Knowledge

သာသနာသက်တမ်း ဘယ်လောက်ကျန်သေးလဲ

လူအများသိထားတာက သာသနာနှစ်(၅၀၀၀) ယခု သာသနာနှစ်က(၂၅၆၃)ဆိုတော့ နောက်ထက်သာသနာနှစ် (၂၄၃၇)ကျန်သေးတယ်ပေါ့။ သေချာစဉ်းစားပါ၊ အဲဒီကျန်သေးတဲ့ ၂၄၃၇နှစ်လုံးက ကိုယ့်အတွက်ဟုတ်ရဲ့လားလို့။

အခုလူတွေရဲ့သက်တမ်းက ၇၅နှစ်၇၅ထက် ကျော်တဲ့သူကနည်းပါတယ်။ အဲဒီအတွင်းသေတဲ့ လူကပဲများပါတယ်။ ဒီတော့စာဖတ်သူက အသက်၂၀ဆိုရင် စာဖတ်သူအတွက် သာသနာဟာ၅၅နှစ်ပဲ ကျန်တော့တယ်။

စာဖတ်သူကအသက်၅၀ဆိုရင် စာဖတ်သူအတွက်သာသနာဟာ ၂၀နှစ်ပဲကျန်တော့တယ်။ ဒါကပျမ်းမျှနေရမယ့်နှစ်နဲ့ တွက်ပြတာနော်။ တကယ်လို့စာဖတ်သူက မနက်ဖြန်သေမယ်ဆိုရင် သဘက်ခါစာရေးသူအတွက် သာသနာကွယ်သွားပြီ။

ဦးဇင်းကသေကြောင်းတွေပြောလို့ မင်္ဂလာမရှိဘူးလို့ မတွေးလိုက်ပါနဲ့။ ပြောတဲ့စကားကလွန်တယ်လို့ မထင်လိုက်ပါနဲ့။ လေးလေးနက်နက်တွေးစေချင်တယ်။ ခုပြောနေတဲ့ဦးဇင်းလည်း သေမှာပဲနော်။အားလုံးရှောင်လို့မရတဲ့ သေချာတဲ့လမ်းပါနော်။

အသက်၂၀ရှိတဲ့ စာဖတ်သူအတွက် သာသနာဟာ ၅၅နှစ်ကျန်တယ်ဆိုပေမယ့် အဲဒီ၅၅နှစ်လုံး သူသာသနာနဲ့တွေ့ပါ့မလား။ ခုဒီစာကိုဖတ်နေတဲ့သင်ရော သာသနာနဲ့တကယ်တွေ့ပြီးပြီလား။ သာသနာနဲ့တွေ့ရကျိုး တကယ်နပ်ပြီလား။ကမ္ဘာပေါင်းသိန်းသန်းများစွာ ရေတွက်လို့မရအောင် ပါရမီဖြည့်ပြီးမှ တစ်ကြိမ်တစ်ခါပဲတစ်ခဏပဲ ပွင့်ပေါ်လာရတဲ့သာသနာကို လွယ်လွယ်လေးနဲ့မျက်နှာလွှဲသွားတော့မှာလား။ ပါရမီရှိလို့ ဒီသာသနာတော်ကြီးနဲ့ တွေ့နေကြုံနေ ဆုံနေကြရတာဖြစ်တဲ့အတွက်

ကြိုးစားရင်ကြိုးစားသလောက် ခရီးရောက်နိုင်ပါတယ်။ အပါယ်သံသရာကလွတ်အောင် အားထုတ်နိုင်တဲ့အခွင့်အရေး ဗုဒ္ဓဘာသာဝင်တိုင်းမှာ ရှိနေကြပါတယ်။ ဒီတစ်ခါလွဲသွားရင် အလွန်ပဲနှမြောဖို့ကောင်းပါတယ်နော်။ ဒီကမ္ဘာမှာ အရိမေတ္တေယျမြတ်စွာဘုရား ကျန်သေးတာပဲဘုရား ဘာပူစရာလိုလို့လဲလို့ စောဒကတက်မလို့လား။

မြစ်ထဲကသဲတွေလောက်များတဲ့ ဘုရားတွေပွင့်ခဲ့ပြီးတာတောင် ဦးဇင်းတို့တွေ လွဲလာခဲ့တာတစ်ဆူတည်းသာကျန်တဲ့ ဘုရားကိုမျှော်လင့်ပြီး မေ့မေ့လျော့လျော့နေဦးမယ်ဆိုရင်တော့ မျှော်မနေနဲ့၊ သေချာတယ်ဒယ်အိုးပဲ။ကဲ၊စာဖတ်သူ စာဖတ်သူအတွက် သာသနာသက်တမ်း ဘယ်လောက်ကျန်သေးလဲ။

Credit

Unicode

လူအများသိထားတာက သာသနာနှစ်(၅၀၀၀) ယခု သာသနာနှစ်က(၂၅၆၃)ဆိုတော့ နောက်ထက်သာသနာနှစ် (၂၄၃၇)ကျန်သေးတယ်ပေါ့။ သေချာစဉ်းစားပါ၊ အဲဒီကျန်သေးတဲ့ ၂၄၃၇နှစ်လုံးက ကိုယ့်အတွက်ဟုတ်ရဲ့လားလို့။

အခုလူတွေရဲ့သက်တမ်းက ၇၅နှစ်၇၅ထက် ကျော်တဲ့သူကနည်းပါတယ်။ အဲဒီအတွင်းသေတဲ့ လူကပဲများပါတယ်။ ဒီတော့စာဖတ်သူက အသက်၂၀ဆိုရင် စာဖတ်သူအတွက် သာသနာဟာ၅၅နှစ်ပဲ ကျန်တော့တယ်။

စာဖတ်သူကအသက်၅၀ဆိုရင် စာဖတ်သူအတွက်သာသနာဟာ ၂၀နှစ်ပဲကျန်တော့တယ်။ ဒါကပျမ်းမျှနေရမယ့်နှစ်နဲ့ တွက်ပြတာနော်။ တကယ်လို့စာဖတ်သူက မနက်ဖြန်သေမယ်ဆိုရင် သဘက်ခါစာရေးသူအတွက် သာသနာကွယ်သွားပြီ။

ဦးဇင်းကသေကြောင်းတွေပြောလို့ မင်္ဂလာမရှိဘူးလို့ မတွေးလိုက်ပါနဲ့။ ပြောတဲ့စကားကလွန်တယ်လို့ မထင်လိုက်ပါနဲ့။ လေးလေးနက်နက်တွေးစေချင်တယ်။ ခုပြောနေတဲ့ဦးဇင်းလည်း သေမှာပဲနော်။အားလုံးရှောင်လို့မရတဲ့ သေချာတဲ့လမ်းပါနော်။အသက်၂၀ရှိတဲ့ စာဖတ်သူအတွက် သာသနာဟာ ၅၅နှစ်ကျန်တယ်ဆိုပေမယ့် အဲဒီ၅၅နှစ်လုံး သူသာသနာနဲ့တွေ့ပါ့မလား။ ခုဒီစာကိုဖတ်နေတဲ့သင်ရော သာသနာနဲ့တကယ်တွေ့ပြီးပြီလား။ သာသနာနဲ့တွေ့ရကျိုး တကယ်နပ်ပြီလား။

ကမ္ဘာပေါင်းသိန်းသန်းများစွာ ရေတွက်လို့မရအောင် ပါရမီဖြည့်ပြီးမှ တစ်ကြိမ်တစ်ခါပဲတစ်ခဏပဲ ပွင့်ပေါ်လာရတဲ့သာသနာကို လွယ်လွယ်လေးနဲ့မျက်နှာလွှဲသွားတော့မှာလား။ ပါရမီရှိလို့ ဒီသာသနာတော်ကြီးနဲ့ တွေ့နေကြုံနေ ဆုံနေကြရတာဖြစ်တဲ့အတွက်