်

ပျောက်သူအဒေါ်ကြီးက ကိုယ်တိုင်ပြောသည်။ စစ်ကိုင်းနယ်ဖက်မှ ဖြစ်သည်။ ဒူးနာ၍ မန္တလေးဘုန်းကြီးကျောင်းတစ်ကျောင်းတွင် တည်းကုရန် အမျိုးဘုန်းကြီးက ခေါ်ကုပေးခြင်းဖြစ်သည်။ ဆရာ့ထံတွင် ကုသရင်း ရောဂါမှာ ဒူးနာဖြစ်သော်လည်း တောရွာများတွင် ဖြစ်လေ့ရှိပြီး ကုသလေ့မရှိကြသော လည်ပင်းကြီးဖြစ်နေသည်ကို ဆရာကတွေ့သဖြင့် ပျောက်လိုပျောက်ငြား လိမ်းကြည့်ပါဟု ဆေးမြစ်ကလေး ပေးလိုက်ပါသည်။ ကျားမနိုင်ဆေးမြစ်ဟု ခေါ်ပါသည်။

လည်ပင်းတွင်လိမ်းရာ သက်သာပြီး အသက်ရှူကောင်းလာသဖြင့် ရေရှည်နေ့စဉ်လိမ်းပါသည်။ ရွှေစာရံဘုရားပွဲတွင် ဆရာပေးလိုက်သည့် ဆေးမြစ်မျိုးရောင်းသည်ကို တွေ့သဖြင့် များများဝယ်ထားပြီး ဆက်လိမ်းပါသည်။ အကုန်အစင်ပျောက်သွားပြီဟု မဆိုနိုင်သော်လည်း သူ့လည်ပင်းမှာ ကြည့်ပျော်ရှုပျော်အနေအထားသို့ ရောက်လာကြောင်းပြောပြ၍ လာပြသည်ဟု ပြောပါသည်။ အိုင်အိုဒင်းဓာတ်ချို့တဲ့၍ ဖြစ်သည်ဟုဆိုသေ

ာ လည်ပင်းကြီးရောဂါမှာ ပင်လယ်နှင့်ဝေးသောအရပ်ဒေသများတွင် အဖြစ်များပါသည်။ကျားမနိုင်သည် နွယ်ပင်ကြီးဖြစ်ပါသည်။ ထက်ပိုင်းဖြတ်လိုက်သောအခါ ထိပ်တွင် ကျားခြေရာကဲ့သို့ ပုံပါသဖြင့် ကျားမနိုင်ဆေးနွယ်မြစ်ဟု ခေါ်ခြင်းဖြစ်သည်။ ရွှေစာရံဘုရားပွဲတွင် တောထွက်တောင်ထွက်ဆေးပင်ဆေးမြစ်ရောင်းချသူများက ရိုးရာဆေးအသုံးအဖြစ် မျက်စိနာလျှင် သွေးပြီးကွင်းနိုင်သည်။

ဝက်ခြံဖုများ ပျောက်သည်။ အပူဖု အကျိတ်များကြေသည်။အအေးဆေးမြစ်ဖြစ်သည် အပူမလောင်ပါ။ အရောင်ကျစေသည် သက်တံ့နာကိုပင် နိုင်သည်။ အပြင်ထွက်သည့်လိပ်ခေါင်းကိုပင် သွေးပြီးလိမ်းလျှင် ပျောက်သည်ဟု ပြောရောင်းကြသည်ကို တွေ့ရပါသည်။

အနောက်တိုင်းဆေးနှင့်ပင် တစ်သက်လုံးဆေးစားရမည့် အိုင်အိုဒင်းချို့တဲ့လည်ပင်းကြီးရောဂါအတွက် တန်ဘိုးမကြီးသော ရိုးရာဆေးနည်းတိုဖြင့် မပျောက်သည့်တိုင် သက်သာပြီးကြည့်ပျော်ရှုပျော် ဖြစ်သွားသည်ဆိုလျှင် တင်ပြရသည့်အတွက် ကုသိုလ်ရမည်ထင်ပါသည်။

Credit