Local News

ကျဆုံးသွားတဲ့ ရဲဘော်ရဲ့ကောင်မလေးရေးထားတဲ့စာ ပြန်လည်မျှဝေပေးလိုက်ပါတယ်

ကျဆုံးသွားတဲ့ ရဲဘော်ရဲ့ကောင်မလေးရေးထားတဲ့စာ ပြန်လည်မျှဝေပေးလိုက်ပါတယ်…မင်းတပ်-မတူပီလမ်း မိုင်၇၀ ဝန်းကျင်တွင် မနေ့ကတည်းက တိုက်ပွဲဖြစ်ပွားနေကြောင်းသိရပြီး CDF-Matupi တပ်ရင်း(၁) မှ Salai Tung Mang နှင့် Salai Lian Aung တို့တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူသွားကြောင်းသိရပါသည်။ကျဆုံးသွားတဲ့ ရဲဘော် Salai Tung Mang ရဲ့ကောင်မလေးရေးထားတဲ့ စာပြန်လည်မျှဝေပေးလိုက်ပါတယ်။တကယ်ကြီးထားခဲ့တော့မှာလား

ဟန်နီ့ကို ဒီလိုထားခဲ့ဖို့အရေးကို ဟန်နီ့ဘဝထဲ ဝင်လာခဲ့တယ်။သုံးနှစ်ကျော်တောင်အနားမှာနေလာခဲ့ပီးမှ ဒီတိုင်းကြီးထားခဲ့တော့မှာလား၊ ပြောတော့တစ်ဘဝလုံးစာချစ်ပီး သေကွဲဖြစ်”ရှင်ကွဲဖြစ်”လုံးဝမထားခဲ့ ဘူးနော်တဲ့

အခုလိုထွက်သွားရမယ်ကြိုသိနေခဲ့လို့ သေချာနှုတ်ဆက်သွားတာလား(ကိုနောက်ဆိုဟန်နီ့ကိုအရမ်းခေါ်ချင်ရင်တောင်ခေါ်လို့ရတော့မှာမဟုတ်ပူးတဲ့)တစ်နေ့ကပဲ Acc pws တွေပေးလာပြီး ကိုမရှိတဲ့အချိန် ကို့ acc ထဲဝင်ပီးမွှေလို့ရတရ်နော်တဲ့ ခုကျဟန်နီကကို့ acc ထဲဝင်ပီး ဘာလုပ်ပေးရမာတုန်းကွာဒီစစ်ကြောင်းပီးရင်း အနူးနဲ့အပါးဆီသွားပီး စေ့စပ်ရအောင်လေနော်တဲ့။ငါသေသွားရင်နင့်ကိုဘယ်သူကလက်ထပ်မာလဲတဲ့ အဲ့ကြောင့်ကိုကမသေပဲဟန်နီ့ကိုလက်ထပ်မယ်လေနော်တဲ့ကို့ကိုမျှော်လင့်ချက်တွေနဲ့စောင့်နေတဲ့ဟန်နီ့ဘဝကြီးကလည်းကွာ။တော်လှန်ရေးကိုအတူလုပ်လာပီးမှ လမ်းတဝက်ကြီးမှာကိုမို့လို့

ဟန်နီ့ကိုထားသွားရက်တယ်ကွယ်။မဖြစ်နိုင်မှန်းသိနေပေမဲ့လည်း သတင်းအမှားပါနော်လို့ပြန်ကြားရမလားဆိုပြီးအရူးလိုမျှော်လင့်နေမိဆဲပါပဲကိုကတော့အေးဆေးထွက်သွားလေပြီ။ ထွက်သွားတဲ့သူထက်ကျန်ခဲ့တဲ့လူက ပိုနာကျင်ရတရ်ဆိုတဲ့စကားကို ခနခနပြောထွက်နေတဲ့ကိုက ဟန်နီနာကျင်မှာကိုတော့ လုပ်ရက်တယ်

Credit

Unicode

ကျဆုံးသွားတဲ့ ရဲဘော်ရဲ့ကောင်မလေးရေးထားတဲ့စာ ပြန်လည်မျှဝေပေးလိုက်ပါတယ်…မင်းတပ်-မတူပီလမ်း မိုင်၇၀ ဝန်းကျင်တွင် မနေ့ကတည်းက တိုက်ပွဲဖြစ်ပွားနေကြောင်းသိရပြီး CDF-Matupi တပ်ရင်း(၁) မှ Salai Tung Mang နှင့် Salai Lian Aung တို့တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူသွားကြောင်းသိရပါသည်။ကျဆုံးသွားတဲ့ ရဲဘော် Salai Tung Mang ရဲ့ကောင်မလေးရေးထားတဲ့ စာပြန်လည်မျှဝေပေးလိုက်ပါတယ်။တကယ်ကြီးထားခဲ့တော့မှာလား ဟန်နီ့ကို ဒီလိုထားခဲ့ဖို့အရေးကို ဟန်နီ့ဘဝထဲ ဝင်လာခဲ့တယ်။

သုံးနှစ်ကျော်တောင်အနားမှာနေလာခဲ့ပီးမှ ဒီတိုင်းကြီးထားခဲ့တော့မှာလား၊ ပြောတော့တစ်ဘဝလုံးစာချစ်ပီး သေကွဲဖြစ်”ရှင်ကွဲဖြစ်”လုံးဝမထားခဲ့ ဘူးနော်တဲ့အခုလိုထွက်သွားရမယ်ကြိုသိနေခဲ့လို့ သေချာနှုတ်ဆက်သွားတာလား(ကိုနောက်ဆိုဟန်နီ့ကိုအရမ်းခေါ်ချင်ရင်တောင်ခေါ်လို့ရတော့မှာမဟုတ်ပူးတဲ့)

တစ်နေ့ကပဲ Acc pws တွေပေးလာပြီး ကိုမရှိတဲ့အချိန် ကို့ acc ထဲဝင်ပီးမွှေလို့ရတရ်နော်တဲ့ ခုကျဟန်နီကကို့ acc ထဲဝင်ပီး ဘာလုပ်ပေးရမာတုန်းကွာဒီစစ်ကြောင်းပီးရင်း အနူးနဲ့အပါးဆီသွားပီး စေ့စပ်ရအောင်လေနော်တဲ့။ငါသေသွားရင်နင့်ကိုဘယ်သူကလက်ထပ်မာလဲတဲ့ အဲ့ကြောင့်ကိုကမသေပဲဟန်နီ့ကိုလက်ထပ်မယ်လေနော်တဲ့ကို့ကိုမျှော်လင့်ချက်တွေနဲ့စောင့်နေတဲ့ဟန်နီ့ဘဝကြီးကလည်းကွာ။တော်လှန်ရေးကိုအတူလုပ်လာပီးမှ လမ်းတဝက်ကြီးမှာကိုမို့လို့ဟန်နီ့ကိုထားသွားရက်တယ်ကွယ်။မဖြစ်နိုင်မှန်းသိနေပေမဲ့လည်း သတင်းအမှားပါနော်လို့ပြန်ကြားရမလားဆိုပြီးအရူးလိုမျှော်လင့်နေမိဆဲပါပဲကိုကတော့အေးဆေးထွက်သွားလေပြီ။ ထွက်သွားတဲ့သူထက်ကျန်ခဲ့တဲ့လူက ပိုနာကျင်ရတရ်ဆိုတဲ့စကားကို ခနခနပြောထွက်နေတဲ့ကိုက ဟန်နီနာကျင်မှာကိုတော့ လုပ်ရက်တယ်

Credit