Knowledge


သင်ဟာ ဘဝမှာ ဘယ်လိုအရာမျိုးကို ဖုံးကွယ်လေ့ရှိနေသလဲဘယ်လောက်ပဲ ရိုးသားတဲ့လူဖြစ်စေဦးတော့ ဘဝမှာ တစ်ခုမဟုတ် တစ်ခုကိုတော့ ဖုံးကွယ်လေ့ရှိမှာပါပဲ။ သင့်ရဲ့ ဘဝတစ်လျှာက်လုံး

အကျင့်ဖြစ်နေတဲ့ ဖုံးကွယ်ထားတဲ့အရာကရော ဘာလဲ ဒါကိုသိရဖို့အတွက် ပေးထားတဲ့ မျက်နှာဖုံးလေး ၄ ခုထဲကနေ သင့်စိတ်အာရုံကို မြင်မြင်ချင်းဖမ်းစားခဲ့တဲ့ ၁ ခုကိုရွေးချယ်ပြီး စမ်းစစ်ကြည့်လိုက်ပါ။(၁) ဂျိုကာမျက်နှာဖုံးဒီမျက်နှာဖုံးကပြောပြတဲ့ သင်ဖုံးကွယ်ထားတဲ့အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ သင့်ရဲ့မွေးရာပါ ပါရမီလို့ခေါ်မလား၊ အရည်အချင်းလို့ခေါ်မလားပဲ။ သင်ဟာ တစ်စုံတစ်ခုကို အမြဲတမ်း ကြိုမြင်လေ့ရှိတယ်၊ ကြိုသိလေ့ရှိတယ်။ ဒီအကြောင်းကို ဘယ်သူ့ကိုမှမပြောတာပါ။(၂)ကျားသစ်မျက်နှာဖုံးကျားသစ်မျက်နှာဖုံးကို ရွေးချယ်လိုက်တဲ့သင်ဟာ အနာဂတ်အစီအစဉ်တွေ၊ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းတွေ၊ ပြဿနာရဲ့အဖြေတွေ စတာတွေကို အရင်းနှီးဆုံးလူတောင် မသိအောင် ဖုံးကွယ်တတ်တဲ့သူပါတဲ့။(၃) ခွေးမျက်နှာဖုံးမိသားစုဝင်တွေကိုတောင် ပေးမသိတဲ့ သင့်ရဲ့လျှို့ဝှက်ချက်ကတော့ သင့်ရဲ့စိတ်ခံစားချက်တွေပါပဲ။ ဘာကြောင့်ဆို အပြင်ပမ်းကြည့်ရင် စိတ်မာသလိုထင်နေရပေမယ့် တကယ်တမ်း နှလုံးသားကနူးညံ့ပြီး စိတ်ထိခိုက်လွယ်တာကိုပြရမှာ ရှက်လို့ပါတဲ့။(၄) ကြောင်မျက်နှာဖုံးနောက်ဆုံးမျက်နှာဖုံးက သင့်အနေနဲ့ ဖုံးကွယ်ထားတဲ့အရာကို ပြောပြနေတာကတော့ ဒီလိုပါ။ သင်ဟာ ပြဿနာအခက်အခဲကြုံလာတိုင်း ဘယ်သူ့ကိုမှ ဖွင့်ပြောပြလေ့မရှိပါဘူးတဲ့။ ကိုယ့်ဟာကိုယ် ကြိတ်ပြီး ရအောင်ဖြေရှင်းကာ ဖြစ်သမျှတွေကနေ သင်ခန်းစာယူတတ်တဲ့လူမျိုးပေါ့။

 

 

 

Credit

Zawgyi







Credit