Local News

အာဖရိကဒေသ ဘာကီနာဖာဆိုနိုင်ငံ သမ္မတကို စစ်တပ်က ဖမ်းဆီးပြီး အာဏာသိမ်းမှု ဖြစ်ပွား

ဘာကီနာဖာဆိုနိုင်ငံတွင် ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းက စစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက် သမ္မတ ရို့ချ်မာ့စ်ခရစ်ရှန်ကာဘိုးကို ဖမ်းဆီးကာ စစ်တန်းလျားဆောင်တွင်ထိန်းသိမ်းထားကြောင်း လုံခြုံရေးများက ထုတ်ပြန်လိုက်ပါတယ်။ဘာကီနာဖာဆိုစစ်တပ်သည် သမ္မတကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုင်းငံ့ထား လိုက်ပြီး အစိုးရအဖွဲ့နှင့် အမျိုးသားလွှတ်တော်တို့ကို ဖျက်သိမ်းကာ နိုင်ငံ၏ နယ်စပ်လမ်းကြောင်းများကို ပိတ်ပင် ထားလိုက်ပါတယ်။

ကျွန်ုပ်တို့နိုင်ငံ၏ အခြေခံအုတ်မြစ်များကို ခြိမ်းခြောက်နေသည့် လုံခြုံရေးအခြေအနေများဆက် လက်ယိုယွင်းပျက်စီးလာမှုကိုထောက်ရှုကြည့်လျှင် နိုင်ငံတော်သမ္မတ ရို့ချ်မာ့စ်ခရစ်ရှန်ကာဘိုးအနေဖြင့် အခြေ အနေများကိ

ကိုင်တွယ်ထိန်းသိမ်းနိုင်စွမ်းမရှိသည်မှာ ထင်ရှားနေသဖြင့် နိုင်ငံတော်အာဏာကိုရယူသိမ်းပိုက် လိုက်ရခြင်းဖြစ်ကြောင်း” အာဏာသိမ်စစ်တပ်၏ကြေညာချက်ကို ဒုတိယဗိုလ်မှူးကြီး ပေါလ်ဟန်ရီ ဆန်ဒါဂိုဒါမီဘာက လက်မှတ်ရေးထိုး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းတွင် မြို့တော်ဝါးဂက်ဒီဂိန်ရှိ သမ္မတကာဘိုးနေအိမ် အနီး တွင် သေနတ်သံများကြားရပြီး အိမ်အပေါ်ဘက်တွင် ရဟတ်ယာဉ်တစ်စင်း ပျံသန်းနေသည်ကို မြင်တွေ့ရ ကြောင်း မျက်မြင်သက်သေများကပြောပါတယ်။

တနင်္ဂနွေနေ့မှစ၍ အင်တာနက်လိုင်းများဖြတ်တောက်ထားသဖြင့် ကောလာဟလသတင်းများကို အတည်ပြုရန် ခက်ခဲသောကြောင့် မြို့တော်တွင်းရှိ အခြေအနေများမှာ တင်းမာ၊ ရှုပ်ထွေးနေသည်။ခေါင်းစွပ်မျက်နှာဖုံးဝတ်ဆင်ထားသောလုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးမှာ ဇန်နဝါရီလ ၂၄ ရက်နေ့က

အမျိုးသားအသံ လွှင့်ဌာနရှေ့တွင် နေရာယူထားသည်ကို တွေ့ရှိရပေမယ့်လည်း အဆိုပါအဖွဲ့မှာ အာဏာသိမ်းစစ်တပ်ကအဖွဲ့လား၊ အစိုးရက စေလွှတ်သောအဖွဲ့လားဆိုသည်ကို ရှင်းလင်းကွဲပြားစွာ မသိရကြောင်း အေအက်ဖ်ပီ သတင်းထောက်များက ပြောပါတယ်။

သမ္မတကာဘိုးသည် ပထမဦးဆုံး ၂၀၁၅ ခုနှစ်တွင် ရွေးချယ်ခံခဲ့ရပြီး နောက်ထပ်ငါးနှစ်တွင် ထပ်မံရွေးချယ်ခံခဲ့ရ သည်။ ကာဘိုးသည် ဂျီဟတ်ဝါဒီသူပုန်များကို တိုက်ခိုက်ရန် ဦးစားပေးဆောင်ရွက်ခဲ့ပြီး နိုင်ငံတွင်းတည်ငြိမ်အောင် မလုပ်နိုင်တဲ့အတွက် လူထုထောက်ခံမှု ကျဆင်းခဲ့ရပါတယ်။ဘာကီနာဖာဆိုနိုင်ငံတွင် စစ်အာဏာသိမ်းမှု သို့မ ဟုတ် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု သုံးလေး ကြိမ်ဖြစ်ခဲ့ဖူးကြောင်းသိရသည်။

Credit