Knowledge

ဒီလို့နေ့စဉ်လုပ်ရင် မကြာခင် ကြီးပွားချမ်းသာလာလိမ့်မယ်

ဒီလို့နေ့စဉ်လုပ်ရင် မကြာခင် ကြီးပွားချမ်းသာလာလိမ့်မယ်ကြီးပွားချမ်းသာချင်ရင် (အာစိဏ္ဏကံကုသိုလ်)ဘုရားရှိခိုးဖြစ် ရဲ့လား။ သောက်တော်ရေ ရော နေ့စဉ်ကပ်ဖြစ် ရဲ့လား။ ဘုရားပန်းလည်း အပတ်စဉ်လှူဖြစ်ရဲ့လား။ အဲ့လို့ နေ့စဉ် လုပ်ရင် ကုသိုလ်ကို စွဲသွားတာလို့ ခေါ်တယ်။ မကြာခင် ကြီးပွါး တော့မယ့် လက္ခဏာပဲ။

သေချာမှတ်ထားလောကမှာ အကုသိုလ်ကို စွဲသွားတဲ့ လူရယ်၊ ကုသိုလ်ကို စွဲသွားတဲ့ လူရယ်လို့ လူနှစ်မျိုးရှိတယ် ။ လူတစ်ယောက်ဟာ အကုသိုလ် ဘက်မှာ စွဲသွားပြီ ဆိုရင် အဲဒီ လူဟာ မကြာခင် မွဲသွား တတ်တော့ တာပဲ။

တွေ့ဖူးတယ် မလား၊ အရက်သေစာ သောက်စားမှုကို စွဲသွားတဲ့ သူတွေ၊ မကောင်းတဲ့ နေရာတွေမှာ စွဲလမ်းသွားတဲ့ သူတွေကို လေ ။ အဲ့သလို လူမျိုးတွေ ဟာ မကြာခင် မွဲသွာ းတတ်တယ်။ ငါတို့ ဒေသအခေါ်ကျတော့ အဲ့ဒါမျိုးကို ကင်းပွန်း သင့်တယ်လို့ ခေါ်တာ ပေါ့ကွာ။

ကုသိုလ် ဘက် မှာ စွဲသွားတဲ့ လူတွေ ကြတော့ မကြာ မတင်မှာပဲ ချမ်းသာ လာတတ် တယ်ကွ။နေ့စဉ် ပြုနေကျ သောက်တော် ရေကပ်၊ ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေတ ာလောက်မှ မလုပ် ရရင် တစ်ခုခုလို နေသလို တွေ့လာပြီ ဆိုရင် အဲဒါမျိုးကို ကုသိုလ်ကို စွဲသွားတာ လို့ ခေါ် တယ် ။

အဲ့သလို ဖြစ်လာ ပြီဆိုရင် စိတ်သာချပေတော့ကွ၊ မကြာခင် ကြီးပွါးချမ်းသာတော့မယ်။ ဘာကြောင့်လဲဆိုတော့ ကုသိုလ်ကို စွဲသွား လို့ပဲ ။ စွဲသွားတဲ့ အခါ ကျတော့ ကုသိုလ်ကောင်းမှု ဆိုတာ နေ့စ ဉ်ပြုဖြစ် လာတော့တာပဲ။အဲ့ဒါမျိုးကို အာစိဏ္ဏကံကုသိုလ်လို့ ခေါ်တယ်။

သေချာမှတ်ထားနော်၊အာစိဏ္ဏ ကံကုသိုလ် ဆိုတာ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ဆိုသလို အချိန်မှန်မှန်ပြုတဲ့ ကုသိုလ်မျိုးကို ဆိုလို တယ် ။ အချိန်မှန်မှန် ပြုတယ် ဆိုရင်ပဋ္ဌာန်းလိုအာသေဝနပစ္စည်း တပ်တော့တာပဲကွ။ (အာသေဝနဆိုတာ အထပ်ထပ်အခါခါ ပြုတာမျိုးကို ပြောတာပဲ)

ဓားသွေးသလို ပေါ့ကွာ။ အချိန်မှန်မှန်၊ အထပ်ထပ် အခါခါ သွေးဖန်များတော့၊ ဓားဟာ ထက်လာရ သလိုပဲ၊ ကုသိုလ်ကောင်းမှု ဆိုတာလည်း အချိန်မှန်မှန် အထပ်ထပ် အဖန်ဖန် ပြုဖန်များတော့ ထက်မြက် လာတော့တာ ပဲကွ။

အလုပ်ကိုလည်း ကြိုးစားပြီး လုပ်သလို၊ သောက်တော် ရေကပ်၊ ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေ တဲ့ အခြေခံ ကုသိုလ် အလုပ်တွေ ကိုလည်း စွဲသွားသည် အထိ ကြိုးစားပြီးတော့ လုပ်ကွာ။ မကြာခင် ကြီးပွားချမ်းသာလာ ပါလိမ့် မယ် ။အရှင်ဝိသာရဒ (ရမ္မာဝတီ) တရားတော်မှ / အီ သာ

Credit

Zawgyi

ဒီလို့နေ့စဉ်လုပ်ရင် မကြာခင် ကြီးပွားချမ်းသာလာလိမ့်မယ်ကြီးပွားချမ်းသာချင်ရင် (အာစိဏ္ဏကံကုသိုလ်)ဘုရားရှိခိုးဖြစ် ရဲ့လား။ သောက်တော်ရေ ရော နေ့စဉ်ကပ်ဖြစ် ရဲ့လား။ ဘုရားပန်းလည်း အပတ်စဉ်လှူဖြစ်ရဲ့လား။ အဲ့လို့ နေ့စဉ် လုပ်ရင် ကုသိုလ်ကို စွဲသွားတာလို့ ခေါ်တယ်။ မကြာခင် ကြီးပွါး တော့မယ့် လက္ခဏာပဲ။

သေချာမှတ်ထား….လောကမှာ အကုသိုလ်ကို စွဲသွားတဲ့ လူရယ်၊ ကုသိုလ်ကို စွဲသွားတဲ့ လူရယ်လို့ လူနှစ်မျိုးရှိတယ် ။ လူတစ်ယောက်ဟာ အကုသိုလ် ဘက်မှာ စွဲသွားပြီ ဆိုရင် အဲဒီ လူဟာ မကြာခင် မွဲသွား တတ်တော့ တာပဲ။

တွေ့ဖူးတယ် မလား၊ အရက်သေစာ သောက်စားမှုကို စွဲသွားတဲ့ သူတွေ၊ မကောင်းတဲ့ နေရာတွေမှာ စွဲလမ်းသွားတဲ့ သူတွေကို လေ ။ အဲ့သလို လူမျိုးတွေ ဟာ မကြာခင် မွဲသွာ းတတ်တယ်။ ငါတို့ ဒေသအခေါ်ကျတော့ အဲ့ဒါမျိုးကို ကင်းပွန်း သင့်တယ်လို့ ခေါ်တာ ပေါ့ကွာ

ကုသိုလ် ဘက် မှာ စွဲသွားတဲ့ လူတွေ ကြတော့ မကြာ မတင်မှာပဲ ချမ်းသာ လာတတ် တယ်ကွ။နေ့စဉ် ပြုနေကျ သောက်တော် ရေကပ်၊ ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေတ ာလောက်မှ မလုပ် ရရင် တစ်ခုခုလို နေသလို တွေ့လာပြီ ဆိုရင် အဲဒါမျိုးကို ကုသိုလ်ကို စွဲသွားတာ လို့ ခေါ် တယ် ။

အဲ့သလို ဖြစ်လာ ပြီဆိုရင် စိတ်သာချပေတော့ကွ၊ မကြာခင် ကြီးပွါးချမ်းသာတော့မယ်။ ဘာကြောင့်လဲဆိုတော့ ကုသိုလ်ကို စွဲသွား လို့ပဲ ။ စွဲသွားတဲ့ အခါ ကျတော့ ကုသိုလ်ကောင်းမှု ဆိုတာ နေ့စ ဉ်ပြုဖြစ် လာတော့တာပဲ။အဲ့ဒါမျိုးကို အာစိဏ္ဏကံကုသိုလ်လို့ ခေါ်တယ်။

သေချာမှတ်ထားနော်၊အာစိဏ္ဏ ကံကုသိုလ် ဆိုတာ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ဆိုသလို အချိန်မှန်မှန်ပြုတဲ့ ကုသိုလ်မျိုးကို ဆိုလို တယ် ။ အချိန်မှန်မှန် ပြုတယ် ဆိုရင်ပဋ္ဌာန်းလိုအာသေဝနပစ္စည်း တပ်တော့တာပဲကွ။ (အာသေဝနဆိုတာ အထပ်ထပ်အခါခါ ပြုတာမျိုးကို ပြောတာပဲ)ဓားသွေးသလို ပေါ့ကွာ။

အချိန်မှန်မှန်၊ အထပ်ထပ် အခါခါ သွေးဖန်များတော့၊ ဓားဟာ ထက်လာရ သလိုပဲ၊ ကုသိုလ်ကောင်းမှု ဆိုတာလည်း အချိန်မှန်မှန် အထပ်ထပ် အဖန်ဖန် ပြုဖန်များတော့ ထက်မြက် လာတော့တာ ပဲကွ။အလုပ်ကိုလည်း ကြိုးစားပြီး လုပ်သလို၊

သောက်တော် ရေကပ်၊ ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေ တဲ့ အခြေခံ ကုသိုလ် အလုပ်တွေ ကိုလည်း စွဲသွားသည် အထိ ကြိုးစားပြီးတော့ လုပ်ကွာ။ မကြာခင် ကြီးပွားချမ်းသာလာ ပါလိမ့် မယ် ။အရှင်ဝိသာရဒ (ရမ္မာဝတီ) တရားတော်မှ / အီ သာ

Credit