တရုတ်အစိုးရကိုနာတတ်ရင်နောက်မျိုးဆက်တွေထိနာစရာကြီးပါမြန်မာပြည်ထဲ ခေါင်းပုံဖြတ်ပြီးအမြတ်ထုတ်နေတာတွေထားအုံးအခုလဲ UN လုံခြုံရေကောင်စီမှာမြန်မာပြည် အကြမ်းဖက်မူတွေနဲ့ပြည်တွင်းစစ် မဖြစ်အောင်အတွက်တားဆီးရမယ်လို့ လျှောက်ပြောပြန်တယ်ပြည်တွင်းထဲ စစ်တပ်က ရွာတွေကိုမီးရှို့ဖျက်ဆီးနေတာ ကလေးကနေအသက်ကြီးပိုင်းအဆုံး အကြမ်းဖက်ပြီးသ-တ်ဖြတ်နေတာကျ မသိချင်ဆောင်နေတုန်းအရပ်သား နေထိုင်တဲ့မြို့ရွာတွေအပေါ်လေယာဉ်တွေ ရဟတ်ယာဉ်တွေ သုံးပြီးတောက်လျှောက် ဗုံး-ကြဲတိုက်ခိုက်နေတာအကြမ်းဖက်တာမဟုတ်သေးဘူးလားအဲလို အကြမ်းဖက်နိုင်အောင် စစ်တပ်ကိုလေယာဉ်ရောင်းပေးတာလဲ တရုတ်အစိုးရလဲပါတယ်
Save The Children နယူးဇီလန္ကဝေဖန်တာ ကောင်းတယ် ဒီလောက်ထိကလေးသူငယ်တွေကို စစ်တပ်က မီးရှို့သတ်ဖြတ်နေတာ UN က တံခါးဖွင့်ပြီးမဆွေးနွေးရဲတာ UN ကျဆုံးခန်းဖြစ်တယ်တဲ့တရုတ်အစိုးရက တခြားမကြည့်နဲ့အုံး
သူ့နယ်စပ်မှာ စစ်ဖြစ်လာရင် စစ်ဘေးသင့်တွေဝင်ပြေးလာမှာစိုးလို့ နှစ်နိုင်ငံနယ်စပ်ကို မြေတွေခိုးပြီး ခြံစည်းရိုးကာနေတယ်အင်အားသုံးပြီးတော့ စောင့်ကြည့်တယ်သူ့နိုင်ငံထဲ အိုလံပစ်ပြိုင်ပွဲရှိလာတော့နယ်စပ်မှာ တိုက်ပွဲတွေ ငြိမ်ပေးပါတဲ့မြန်မာပြည်ထဲ ဖြစ်ချင်သလိုဖြစ်နေတုန်းကမသိချင်ဆောင်ခဲ့သူတွေက သူ့နိုင်ငံထဲအခမ်းအနားရှိလာတော့ ငြိမ်ပေးကြပါဆိုပဲ
တွေးကြည့်ရင် တကယ်စိတ်နာစရာတွေထီးချိုင့်နီကယ်စက်ရုံလောက်ပဲမဟုတ်လိုအပ်ရင် တရုတ်အစိုးရကို ဒီထက်ပိုပြီးရန်ငါပြတ်တောင် ဆက်ဆံဖို့ သင့်နေပါပီလေNLD ပါတီကို အခုပဲ အကြမ်းဖက်ပါတီအဖြစ်အကြမ်းဖက်အဖွဲ့အစည်းဆိုပြီး ကြေညာဖို့လုပ်နေတဲ့သူတွေ တရုတ်အစိုးရက NLD ပါတီကို မဖျက်သိမ်းဖို့အကြံပေးတာ စစ်ကောင်စီဖက် မလွန်ဆန်နိုင်တာကိုကြည့်တာနဲ့
တရုတ်အစိုးရဖိအားစစ်ကောင်စီဖက်က လွန်ဆန်မရအောင် ပတ်သက်မူရှိနေဆဲဆိုတာ မြင်သာစေတယ်လို့ မြင်မိတယ်သိပ်မကြာခင်မှာ အရာရာအားလုံးအတွက်နိုင်ငံရေး စီးပွားရေး စစ်ရေးနဲ့ပတ်သက်ပြီးစစ်ကောင်စီအတွက်
နိုင်ငံတကာထွက်ပေါက်ဟာတရုတ်နိုင်ငံကိုပဲ ရွေးခြယ်စရာဖြစ်လာလိမ့်မယ်အဲချိန်ကျမှ ပြတ်ပြတ်သားသားဆက်ဆံမယ့် အစားအခုကတည်းက ရန်ငါပြတ်ဆက်ဆံစေချင်အခုကတည်းက ရန်ငါပြတ် ဆက်ဆံစေချင်အခုကတည်းက ရန်ငါပြတ် ဆက်ဆံစေချင်နဒီဧရာမီဒီယာ
Credit NOC