နစ်နာမယ်သီချင်းဖြင့် အောင်မြင်ကျော်ကြားခဲ့သော တေးသံရှင် နော်ဒင့် ကွယ်လွန်လိုင်ဇာ ဇန်နဝါရီလ ၂၆၊ ၂၀၂၂ပရိသတ်များအကြား နစ်နာမယ်သီချင်းဖြင့် လူသိများခဲ့သော ကချင်တိုင်းရင်းသား တေးသံရှင် နော်ဒင့်သည် ယနေ့ နံနက် ၁၀ နာရီခန့်က ကေအိုင်အထိန်းချုပ်နယ်မြေဖြစ်သည့် လိုင်ဇာမြို့တွင် ကွယ်လွန်သွားကြောင်း သိရသည်။အသက် ၃၆ နှစ်အရွယ် တေးသံရှင် နော်ဒင့် သေဆုံးမှုနှင့်ပတ်သက်ပြီး သူနှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုယခုလို ပြောသည်။သူသေဆုံးသွားတာကို ကျွန်တော်တို့အနေနဲ့ ဆယ်နာရီလောက်မှာ သိတာပေါ့နော်။ သိသိချင်းတွေ့တဲ့အခါမှာ သေဆုံးနေပြီးဖြစ်ပေမယ့် ပြန်ရှင်လာမလားဆိုပြီး မျှော်လင့်ချက်နဲ့ ဆေးရု
ကိုချက်ချင်းပို့သေးတယ်။ အမှန်တော့ တွေ့ကတည်းကကို အသက်မရှိတော့ဘူး”ဟု ပြောသည်။တေးသံရှင်နော်ဒင့်၏ ဈာပနအခမ်းအနားကို ယနေ့ မွန်းလွှဲ သုံးနာရီခန့်တွင် လိုင်ဇာမြို့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သူကပြောသည်။နော်ဒင့် ကွယ်လွန်သွားသည့်အတွက် ကချင်အနုပညာရှင်များအသင်းမှလည်း ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ထားသည်။
၂၀၁၀ ခုနှစ်က ကဝေပျိုဆိုသည့် တေးစီးရီးဖြင့် အနုပညာလောကသို့ ဝင်ရောက်လာခဲ့သည့် တေးသံရှင် နော်ဒင့်သည် နစ်နာမယ်၊ နာကျည်းလိုက်ပါ၊ ဆုလာဘ် စသည့် သီချင်းများဖြင့် အောင်မြင်မှုကို ရရှိထားသူဖြစ်သည်။တေးသံရှင် နော်ဒင့်သည် အောင်မြင်မှုကို ရရှိနေချိန်တွင် မူးယစ်ဆေးဝါးအမှုကြောင့် နှစ်ရှည်အကျဉ်းကျခဲ့သည်။
မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း ၂၀၂၁ ခုနစ် ဧပြီလမှ စတင်ပြီး ကေအိုင်အေ ထိန်းချုပ်ရာ လိုင်ဇာမြို့တွင် KIA/KIO အစိုးရ၏ ရဲတပ်ဖွဲ့တွင် စေတနာ့ဝန်ထမ်း ဆောင်ရွက်ခဲ့သူဖြစ်သည်။ရဲတပ်ဖွဲ့တွင် စေတနာ့ဝန်ထမ်းလုပ်ဆောင်ချိန်တွင်လည်း ရှေ့တန်းမှ ကေအိုင်အေစစ်သည်များနှင့် PDF တပ်ဖွဲ့ဝင်များထံ သွားရောက်ကာ စိတ်ဓါတ်ခွန်အားပေး သီချင်းများဖြင့် လိုက်လံဖျော်ဖြေခဲ့သူလည်းဖြစ်သည်။
Credit
Zawgyi
နစ်နာမယ်သီချင်းဖြင့် အောင်မြင်ကျော်ကြားခဲ့သော တေးသံရှင် နော်ဒင့် ကွယ်လွန်လိုင်ဇာဇန်နဝါရီလ ၂၆၊ ၂၀၂၂။ပရိသတ်များအကြား နစ်နာမယ်သီချင်းဖြင့် လူသိများခဲ့သော ကချင်တိုင်းရင်းသား တေးသံရှင် နော်ဒင့်သည် ယနေ့ နံနက် ၁၀ နာရီခန့်က ကေအိုင်အထိန်းချုပ်နယ်မြေဖြစ်သည့် လိုင်ဇာမြို့တွင် ကွယ်လွန်သွားကြောင်း သိရသည်။
အသက် ၃၆ နှစ်အရွယ် တေးသံရှင် နော်ဒင့် သေဆုံးမှုနှင့်ပတ်သက်ပြီး သူနှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုယခုလို ပြောသည်။သူသေဆုံးသွားတာကို ကျွန်တော်တို့အနေနဲ့ ဆယ်နာရီလောက်မှာ သိတာပေါ့နော်။ သိသိချင်းတွေ့တဲ့အခါမှာ သေဆုံးနေပြီးဖြစ်ပေမယ့် ပြန်ရှင်လာမလားဆိုပြီး မျှော်လင့်ချက်နဲ့ ဆေးရု