2022-ခု ဖေဖေါ် ဝါရီလ ဟောစာတမ်း ကြာသပတေး သားသမီးများကြာသပတေး သားသမီးများ ယခု ဖေဖော်ဝါရီလတွင် ဝင်ငွေကောင်းသောလည်း အသုံးစားရိတ်များအတွက် စာရင်းမရှိပဲဖြစ်အံ့။ ငွေမည်မျှဝင်စေ ငွေမမြဲဘဲဖြစ်နေတတ်သည်။ရရှိသောငွေများသည်ကိုယ်မသုံရဘဲ တစ်ပါးသူအကျိုးအတွက်ပြန်ကုန်တတ်သည်။ သူးတစ်ပါးတို့၏ကိစ္စများအပေါ် မဆိမဆိုင်ဝင်ပါတတ်၍ ပြဿနားများရှင်းရ အခက်ကြုံအံ့။စီးပွားရေးကွမ်းနှင့်ကွမ်းသီး၊နွယ်ပင်များ၊ တိုင်းရင်ဆေးဝါးထုတ်လုပ်ရေး၊အုန်းသီးနှင့်
အုန်းပင်၊ ဆီထွက်အုန်း၊ ကျောက်မျက်ရတနာလုပ်ငန်း၊ ကားအသင်းထောင်ခြင်း၊ ကိုယ်ပိုင်ကျောင်းဖွင့်လှစ်ခြင်း၊ ခြံလုပ်ငန်းလုပ်ခြင်းတို့မှ အကျိူးမြတ်ရမည်။
တနဂ်နွေ၊သောကြာ၊ဗုဒ္ဓဟူးနံလုပ်ငန်းနှင့် ထိုနေနံသားသမီးများ အကျိူးပေး၊လုပ်ငန်းသစ်လုပ်ခြင်း၊အလုပ်သစ်လျှောက်ခြင်းနှင့်ရင်းမြှုံနှံမှုများစတင်ခြင်းတို့ အကျိူးဖြစ်အံ့။
တပည့်များမှ မိမိအား ပုန်ကန်သလို လုပ်တတ်ပြီး၊ မိမိ၏ လက်အောက်ငယ်သားများနဲ့မိမိအကြား အချေအတင်ဖြစ်တတ်သည်။အဂ်ါ၊ကြာသပတေး၊စနေ ထိုနေနံ သားသမီးတစ်ဦး ဒုက္ခပေးအံ့။ အမှုဖြစ်အံ့။အပျက်အစီး၊အတိုက်အခံများလာအံ့။
တောင်အရပ် လာဘ်ရအံ့။ စန်းပွင့်။ငွေကြေးကိစ္စ၊ ကုမ္ပဏီကိစ္စဆောင်ရွက်ခြင်း၊မိတ်ဆွေသစ်တွေ့ခြင်း၊ ဆွေးနွေးခြင်း၊ စာချူပ်စာတမ်းလက်မှတ်ရေးထိုးခြင်း၊ ထီးထိုးခြင်း အထူးကောင်း၏။
ပညာရေးစာပေသင်ကြားလုပ်ကိုင်နေသူများ လူကြီး၊လူငယ်များ အားလုံးအတွက် အကျိူးမြတ်ခံစားရနိုင်သော လ ဖြစ်သည်။ထူးချွန်မည့် ပညာရှင်များ ငွေအပို ကြေးမြင့်မြင့် ခေါ်ယူမြှောက်စားပါလိမ့်မည်။ဝန်ထမ်းဖြစ်ပါက ရာထူးများ တိုးတက်ရတတ်သည်။
အချစ်ရေးနှင့်အိမ်ထောင်းရေးအချစ်ရေးစန်းပွင့်၍ လူချစ်လူခင်များမည်။ အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာပြီး အဆက် အသွယ်ပြတ်နေတဲ့ချစ်သူနဲ့ ပြန်လည် ဆုံဆည်းရတတ်ပါတယ်။ကြာသပတေး သားသမီးများ၏ လက်ရှိ ချစ်သူ၊အိမ်ထောင်ဖက် တနဂ်နွေ၊သောကြာ၊ဗုဒ္ဓဟူး ဖြစ်နေလျှင်
ချစ်သူရှိနေသော ကြာသပတေး သားသမီးများအဖို့ အခြားတစ်ယောက်ဝင်လာခြင်းမျိုးများအဓိက ထိန်းရမည်။မိဘများထံမှ အမွေရတတ်၏။
ဆွေမျိုးများထံမှ အထောက်အပံ့ကောင်းရမည်။ အိမ်ထောင်ရေး၌ မိမိကိုယ်ကိုထိန်းနိုင်ပါက မိသားစုများဝင်ငွေကောင်းခြင်း၊အလှူအတန်းများပြုရမည်။
ပျော်စရာရွှင်စရာဘုရားဖူးခရီးများထွက်ရခြင်းကြုံမည်။ကြာသပတေး သားသမီးများ၏ လက်ရှိ ချစ်သူ၊အိမ်ထောင်ဖက် အဂ်ါ၊ကြာသပတေး၊စနေ ဖြစ်နေလျှင်လက်ရှိ တွဲလျှက်ရှိ နှစ်ရှည် ချစ်သူများ အဆင်မပြေမှုတွေ့ အဆက်ပြက်မှုတွေ့ ကြုံတွေ့ရမည်။
အိမ်ထောင်ရှင်များ အိမ်ထောင်ဘက်နှင့် မျက်နာကျော့မတည့် တကျက်ကျက်ဖြစ်နေတတ်၏။ သောကရောက်ရတက်သောကာလဖြစ်၏။ အိမ်တွင်းရေး မအေးချမ်းနိုင်ဖြစ်နေပါလိမ့်မည်။ဖော်လွဲ၊
ဖောက်ပြန် မိသားစု ကစဥ်ကလျားဖြစ်တတ်သောကာလမို့ သတိပြုပါ။ မထင်မှတ်ဘဲ သူတစ်ပါး၏အစွပ်စွဲခံရ တတ်သည်။အချစ်ရေးနှင့်အိမ်ထောင်းရေး ထိုနှစ် ၁၆နှစ်၊ ၂၀နှစ်၊ ၂၁နှစ်၊ ၂၄နှစ်၊ ၂၈နှစ်၊ ၄၃နှစ်၊ ၄၅နှစ် အသက်ပိုင်းခြားများကတော့ အထူးညံပါလိမ့်မည်။ကျန်းမာရေးကျန်းမာရေးတွင် ရင်ကြပ်၊ပန်းနာ၊အပူလောင်းခြင်းနှင့် မတော်တဆမှုများကြုံတွေ့ရတတ်သည်။ ဆိုးဆိုးဝါးဝါးအညံ့မရှိပါ။အထူးအဟောစိတ်အလိုလိုက် ဒေါသနဲ့ဖြေရှင်းတာမျိုး ၊ စိတ်လိုက်မာန်ပါလုပ်တာမျိူး မကျုးလွန်မိစေဖို့ ကိုယ့်ကိုကိုယ်သတိပြုပါ ။ အထူး ငွေကိုချွေတာသုံးသင့်တဲ့ကာလဖြစ်ပါသည်။
ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စ အဆင်ပြေစေရန်အတွက်ဘုရားတွင် မေမြို့ပန်း (၅)ပွင့် ကပ်လှူ၍ ပိတောက်ရွက် ပေါ်တွင် “ဇ”အက္ခရာရေးပြိး ဆောင်သွားပါ။အကျိူးပေးဂဏန်း (၈.၁.၆.၄)အကျိူးပေးနေနံ တနဂ်နွေ၊သောကြာ၊ဗုဒ္ဓဟူး
မြောက် အရပ် ခရီးသွားရှောင်ရန်။ ရန်များအံ့။ ငွေကြေးကိစ္စ၊ စာချူပ်စာတမ်းလက်မှတ်ရေးထိုးခြင်းတို့ ရှောင့်သင့်၏။အကျိူးမပေးနေနံ အဂ်ါ၊ကြာသပတေး၊စနေကံကောင်းစေသောအရောင် အဖြူရောင်၊နီညို့ရောင်၊ဖက်ဖူးရောင်
ယတြာ အိမ်ဘုရား၌ သောက်တော်ရေ(၅)ခွက်၊ ဖယောင်တိုင်(၅)တိုင်၊ အမွှေးတိုင်(၉)တိုင် မေမြို့ပန်း (၅)ပွင့် ကပ်လှူ လိုရာဆုတောင်းပါ။
ရေချမ်းစင်များ၌ ရေလှူပါ။ ကြာသပတေးထောင့်၌ ဂြိုလ်တိုင် သန့်ရှင်းရေး မကြာမကြာသွားရောက်လုပ်ကိုင်ပါ။Sayar Minthura MDY
Credit