ရန်ကုန်မြို့ ပန်းဆိုးတန်းက ညဉ့်ငှက်မလေး တယောက်ရဲ့ ကိုဗစ်နဲ့ ကိုစစ်ကာလ ဖွင့်ဟဝန်ခံချက်များသွားမလား အစ်ကို။ ကိုဗစ်ကာလမှာ လုပ်စားရတာ အဆင်မပြေလို့ လမ်းစရိတ်ကုန်ပြီး အိမ်ပြန်သွားရတဲ့နေ့တွေ များပါတယ်။ ရောဂါတွေ ဖြစ်နေတော့ ဧည့်သည်ဆီက ရောဂါပိုးပါလာရင်လည်း ကူးခံရမှာပဲ။အဲဒါတွေလည်း မကြောက်ပါဘူး။ စားဝတ်နေရေး အဆင်ပြေဖို့ အဓိကပါပဲ။ပန်းဆိုးတန်းမှာ ဒီအလုပ်လုပ်တာ ၁၅ နှစ် ရှိပြီ။ အစ်မက ကျန်တဲ့နေရာတွေ မသိဘူး။ ပန်းဆိုးတန်းပဲအစ်မသိတယ်။
ရဲတွေလည်း အစ်မကို မှတ်မိနေပါပြီ။ ၂၀၁၆ လောက်က အဖမ်းခံရတယ်။ ထောင်တစ်နှစ် ကျသွားတယ်။ အင်းစိန်ကနေ ရဲဘက်စခန်းရောက်တယ်။ ပြန်လွတ်လာတော့လည်း အစ်မ ဒီအလုပ်ပဲ ပြန်လုပ်စားတယ်။
အခု အစ်မအသက်က ၄၁ နှစ် ရှိပြီလေဟု တည်တည်ငြိမ်ငြိမ်ဖြင့် ရှင်းပြပေးနေသူကတော့ ပန်းဆိုးတန်းမှာ ပြည့်တန်ဆာ လုပ်သက် ၁၅ နှစ် ရှိနေပြီဖြစ်တဲ့ ရိုစီ (အမည်လွဲ) ဖြစ်ပါတယ်။အိမ်ထောင်က ကွဲသွားတာ။ အစ်မအမျိုးသားနဲ့ ကွဲပြီး သိပ်မကြာခင်မှာ သူက ဆုံးသွားတယ်။
အစ်မလည်း အဲဒီချိန်က စပြီး ဒီဘဝရောက်လာတာ။သားလေးတစ်ယောက် ရှိတယ်။ သူမသိပါဘူး ဒီအလုပ် လုပ်စားတယ်ဆိုတာ။ သားလေးကတော့ လိမ္မာပါတယ်။ ကျွန်မ ပန်းဆိုးတန်းကို ၂ နာရီလောက် ရောက်တယ်။
ထမင်းချိုင့်ထည့်လာတယ်။ အိမ်ကနေ အလုပ်က မတ်တတ် တစ်ချိန်လုံးရပ်ပြီး ဧည့်သည်စောင့်ရတာလေ။ ဧည့်သည်မရတာ ကြာလာရင် ဗိုက်တွေ ဆာလာရော။ ဆိုင်က ဝယ်စားရင်လည်း စရိတ်က မသက်သာဘူး။
ကိုဗစ်မဖြစ်ခင်ကတော့ တစ်နေ့ သုံးလေးခေါက် ရပါတယ်။ ဧည့်သည်တစ်ခေါက်ဆို အနည်းဆုံး တစ်သောင်းလောက် ရတယ်။အခုချိန်ကတော့ ကျွန်မ ငါးထောင်နဲ့လည်း လိုက်တယ်။ အသက်က ကြီးလာပြီ ဆိုတော့ အပြင်အဆင် ကောင်းမှ။
လာခေါ်တဲ့ ဧည့်သည်တွေက ကြည့်ကောင်းမှ ကိုယ့်ကို ခေါ်တာ။ ဖော်သင့်တာတော့ ဖော်ထားရတယ်။အစ်မတို့ အရွယ်က မောင်လေးတွေ လာလာခေါ်တာ များတယ်။ အခုခေတ်အဖိုးကြီးတွေက ငယ်တဲ့သူကို ခေါ်ကြတာ များတယ်ဟု ရိုစီ (အမည်လွဲ) က ရှင်းပြသည်။
တစ်ညလုံး ခေါ်ရင် သုံးလေးသောင်းရတယ်။ အစ်မက အပြုအစုကောင်းတော့ ပိုပေးကြပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ငါးသောင်းလောက် ပေးမယ် ဆိုရင်တော့ အကာအကွယ် မပါလဲ အစ်မက နေပေးပါတယ်။
ပိုက်ဆံက ရှာရသလောက် ရှာရတာပဲ။ ဒီကာလမှာ ဈေးဦး မပေါက်တဲ့နေ့ဆိုရင် ရှိတာ ပေါင်နှံစားရတာ မလွယ်ဘူး။ အလုပ်အတူလုပ်တဲ့ အထဲက အစ်မတစ်ယောက်က ငွေတိုးချေးစားတာ ရှိတယ်။ ဈေးဦးမပေါက်တဲ့နေ့တွေ ကျရင် သူ့ဆီက ချေးရတာ။
တစ်သောင်းယူရင် တစ်နေ့ တစ်ထောင် ၁၃ ရက် သွင်းရတယ်။ သူလည်း ဈေးဦး မပေါက်တဲ့ရက်တွေ ရှိကြတာပဲ။ ကိုဗစ်ကာလထဲမှာတော့ ဘယ်သူမှ အခေါက်ရေ မများကြပါဘူး။ ကိုယ့်ဖောက်သည်နဲ့ ကိုယ်ပါပဲ။အရင်ချိန်တွေမှာတော့ တစ်ရက်ကို ငါးခေါက်လောက် ရကြတယ်။
ညအိပ်လိုက်ရတာလည်း ရှိပါတယ်။ ၁၂ နာရီ ကျော်တာနဲ့ အပြင်မထွက်ရဘူးဆိုတော့ ပန်းဆိုးတန်းကနေ ၉ နာရီနောက်ဆုံးထားပြီး ပြန်ကြရတာပဲ။အစ်မကလည်း ဒီအလုပ်ပဲ လုပ်တတ်တော့ ကိုဗစ်ပြီးသွားလည်း ဒါပဲဆက်လုပ်ရမှာပါပဲ။ သားလေးအတွက်လည်း ရှာရဦးမှာပေါ့။
Credit
Zawgyi
ရန္ကုန္ၿမိဳ႕ ပန္းဆိုးတန္းက ညဥ့္ငွက္မေလး တေယာက္ရဲ႕ ကိုဗစ္နဲ႔ ကိုစစ္ကာလ ဖြင့္ဟဝန္ခံခ်က္မ်ားသြားမလား အစ္ကို ကိုဗစ္ကာလမွာ လုပ္စားရတာ အဆင္မေျပလို႔ လမ္းစရိတ္ကုန္ၿပီး အိမ္ျပန္သြားရတဲ့ေန႔ေတြမ်ားပါတယ္။ေရာဂါေတြ ျဖစ္ေနေတာ့ ဧည့္သည္ဆီက ေရာဂါပိုးပါလာရင္လည္း ကူးခံရမွာပဲ။အဲဒါေတြလည္း မေၾကာက္ပါဘူး။ စားဝတ္ေနေရး အဆင္ေျပဖို႔ အဓိကပါပဲ။ ပန္းဆိုးတန္းမွာ ဒီအလုပ္လုပ္တာ ၁၅ ႏွစ္ ရွိၿပီ။
အစ္မက က်န္တဲ့ေနရာေတြ မသိဘူး။ ပန္းဆိုးတန္းပဲအစ္မသိတယ္။ရဲေတြလည္း အစ္မကို မွတ္မိေနပါၿပီ။ ၂၀၁၆ ေလာက္က အဖမ္းခံရတယ္။ ေထာင္တစ္ႏွစ္ က်သြားတယ္။ အင္းစိန္ကေန ရဲဘက္စခန္းေရာက္တယ္။
ျပန္လြတ္လာေတာ့လည္း အစ္မ ဒီအလုပ္ပဲ ျပန္လုပ္စားတယ္။ အခု အစ္မအသက္က ၄၁ ႏွစ္ ရွိၿပီေလဟု တည္တည္ၿငိမ္ၿငိမ္ျဖင့္ ရွင္းျပေပးေနသူကေတာ့ ပန္းဆိုးတန္းမွာ ျပည့္တန္ဆာ လုပ္သက္ ၁၅ ႏွစ္ ရွိေနၿပီျဖစ္တဲ့ ႐ိုစီ (အမည္လြဲ) ျဖစ္ပါတယ္။
အိမ္ေထာင္က ကြဲသြားတာ။ အစ္မအမ်ိဳးသားနဲ႔ ကြဲၿပီး သိပ္မၾကာခင္မွာ သူက ဆုံးသြားတယ္။ အစ္မလည္း အဲဒီခ်ိန္က စၿပီး ဒီဘဝေရာက္လာတာ။ သားေလးတစ္ေယာက္ ရွိတယ္။သူမသိပါဘူး ဒီအလုပ္ လုပ္စားတယ္ဆိုတာ။ သားေလးကေတာ့ လိမၼာပါတယ္။
ကြၽန္မ ပန္းဆိုးတန္းကို ၂ နာရီေလာက္ ေရာက္တယ္။ ထမင္းခ်ိဳင့္ထည့္လာတယ္။အိမ္ကေန အလုပ္က မတ္တတ္ တစ္ခ်ိန္လုံးရပ္ၿပီး ဧည့္သည္ေစာင့္ရတာေလ။ ဧည့္သည္မရတာ ၾကာလာရင္ ဗိုက္ေတြ ဆာလာေရာ။ ဆိုင္က ဝယ္စားရင္လည္း စရိတ္က မသက္သာဘူး။
ကိုဗစ္မျဖစ္ခင္ကေတာ့ တစ္ေန႔ သုံးေလးေခါက္ ရပါတယ္။ ဧည့္သည္တစ္ေခါက္ဆို အနည္းဆုံး တစ္ေသာင္းေလာက္ ရတယ္။ အခုခ်ိန္ကေတာ့ ကြၽန္မ ငါးေထာင္နဲ႔လည္း လိုက္တယ္။အသက္က ႀကီးလာၿပီ ဆိုေတာ့ အျပင္အဆင္ ေကာင္းမွ။
လာေခၚတဲ့ ဧည့္သည္ေတြက ၾကည့္ေကာင္းမွ ကိုယ့္ကို ေခၚတာ။ ေဖာ္သင့္တာေတာ့ ေဖာ္ထားရတယ္။အစ္မတို႔ အ႐ြယ္က ေမာင္ေလးေတြ လာလာေခၚတာ မ်ားတယ္။ အခုေခတ္အဖိုးႀကီးေတြက ငယ္တဲ့သူကို ေခၚၾကတာ မ်ားတယ္ဟု ႐ိုစီ (အမည္လြဲ) က ရွင္းျပသည္။
တစ္ညလုံး ေခၚရင္ သုံးေလးေသာင္းရတယ္။ အစ္မက အျပဳအစုေကာင္းေတာ့ ပိုေပးၾကပါတယ္။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ ငါးေသာင္းေလာက္ ေပးမယ္ ဆိုရင္ေတာ့ အကာအကြယ္ မပါလဲ အစ္မက ေနေပးပါတယ္။
ပိုက္ဆံက ရွာရသေလာက္ ရွာရတာပဲ။ ဒီကာလမွာ ေဈးဦး မေပါက္တဲ့ေန႔ဆိုရင္ ရွိတာ ေပါင္ႏွံစားရတာ မလြယ္ဘူး။ အလုပ္အတူလုပ္တဲ့ အထဲက အစ္မတစ္ေယာက္က ေငြတိုးေခ်းစားတာ ရွိတယ္။ ေဈးဦးမေပါက္တဲ့ေန႔ေတြ က်ရင္ သူ႔ဆီက ေခ်းရတာ။
တစ္ေသာင္းယူရင္ တစ္ေန႔ တစ္ေထာင္ ၁၃ ရက္ သြင္းရတယ္။ သူလည္း ေဈးဦး မေပါက္တဲ့ရက္ေတြ ရွိၾကတာပဲ။ ကိုဗစ္ကာလထဲမွာေတာ့ ဘယ္သူမွ အေခါက္ေရ မမ်ားၾကပါဘူး။ ကိုယ့္ေဖာက္သည္နဲ႔ ကိုယ္ပါပဲ။အရင္ခ်ိန္ေတြမွာေတာ့ တစ္ရက္ကို ငါးေခါက္ေလာက္ ရၾကတယ္။
ညအိပ္လိုက္ရတာလည္း ရွိပါတယ္။ ၁၂ နာရီ ေက်ာ္တာနဲ႔ အျပင္မထြက္ရဘူးဆိုေတာ့ ပန္းဆိုးတန္းကေန ၉ နာရီေနာက္ဆုံးထားၿပီး ျပန္ၾကရတာပဲ။အစ္မကလည္း ဒီအလုပ္ပဲ လုပ္တတ္ေတာ့ ကိုဗစ္ၿပီးသြားလည္း ဒါပဲဆက္လုပ္ရမွာပါပဲ။ သားေလးအတြက္လည္း ရွာရဦးမွာေပါ့။
Credit