Local News

သာကေတမြို့နယ် အမှတ်(၂)ရဲကင်း သေနတ်ဖြင့် အပစ်ခံရပြီး ပြန်လည်ပစ်ခတ်မှု ဖြစ်ပွား…

သာကေတမြို့နယ် အမှတ်(၂)ရဲကင်း သေနတ်ဖြင့် အပစ်ခံရပြီး ပြန်လည်ပစ်ခတ်မှု ဖြစ်ပွား…ကီရာရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ တစ်ဆယ်ဈေး အနီးရှိ အမှတ်(၂) ရဲကင်းသည် သေနတ်ဖြင့် အပစ်ခံရပြီးအဆိုပါ ရဲကင်းဘက်မှ သေနတ်နှစ်ချက် ပြန်လည်ပစ်ခတ်မှုဇန်နဝါရီ ၂၇ရက် ည ၈နာရီ ၁၂မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည့် The Boys Army တာဝန်ခံကိုကြာစိက ပြောသည် …။

အဆိုပါ ပစ်ခတ်မှုကို The Boys Armyနှင့် Dictator Revolt Front အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုကို 40M သေနတ် အမျိုးအစားအသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့ထံမှ သိရသည်။

40M သေနတ်အမျိုးအစားသည် တစ်တောင့်ချင်းစီ ကျည်ထည့်ပစ်ရခြင်းဖြစ်ပြီး အနီးကပ်ပစ်ခတ်ပါက ဗုံးကဲ့သို့ ပြင်းအားရှိသည်ဟု သိရသည်။“အမှတ်၂ရဲကင်း ဝင်ဝင်ချင်းဂိတ်ကို လှမ်းပစ်တာပါ၊ ပစ်တာကတော့ စခန်းထဲ လှမ်းပစ်လိုက်တာပဲ စခန်းထဲ ရောက်မရောက်တော့ ကျွန်တော်တို့ သတိမထားမိဘူး။

ကျွန်တော်တို့ ပစ်ပစ်ပြီးချင်း သူတို့ဘက်က လှမ်းပစ်တော့ ကျွန်တော်တို့ လည်း ကားထဲမှာ အကုန်ခေါင်းတွေငုံ့ထားလိုက်တော့ အဲ့ဘက်ကို ဘာမှမမြင်ရတော့တာ”ဟု The Boys Army တာဝန်ခံကြာစိက ပြောသည်။အဆိုပါရဲကင်းရှေ့တွင် စောင့်နေသည့် လက်နက်ကိုင် စစ်သား ၃ဦးခန့်ရှိနေသည့်အတွက် ထိခိုက်မှုလည်း ရှိနိုင်ကြောင်း၎င်းက ဆက်ပြောသည်။

“ အဲ့ကင်းအရှေ့မှာ စောင့်နေတဲ့ နှစ်ကောင် သုံးကောင်တော့ ရှိတာတွေ့တယ်၊ ထိခိုက်မှုတော့ အတိအကျတော့ မပြောနိုင်သေးပါဘူး၊ ကျွန်တော်တို့က ဒီကောင်တွေကိုမုန်းလို့ သူတို့တစ်ကောင် လျော့လျော့ နှစ်ကောင်လျော့လျော့ မနည်းဘူးဆိုတဲ့စိတ်နဲ့လုပ်နေတာပါ”ဟုတာဝန်ခံ ကိုကြာစိကဆက်လက်ပြောသည် …။

Credit

Unicode

သာကေတမြို့နယ် အမှတ်(၂)ရဲကင်း သေနတ်ဖြင့် အပစ်ခံရပြီး ပြန်လည်ပစ်ခတ်မှု ဖြစ်ပွား…ကီရာရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ တစ်ဆယ်ဈေး အနီးရှိ အမှတ်(၂) ရဲကင်းသည် သေနတ်ဖြင့် အပစ်ခံရပြီးအဆိုပါ ရဲကင်းဘက်မှ သေနတ်နှစ်ချက် ပြန်လည်ပစ်ခတ်မှုဇန်နဝါရီ ၂၇ရက် ည ၈နာရီ ၁၂မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည့် The Boys Army တာဝန်ခံကိုကြာစိက ပြောသည် …။

အဆိုပါ ပစ်ခတ်မှုကို The Boys Armyနှင့် Dictator Revolt Front အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုကို 40M သေနတ် အမျိုးအစားအသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့ထံမှ သိရသည်။

40M သေနတ်အမျိုးအစားသည် တစ်တောင့်ချင်းစီ ကျည်ထည့်ပစ်ရခြင်းဖြစ်ပြီး အနီးကပ်ပစ်ခတ်ပါက ဗုံးကဲ့သို့ ပြင်းအားရှိသည်ဟု သိရသည်။“အမှတ်၂ရဲကင်း ဝင်ဝင်ချင်းဂိတ်ကို လှမ်းပစ်တာပါ၊ ပစ်တာကတော့ စခန်းထဲ လှမ်းပစ်လိုက်တာပဲ စခန်းထဲ ရောက်မရောက်တော့ ကျွန်တော်တို့ သတိမထားမိဘူး။

ကျွန်တော်တို့ ပစ်ပစ်ပြီးချင်း သူတို့ဘက်က လှမ်းပစ်တော့ ကျွန်တော်တို့ လည်း ကားထဲမှာ အကုန်ခေါင်းတွေငုံ့ထားလိုက်တော့ အဲ့ဘက်ကို ဘာမှမမြင်ရတော့တာ”ဟု The Boys Army တာဝန်ခံကြာစိက ပြောသည်။အဆိုပါရဲကင်းရှေ့တွင် စောင့်နေသည့် လက်နက်ကိုင် စစ်သား ၃ဦးခန့်ရှိနေသည့်အတွက် ထိခိုက်မှုလည်း ရှိနိုင်ကြောင်း၎င်းက ဆက်ပြောသည်။

“ အဲ့ကင်းအရှေ့မှာ စောင့်နေတဲ့ နှစ်ကောင် သုံးကောင်တော့ ရှိတာတွေ့တယ်၊ ထိခိုက်မှုတော့ အတိအကျတော့ မပြောနိုင်သေးပါဘူး၊ ကျွန်တော်တို့က ဒီကောင်တွေကိုမုန်းလို့ သူတို့တစ်ကောင် လျော့လျော့ နှစ်ကောင်လျော့လျော့ မနည်းဘူးဆိုတဲ့စိတ်နဲ့လုပ်နေတာပါ”ဟုတာဝန်ခံ ကိုကြာစိကဆက်လက်ပြောသည်။

Credit