မွေးကတည်းက သွားလေးချောင်းပါလာတဲ့ကလေးကို ကျွန်မမလိုချင်ဘူး။ ဒီကလေးကို သွားမြှုပ်လိုက်ပါ။ နောက်ထပ်ထပ်မွေးပေးပါ့မယ်။ ဒီကလေးတော့ မယူပါရစေနဲ့။ဘီလူးနက္ခတ်၊ ၁၉၈၀ဝန်းကျင်ခန့်ကဖြစ်သည်။
တောင်ပေါ်ဒေသ၏ အေးချမ်းသောရာသီဥတုအရှိန်က အရိုးကွဲမတတ်အေးလှသည်။ မီးလင်းဖိုလေးနဘေးတွင် မွေးကင်းစကလေးငယ်ကိုရင်ခွင်ပိုက်ပြီး မီးနေသည်ဇနီး၏အရှေ့၌ ဒူးထောက်ငိုကြွေးနေသော ယောက်ျားတစ်ယောက်။
ဝမ်းထဲကကျွတ်ကျွတ်ခြင်းပင် နို့ဆာ၍ငိုနေသော ကလေးငယ်ကို ပိုက်ထားသောလင်ယောက်ျားဖြစ်သူ ကိုထွန်းဝေကငိုကြွေးရင်း ဇနီးဖြစ်သူကို တောင်းပန်တိုးလျှိုးနေသည်။ “ခင်မေ၊ကိုယ်တောင်းပန်ပါတယ်။
သမီးလေးကို နို့တိုက်ပေးပါကွာ။ သမီးလေးက မင်းရဲ့သမီးလေးပါကွာ” လက်သည်မိန်းမကြီးနှင့် အနီးအနားက မိန်းမကြီးသံုးယောက်က ကျွန်ုပ်၏အဖြစ်အပျက်ကိုကြည့်၍ စိတ်မကောင်းဖြစ်ရုံလွဲ၍ ဘာမှဝင်မပြောနိုင်ချေ။
“မွေးကတည်းက သွားလေးချောင်းပါလာတဲ့ကလေးကို ကျွန်မဘယ်လိုနို့တိုက်ရမလဲ။ ကျွန်မဒီကလေးကို မလိုချင်ဘူးကိုထွန်းဝေ။ ဒီကလေးကိုသွားမြှုပ်လိုက်ပါနော်။ ခင်မေနောက်ထပ် ထပ်မွေးပေးပါ့မယ် ကိုထွန်းဝေရယ်။ ဒီကလေးတော့ မယူပါရစေနဲ့”
ဇနီးဖြစ်သူက ခါးခါးသီးသီးဖြစ်နေသည်။ ကျွန်တော်ကတော့ သမီးလေးကို အဆုံးရှုံးမခံနိုင်ပါ။ ဇနီးသည်ကိုယ်ဝန်ရှိစဉ်ကတည်းက အထီးမှန်းအမမှန်းမသိသေးသော ကလေးငယ်၏ အနာဂတ်ကို ကြိုတင်ရင်ခုန်ရသူဖြစ်သည်။ သမီးလေးမွေးလာတော့ သွားလေးချောင်းပါလာသည်။
အရပ်လက်သည်က ဘီလူးနက္ခတ်ပါသည့်ကလေးဖြစ်၍ မမွေးကောင်းဟုပြောသောကြောင့် ဇနီးဖြစ်သူမှာ သမီးလေးကိုပင် မချီရဲတော့ပေ။ နို့တိုက်ဖို့ဆိုတာဝေးစွ။ ငိုကြွေးနေသောသမီးလေးကို နို့မတိုက်ပဲမြေမြှုပ်ခိုင်းနေသော ဇနီးဖြစ်သူကိုကြည့်ရင်း ကိုထွန်းဝေတစ်ယောက် ဒေါသအရှိန်မြင့်တတ်လာသည်။“ဒီမှာခင်မေ၊ မင်းလည်းကျောင်းဆရာမ။ ငါလည်းကျောင်းဆရာ။ နှစ်ယောက်စလုံးက ခေတ်ပညာတတ်တွေဖြစ်ပြီး အယူမသီးပါနဲ့။ ကိုယ်တောင်းပန်ပါတယ်။ သမီးလေးကို နို့တိုက်လိုက်ပါနော်”
မျက်ရည်တွေကြားက သမီးလေးကိုပွေ့ပြီး ဇနီးထံကမ်းပေးလေသည်။ ဇနီးဖြစ်သူက ကလေးကိုဆောင့်တွန်း၍ “ရှင်ဒီကလေးကို သွားစွန့်ပစ်မလား ကျုပ်ကိုစွန့်ပစ်မလား တစ်ခုခုရွေး” ဒေါသတကြီးတုံ့ပြန်လိုက်သော ဇနီးသည်ကို ကိုထွန်းဝေကြည့်ရင်း ခေါင်းငိုက်ကျခဲ့ရသည်။
“ခင်မေ၊ဒီကလေးမှာ အသိဥာဏ်မရှိသေးဘူး။ အခုမှလူ့လောကထဲကို ရောက်လာတာနာရီပိုင်းပဲရှိသေးတဲ့ ကလေးငယ်တစ်ယောက်ကို ငါဘယ်လိုနှလုံးသားနဲ့ စွန့်ပစ်ရမလဲခင်မေ။ သူဟာမင်းရဲ့ရင်သွေးပါ။
ရင်ကဖြစ်ပေါ်တဲ့သွေးပါ။ ငါဒီကလေးကို မစွန့်ပစ်နိုင်ဘူး။ မင်းအသက်ငယ်သေးတာပဲ။ နောက်အိမ်ထောင်ထပ်ကျရင် နောက်ထပ်ကလေးတွေ ထပ်မွေးလို့ရပါသေးတယ်။ ဒါပေမဲ့ဒီသမီးလေးကို ငါရအောင်မွေးမယ်”
ဟုကိုထွန်းဝေပြတ်သားသော စကားကိုပြောပြီး သူ၏အဝတ်အစားများကို အိတ်ထဲသို့ထည့်လေသည်။ သမီးလေးကိုနွေးထွေးအောင် ဂုံနီစောင်နှင့်ပတ်၍ ထွက်လာခဲ့လေတော့သည်။ ထိုနေ့မှစ၍ ထိုရွာကကျောင်းလေးတွင်
ဆရာမတစ်ယောက်က ဘီလူးနက္ခတ်ပါသော ကလေးကိုမွေး၍ ယောက်ျားဖြစ်သူကျောင်းဆရာက ထိုကလေးကိုခေါ်၍ ပျောက်ကွယ်သွားသည်ဆိုသည့်သတင်း ပြောစမှတ်တွင်ခဲ့လေတော့သည်။
ဒေါက်တာသွန်းဆုစံ ချွေးစီးများကျနေလေသည်။ တိုက်နယ်ဆေးရုံလေးဖြစ်သည့်အလျှောက် ပစ္စည်းများမစုံလင်သော်လည်း လူနာကိုအားချင်း မြို့ဆေးရုံကိုပို့လျှင်လည်း လမ်းတွင်တစ်ခုခုဖြစ်သွားနိုင်သည်။ “ဒေါက်တာရယ်၊သမီးလေးနဲ့ မြေးလေးအသက်ကိုရအောင်ကယ်ပေးပါ။ ကျွန်မအသက်နဲ့ လဲပေးဆိုလည်း လဲပေးပါ့မယ်”
မျက်ရည်များကျ၍ မိမိအားအားကိုးတကြီးတောင်းပန်နေသော အဒေါ်ကြီးကိုကြည့်၍ စိတ်မကောင်းဖြစ်မိလေသည်။ “စိတ်ချပါအဒေါ်၊ လူနာတွေကိုကယ်ဖို့ဆိုတာ ကျွန်မတို့တာဝန်ပါ အဒေါ့်သမီးရှောရှောရှူရှုမွေးနိုင်မှာပါ။ စိတ်မပူပါနဲ့အဒေါ်”
ဒေါက်တာသွန်းဆုစံ လိုအပ်သောဆေးဝါးများယူငင်၍ မွေးခန်းထဲဝင်သွားလေသည်။ ကလေးကတော်တော်နှင့် မမွေးနိုင်ပါ။ ပထမဆုံးကိုယ်ဝန်ဆောင်သောဗိုက်ဖြစ်၍ အခက်အခဲများရှိနေလေသည်။ မိခင်လုပ်သူကလည်း အားနည်းနေ၍ ကောင်းစွာညှစ်အားမရှိပေ။
Syndoperတစ်လုံးထား၍ အခြေအနေစောင့်နေလေသည်။ အခန်းဝတွင်လူနာရှင်များ ယောက်ယက်ခပ်နေလေသည်။ သားအိမ်ကသာမန်ထက် ညှစ်အားနည်းနေသောကြောင့် အခက်အခဲရှိနေလေသည်။ မိမိဘေးမှနပ်စ်မလေးနှစ်ယောက်ကလည်း ချွေးပြန်နေလေသည်။
“မိနှစ်နှစ်ဆယ်လောက်ဆိုရင် ဆေးအလုပ်လုပ်ပြီ။ အခုမိခင်သက်သာအောင် အောက်ဆီဂျင်ပေးထားပါ” ဒေါက်တာသွန်းဆုစံ ဆေးထပ်ယူရန်ထွက်အလာ “ဒေါက်တာဒီလောက်ကြာနေတာကို မမွေးနိုင်သေးရင် ကျွန်မတို့ချက်ချင်းမြို့ဆေးရုံကို ကားနဲ့သွားမယ်။ ကျွန်မသမီးကို ပြန်ထုတ်ပေးပါ”
ဒေါသတကြီးနဲ့ အော်ဟစ်လိုက်သော အဒေါ်ကြီးစကားကြောင့် ဒေါက်တာသွန်းဆုစံ ပင်ပန်းနေသည့်ကြားက ပြုံးပြလေသည်။ “အဆင်ပြေပါလိမ့်မယ်အဒေါ်၊ မိခင်ရောကလေးပါ အန္တရာယ်မဖြစ်ဖို့ ကျွန်မအသက်နဲ့ အာမခံပေးရဲပါတယ်”
ကျန်တဲ့သူတွေက ထိုအဒေါ်ကြီးကို ဝင်တားလေသည်။ “အမေရယ်တော်ပါတော့ ဒေါက်တာလည်းကြိုးစားပေးနေတာပဲ” ဒေါက်တာသွန်းဆုစံ လူနာရှင်များကိုပြုံးပြ၍ မွေးခန်းထဲသို့ဝင်သွားလေသည်။ တစ်နာရီခန့်အကြာ “အူဝဲ့့့အူဝဲ” ဒေါက်တာသွန်းဆုစံ မွေးခန်းထဲကထွက်လာပြီး လူနာရှင်များကိုပြုံးပြ၍
“အခုမိခင်နဲ့ကလေးကို သန့်ရှင်းရေးလုပ်နေလို့ ခဏနေရင်ေဝင်ကြည့်လို့ရပါပြီရှင်” စောစောကမိမိကိုရန်တွေ့သော အဒေါ်ကြီးလည်းပျော်နေလေသည်။ မိမိလည်းနားနေခန်းသို့ ထွက်လာခဲ့တော့သည်။
ဂျူတီကုပ်ကိုချိတ်၍ ခြေလက်သန့်ရှင်းရေး လုပ်နေသည်။ မိမိ၏အသုံးအဆောင်ပစ္စည်းများကို အိတ်ထဲသို့ထည့်၍ ပြန်ခါနီးအချိန်တွင် စောစောကလူနာရှင်များ ဝင်လာလေသည်။ လူနာရှင်အဒေါ်ကြီးက
“ဒေါက်တာကျွန်မမြေးလေးက သွားလေးတစ်ချောင်းပါလာတာ ကျွန်မတို့ကိုဘာလို့ မပြောတာလဲ” ဒေါက်တာသွန်းဆုစံလည်း အဒေါ်ကြီးနှင့်လူနာရှင်များကိုပြုံးပြ၍ “ခဏထိုင်ပါအုံးရှင့်။ ကျွန်မလက်ကလေးဆေးချင်လို့”
လူနာရှင်အဒေါ်ကြီးက အေးတိအေးစက်လုပ်နေသော ဒေါက်တာသွန်းစုစံကို သိပ်မကျေနပ်ပေ။ လက်ဆေးပြီးသည်နှင့် လူနာရှင်များအရှေ့တွင်ထိုင်၍ ဒေါက်တာသွန်းဆုစံ စကားပြောလေသည်။ “ကျွန်မအတွေ့အကြုံတစ်ခုပြောပြမယ်။
လွန်ခဲ့တဲ့ အနှစ်၃၀ကျော်က တောင်ပေါ်ဒေသတစ်ခုမှာ တာဝန်ကျနေတဲ့ ကျောင်းဆရာလင်မယားကနေ ကလေးတစ်ယောက်မွေးခဲ့တယ်”“ကလေးကမှေးမှေးပွီးခငြျး သှားလေးခြောငျးပါလာလို့ ဘီလူးနက်ခတျနဲ့
မှေးတဲ့ကလေးဆိုပွီး မိခငျလုပျသူက မလိုခငြျဘူး။ ကလေးကိုသှားမွှုပျခိုငျးတယျ” လူနာရှငျအဒေါျကွီး ဒေါကျတာသှနျးဆုစံကို စိုကျကွညျ့နလေသေညျ။ ဒေါကျတာကဆကျပွောနသေညျ။“ဒါပေမဲ့လူမှန်းမသိသေးတဲ့ ကလေးတစ်ယောက်ကို မစွန့်ပစ်ရက်တဲ့ ယောက်ျားလုပ်သူဟာ ကလေးကိုခေါ်ပြီး အဲ့ဒီအရပ်ကိုစွန့်ခွာခဲ့တယ်။ ကံကောင်းချင်တော့ လက်ထဲမှာဘာမှမရှိတဲ့ ကျောင်းဆရာဟာအဲ့ဒီခေတ်မှာ ထီပေါက်သွားခဲ့တယ်။ နောက်တော့သူတို့သားအဖ ရန်ကုန်ကိုပြောင်းရင်း သူ့သမီးလေး၅တန်းနှစ်မှာ ချဲ၁၂၀၀၀၀ဖိုးထပ်ပေါက်တယ်”
“အမျှော်အမြင်ရှိတဲ့သူ့အဖေက သမီးလေးရှေ့ရေးအတွက် စားသောက်ဆိုင်ဖွင့်ခဲ့တယ်။ စားသောက်ဆိုင်ကလည်း အောင်မြင်ခဲ့တာပေါ့။ နောက်တော့သူ့သမီးလေး ဘွဲ့ယူပြီးနောက်တစ်နှစ်မှာ သူ့ဖေကဆုံးပါးခဲ့တယ်။ ကျွန်မပြောချင်တာ တချို့ကိစ္စတွေမှာ အယူမသည်းကြပါနဲ့။ မွေးကင်းစကလေးသွားပါတာ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု့နဲ့ဆိုင်ပါတယ်”
“အယောက်၁၀၀မှာ တစ်ယောက်ပေါ့နော်။ ဒါကိုအယူသည်းလိုက်ရင် ဒီကလေးဟာ စွန့်ပစ်ခံဘဝနဲ့ အသက်ဆုံးရှုံးသွားလိမ့်မယ်” ထိုအချိန်အဒေါ်ကြီးကထမေးသည်။ “ဒေါက်တာပြောပြတဲ့ ကျောင်းဆရာသမီးက အခုဘယ်ရောက်နေလဲ”
ဒေါက်တာသွန်းဆုစံပြုံးပြ၍ “ကျွန်မမိခင်က ကျွန်မကိုမလိုချင်လို့ အဖေကိုမြေသွားမြှုပ်ခိုင်းပေမဲ့ အဖေ့ရဲ့မေတ္တာတရားကြောင့် ကျွန်မဆရာဝန်ဖြစ်ခဲ့တယ်။ အဲ့ဒီကျောင်းဆရာရဲ့သမီးက ကျွန်မပါပဲအဒေါ်။ ဘီလူးနက္ခတ်ပါတဲ့ကလေးဆိုပြီး အစွန့်ပစ်ခံဘဝကနေ ဒီဘဝကိုရောက်ခဲ့တာပါ”
“ကဲအားလုံးပဲ ကျွန်မသွားလိုက်ပါအုံးမယ်။ ဒါနဲ့ အယူမသီးကြပါနဲ့။ အကယ်၍ဒီကလေးကို မလိုချင်ရင် တခြားနည်းလမ်းတွေမသုံးပါနဲ့ ကျွန်မမွေးစားပါ့မယ်”“ကျွန်တော့်ကလေးကို ကျွန်တော်ယူမယ်ဒေါက်တာ။
သူဟာသူဘာပဲဖြစ်ဖြစ် ကျွန်တော်ရအောင်မွေးမယ်။ ဒေါက်တာလိုဖြစ်အောင် ပျိုးထောင်ပေးမယ်” လူနာ၏ယောက်ျားဖြစ်သူ ပြောသောစကားကြောင့် မိမိပျော်ရလေသည်။ မိမိလည်းအိတ်ဆွဲ၍ထအပြန်
“ဒေါက်တာ့အဖေ ကျောင်းဆရာနာမည်က ဘယ်သူလဲဒေါက်တာ” ဒေါက်တာသွန်းဆုစံ အဒေါ်ကြီးကိုပြုံးပြ၍ “ဦးထွန်းဝေပါအဒေါ် ” ဟုပြောပြီးထွက်သွားလေသည်။ ဝေဒနာနှင့်ကျန်ခဲ့တာက ဒေါ်ခင်မေဖြစ်သည်။
အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မေငိုလေသည်။ မိမိစွန့်ပစ်ခဲ့တဲ့သမီးက မအေတူဖအေကွဲညီမကိုကလေးမွေးပေးပြီး အသက်ကယ်ခဲ့လေပြီ။ တချိန်ကဘီလူးနက္ခတ်နဲ့ မွေးတယ်ဆိုပြီး မိမိမြေမြှုပ်ခိုင်းခဲ့တဲ့သမီးလေးဟာ သူ့အဖေကောင်းမှုနဲ့ လောကအတွက် အသုံးဝင်တဲ့လူတစ်ယောက်ဖြစ်နေခဲ့ပြီ။
ကိုထွန်းဝေသမီးလေးကို ခေါ်ပြီးထွက်သွားပြီးနောက်ပိုင်း၂နှစ်ကြာတော့ နောက်အိမ်ထောင်ထပ်ပြုလေသည်။ ယခုမွေးခန်းထဲကလူနာဟာ မိမိသမီးဖြစ်နေပြီး မိမိစွန့်ပစ်ခဲ့တဲ့သမီးက မိမိ၏အချစ်ဆုံးသမီးလေးနှင့် မြေးလေးအသက်ကို ကယ်ခဲ့သည့်အတွက် ဒေါ်ခင်မေတစ်ယောက် ထိတ်လန့်အံသြရပါသည်။
ဒေါက်တာသမီးဟာ အမေ့သမီးပါ။ သမီးလေးဟာ အမေ့သမီးပါလို့ ဒေါ်ခင်မေအော်ပြီးပြေးဖက်ချင်သည်။ အော်၍ပြေးဖက်ချင်မိသည်။ သို့သော်လည်းအမေဟာ မွေးကင်းစကလေးကို မြေမြှုပ်ခိုင်းခဲ့တဲ့ မိခင်စိတ်မရှိတဲ့ မိခင်တစ်ယောက်ဆိုတာ သမီးလေးသိသွားမှာလည်း အမေကြောက်တယ်။
သမီးရယ်အမေ့ကိုခွင့်လွှတ်ပါ။ အမေ့ကိုခွင့်လွှတ်ပါလို့ စိတ်ထဲကအော်ရင်း မျက်ရည်များစွာကျဆင်းနေမိလေသည်။ တရွေ့ရွေ့နှင့် ထွက်ခွာသွားသော ဒေါက်တာသွန်းဆုစံ၏ ကျောပြင်ကိုကြည့်၍ အငြိမ်းစားကျောင်းအုပ်ဆရာမကြီး
ဒေါ်ခင်မေတစ်ယောက်မျက်ရည်များနှင့် နောင်တတရားကြီးစွာရမိလေတော့သည်။ Credit to မေတ္တာဖြင့်သီဟစိုးမွေးကတည်းက သွားလေးချောင်းပါလာတဲ့ကလေးကို ကျွန်မမလိုချင်ဘူး။ ဒီကလေးကို သွားမြှုပ်လိုက်ပါ။ နောက်ထပ်ထပ်မွေးပေးပါ့မယ်။
ဒီကလေးတော့ မယူပါရစေနဲ့။ဘီလူးနက္ခတ်၊ ၁၉၈၀ဝန်းကျင်ခန့်ကဖြစ်သည်။ တောင်ပေါ်ဒေသ၏ အေးချမ်းသောရာသီဥတုအရှိန်က အရိုးကွဲမတတ်အေးလှသည်။ မီးလင်းဖိုလေးနဘေးတွင် မွေးကင်းစကလေးငယ်ကိုရင်ခွင်ပိုက်ပြီး မီးနေသည်ဇနီး၏အရှေ့၌ ဒူးထောက်ငိုကြွေးနေသော ယောက်ျားတစ်ယောက်။
ဝမ်းထဲကကျွတ်ကျွတ်ခြင်းပင် နို့ဆာ၍ငိုနေသော ကလေးငယ်ကို ပိုက်ထားသောလင်ယောက်ျားဖြစ်သူ ကိုထွန်းဝေကငိုကြွေးရင်း ဇနီးဖြစ်သူကို တောင်းပန်တိုးလျှိုးနေသည်။ “ခင်မေ၊ကိုယ်တောင်းပန်ပါတယ်။
သမီးလေးကို နို့တိုက်ပေးပါကွာ။ သမီးလေးက မင်းရဲ့သမီးလေးပါကွာ” လက်သည်မိန်းမကြီးနှင့် အနီးအနားက မိန်းမကြီးသုံးယောက်က ကျွန်ုပ်၏အဖြစ်အပျက်ကိုကြည့်၍ စိတ်မကောင်းဖြစ်ရုံလွဲ၍ ဘာမှဝင်မပြောနိုင်ချေ။
“မွေးကတည်းက သွားလေးချောင်းပါလာတဲ့ကလေးကို ကျွန်မဘယ်လိုနို့တိုက်ရမလဲ။ ကျွန်မဒီကလေးကို မလိုချင်ဘူးကိုထွန်းဝေ။ ဒီကလေးကိုသွားမြှုပ်လိုက်ပါနော်။ ခင်မေနောက်ထပ် ထပ်မွေးပေးပါ့မယ် ကိုထွန်းဝေရယ်။ ဒီကလေးတော့ မယူပါရစေနဲ့”
ဇနီးဖြစ်သူက ခါးခါးသီးသီးဖြစ်နေသည်။ ကျွန်တော်ကတော့ သမီးလေးကို အဆုံးရှုံးမခံနိုင်ပါ။ ဇနီးသည်ကိုယ်ဝန်ရှိစဉ်ကတည်းက အထီးမှန်းအမမှန်းမသိသေးသော ကလေးငယ်၏ အနာဂတ်ကို ကြိုတင်ရင်ခုန်ရသူဖြစ်သည်။ သမီးလေးမွေးလာတော့ သွားလေးချောင်းပါလာသည်။
အရပ်လက်သည်က ဘီလူးနက္ခတ်ပါသည့်ကလေးဖြစ်၍ မမွေးကောင်းဟုပြောသောကြောင့် ဇနီးဖြစ်သူမှာ သမီးလေးကိုပင် မချီရဲတော့ပေ။ နို့တိုက်ဖို့ဆိုတာဝေးစွ။ ငိုကြွေးနေသောသမီးလေးကို နို့မတိုက်ပဲမြေမြှုပ်ခိုင်းနေသော ဇနီးဖြစ်သူကိုကြည့်ရင်း ကိုထွန်းဝေတစ်ယောက် ဒေါသအရှိန်မြင့်တတ်လာသည်။
“ဒီမှာခင်မေ၊ မင်းလည်းကျောင်းဆရာမ။ ငါလည်းကျောင်းဆရာ။ နှစ်ယောက်စလုံးက ခေတ်ပညာတတ်တွေဖြစ်ပြီး အယူမသီးပါနဲ့။ ကိုယ်တောင်းပန်ပါတယ်။ သမီးလေးကို နို့တိုက်လိုက်ပါနော်”
မျက်ရည်တွေကြားက သမီးလေးကိုပွေ့ပြီး ဇနီးထံကမ်းပေးလေသည်။ ဇနီးဖြစ်သူက ကလေးကိုဆောင့်တွန်း၍ “ရှင်ဒီကလေးကို သွားစွန့်ပစ်မလား ကျုပ်ကိုစွန့်ပစ်မလား တစ်ခုခုရွေး” ဒေါသတကြီးတုံ့ပြန်လိုက်သော ဇနီးသည်ကို ကိုထွန်းဝေကြည့်ရင်း ခေါင်းငိုက်ကျခဲ့ရသည်။
“ခင်မေ၊ဒီကလေးမှာ အသိဉာဏ်မရှိသေးဘူး။ အခုမှလူ့လောကထဲကို ရောက်လာတာနာရီပိုင်းပဲရှိသေးတဲ့ ကလေးငယ်တစ်ယောက်ကို ငါဘယ်လိုနှလုံးသားနဲ့ စွန့်ပစ်ရမလဲခင်မေ။ သူဟာမင်းရဲ့ရင်သွေးပါ။
ရင်ကဖြစ်ပေါ်တဲ့သွေးပါ။ ငါဒီကလေးကို မစွန့်ပစ်နိုင်ဘူး။ မင်းအသက်ငယ်သေးတာပဲ။ နောက်အိမ်ထောင်ထပ်ကျရင် နောက်ထပ်ကလေးတွေ ထပ်မွေးလို့ရပါသေးတယ်။ ဒါပေမဲ့ဒီသမီးလေးကို ငါရအောင်မွေးမယ်”ဟုကိုထွန်းဝေပြတ်သားသော စကားကိုပြောပြီး သူ၏အဝတ်အစားများကို အိတ်ထဲသို့ထည့်လေသည်။ သမီးလေးကိုနွေးထွေးအောင် ဂုံနီစောင်နှင့်ပတ်၍ ထွက်လာခဲ့လေတော့သည်။ ထိုနေ့မှစ၍ ထိုရွာကကျောင်းလေးတွင်
ဆရာမတစ်ယောက်က ဘီလူးနက္ခတ်ပါသော ကလေးကိုမွေး၍ ယောက်ျားဖြစ်သူကျောင်းဆရာက ထိုကလေးကိုခေါ်၍ ပျောက်ကွယ်သွားသည်ဆိုသည့်သတင်း ပြောစမှတ်တွင်ခဲ့လေတော့သည်။
ဒေါက်တာသွန်းဆုစံ ချွေးစီးများကျနေလေသည်။ တိုက်နယ်ဆေးရုံလေးဖြစ်သည့်အလျှောက် ပစ္စည်းများမစုံလင်သော်လည်း လူနာကိုအားချင်း မြို့ဆေးရုံကိုပို့လျှင်လည်း လမ်းတွင်တစ်ခုခုဖြစ်သွားနိုင်သည်။ “ဒေါက်တာရယ်၊သမီးလေးနဲ့ မြေးလေးအသက်ကိုရအောင်ကယ်ပေးပါ။ ကျွန်မအသက်နဲ့ လဲပေးဆိုလည်း လဲပေးပါ့မယ်”
မျက်ရည်များကျ၍ မိမိအားအားကိုးတကြီးတောင်းပန်နေသော အဒေါ်ကြီးကိုကြည့်၍ စိတ်မကောင်းဖြစ်မိလေသည်။ “စိတ်ချပါအဒေါ်၊ လူနာတွေကိုကယ်ဖို့ဆိုတာ ကျွန်မတို့တာဝန်ပါ အဒေါ့်သမီးရှောရှောရှူရှုမွေးနိုင်မှာပါ။ စိတ်မပူပါနဲ့အဒေါ်”
ဒေါက်တာသွန်းဆုစံ လိုအပ်သောဆေးဝါးများယူငင်၍ မွေးခန်းထဲဝင်သွားလေသည်။ ကလေးကတော်တော်နှင့် မမွေးနိုင်ပါ။ ပထမဆုံးကိုယ်ဝန်ဆောင်သောဗိုက်ဖြစ်၍ အခက်အခဲများရှိနေလေသည်။ မိခင်လုပ်သူကလည်း အားနည်းနေ၍ ကောင်းစွာညှစ်အားမရှိပေ။
Syndoperတစ်လုံးထား၍ အခြေအနေစောင့်နေလေသည်။ အခန်းဝတွင်လူနာရှင်များ ယောက်ယက်ခပ်နေလေသည်။ သားအိမ်ကသာမန်ထက် ညှစ်အားနည်းနေသောကြောင့် အခက်အခဲရှိနေလေသည်။ မိမိဘေးမှနပ်စ်မလေးနှစ်ယောက်ကလည်း ချွေးပြန်နေလေသည်။
“မိနှစ်နှစ်ဆယ်လောက်ဆိုရင် ဆေးအလုပ်လုပ်ပြီ။ အခုမိခင်သက်သာအောင် အောက်ဆီဂျင်ပေးထားပါ” ဒေါက်တာသွန်းဆုစံ ဆေးထပ်ယူရန်ထွက်အလာ “ဒေါက်တာဒီလောက်ကြာနေတာကို မမွေးနိုင်သေးရင် ကျွန်မတို့ချက်ချင်းမြို့ဆေးရုံကို ကားနဲ့သွားမယ်။ ကျွန်မသမီးကို ပြန်ထုတ်ပေးပါ”
ဒေါသတကြီးနဲ့ အော်ဟစ်လိုက်သော အဒေါ်ကြီးစကားကြောင့် ဒေါက်တာသွန်းဆုစံ ပင်ပန်းနေသည့်ကြားက ပြုံးပြလေသည်။ “အဆင်ပြေပါလိမ့်မယ်အဒေါ်၊ မိခင်ရောကလေးပါ အန္တရာယ်မဖြစ်ဖို့ ကျွန်မအသက်နဲ့ အာမခံပေးရဲပါတယ်”
ကျန်တဲ့သူတွေက ထိုအဒေါ်ကြီးကို ဝင်တားလေသည်။ “အမေရယ်တော်ပါတော့ ဒေါက်တာလည်းကြိုးစားပေးနေတာပဲ” ဒေါက်တာသွန်းဆုစံ လူနာရှင်များကိုပြုံးပြ၍ မွေးခန်းထဲသို့ဝင်သွားလေသည်။ တစ်နာရီခန့်အကြာ “အူဝဲ့အူဝဲ” ဒေါက်တာသွန်းဆုစံ မွေးခန်းထဲကထွက်လာပြီး လူနာရှင်များကိုပြုံးပြ၍
“အခုမိခင်နဲ့ကလေးကို သန့်ရှင်းရေးလုပ်နေလို့ ခဏနေရင်ဝေင်ကြည့်လို့ရပါပြီရှင်” စောစောကမိမိကိုရန်တွေ့သော အဒေါ်ကြီးလည်းပျော်နေလေသည်။ မိမိလည်းနားနေခန်းသို့ ထွက်လာခဲ့တော့သည်။ ဂျူတီကုပ်ကိုချိတ်၍ ခြေလက်သန့်ရှင်းရေး လုပ်နေသည်။
မိမိ၏အသုံးအဆောင်ပစ္စည်းများကို အိတ်ထဲသို့ထည့်၍ ပြန်ခါနီးအချိန်တွင် စောစောကလူနာရှင်များ ဝင်လာလေသည်။ လူနာရှင်အဒေါ်ကြီးက“ဒေါက်တာကျွန်မမြေးလေးက သွားလေးတစ်ချောင်းပါလာတာ ကျွန်မတို့ကိုဘာလို့ မပြောတာလဲ” ဒေါက်တာသွန်းဆုစံလည်း အဒေါ်ကြီးနှင့်လူနာရှင်များကိုပြုံးပြ၍ “ခဏထိုင်ပါအုံးရှင့်။ ကျွန်မလက်ကလေးဆေးချင်လို့”
လူနာရှင်အဒေါ်ကြီးက အေးတိအေးစက်လုပ်နေသော ဒေါက်တာသွန်းစုစံကို သိပ်မကျေနပ်ပေ။ လက်ဆေးပြီးသည်နှင့် လူနာရှင်များအရှေ့တွင်ထိုင်၍ ဒေါက်တာသွန်းဆုစံ စကားပြောလေသည်။ “ကျွန်မအတွေ့အကြုံတစ်ခုပြောပြမယ်။
လွန်ခဲ့တဲ့ အနှစ်၃၀ကျော်က တောင်ပေါ်ဒေသတစ်ခုမှာ တာဝန်ကျနေတဲ့ ကျောင်းဆရာလင်မယားကနေ ကလေးတစ်ယောက်မွေးခဲ့တယ်”“ကလေးကမွေးမွေးပြီးချင်း သွားလေးချောင်းပါလာလို့ ဘီလူးနက္ခတ်နဲ့ မွေးတဲ့ကလေးဆိုပြီး မိခင်လုပ်သူက မလိုချင်ဘူး။
ကလေးကိုသွားမြှုပ်ခိုင်းတယ်” လူနာရှင်အဒေါ်ကြီး ဒေါက်တာသွန်းဆုစံကို စိုက်ကြည့်နေလေသည်။ ဒေါက်တာကဆက်ပြောနေသည်။“ဒါပေမဲ့လူမှန်းမသိသေးတဲ့ ကလေးတစ်ယောက်ကို မစွန့်ပစ်ရက်တဲ့ ယောက်ျားလုပ်သူဟာ ကလေးကိုခေါ်ပြီး
အဲ့ဒီအရပ်ကိုစွန့်ခွာခဲ့တယ်။ ကံကောင်းချင်တော့ လက်ထဲမှာဘာမှမရှိတဲ့ ကျောင်းဆရာဟာအဲ့ဒီခေတ်မှာ ထီပေါက်သွားခဲ့တယ်။ နောက်တော့သူတို့သားအဖ ရန်ကုန်ကိုပြောင်းရင်း သူ့သမီးလေး၅တန်းနှစ်မှာ ချဲ၁၂၀၀၀၀ဖိုးထပ်ပေါက်တယ်”
“အမျှော်အမြင်ရှိတဲ့သူ့အဖေက သမီးလေးရှေ့ရေးအတွက် စားသောက်ဆိုင်ဖွင့်ခဲ့တယ်။ စားသောက်ဆိုင်ကလည်း အောင်မြင်ခဲ့တာပေါ့။ နောက်တော့သူ့သမီးလေး ဘွဲ့ယူပြီးနောက်တစ်နှစ်မှာ သူ့ဖေကဆုံးပါးခဲ့တယ်။ ကျွန်မပြောချင်တာ တချို့ကိစ္စတွေမှာ အယူမသည်းကြပါနဲ့။ မွေးကင်းစကလေးသွားပါတာ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု့နဲ့ဆိုင်ပါတယ်”
“အယောက်၁၀၀မှာ တစ်ယောက်ပေါ့နော်။ ဒါကိုအယူသည်းလိုက်ရင် ဒီကလေးဟာ စွန့်ပစ်ခံဘဝနဲ့ အသက်ဆုံးရှုံးသွားလိမ့်မယ်” ထိုအချိန်အဒေါ်ကြီးကထမေးသည်။ “ဒေါက်တာပြောပြတဲ့ ကျောင်းဆရာသမီးက အခုဘယ်ရောက်နေလဲ”
ဒေါက်တာသွန်းဆုစံပြုံးပြ၍ “ကျွန်မမိခင်က ကျွန်မကိုမလိုချင်လို့ အဖေကိုမြေသွားမြှုပ်ခိုင်းပေမဲ့ အဖေ့ရဲ့မေတ္တာတရားကြောင့် ကျွန်မဆရာဝန်ဖြစ်ခဲ့တယ်။ အဲ့ဒီကျောင်းဆရာရဲ့သမီးက ကျွန်မပါပဲအဒေါ်။ ဘီလူးနက္ခတ်ပါတဲ့ကလေးဆိုပြီး အစွန့်ပစ်ခံဘဝကနေ ဒီဘဝကိုရောက်ခဲ့တာပါ”
“ကဲအားလုံးပဲ ကျွန်မသွားလိုက်ပါအုံးမယ်။ ဒါနဲ့ အယူမသီးကြပါနဲ့။ အကယ်၍ဒီကလေးကို မလိုချင်ရင် တခြားနည်းလမ်းတွေမသုံးပါနဲ့ ကျွန်မမွေးစားပါ့မယ်”“ကျွန်တော့်ကလေးကို ကျွန်တော်ယူမယ်ဒေါက်တာ။
သူဟာသူဘာပဲဖြစ်ဖြစ် ကျွန်တော်ရအောင်မွေးမယ်။ ဒေါက်တာလိုဖြစ်အောင် ပျိုးထောင်ပေးမယ်” လူနာ၏ယောက်ျားဖြစ်သူ ပြောသောစကားကြောင့် မိမိပျော်ရလေသည်။ မိမိလည်းအိတ်ဆွဲ၍ထအပြန်
“ဒေါက်တာ့အဖေ ကျောင်းဆရာနာမည်က ဘယ်သူလဲဒေါက်တာ” ဒေါက်တာသွန်းဆုစံ အဒေါ်ကြီးကိုပြုံးပြ၍ “ဦးထွန်းဝေပါအဒေါ် ” ဟုပြောပြီးထွက်သွားလေသည်။ ဝေဒနာနှင့်ကျန်ခဲ့တာက ဒေါ်ခင်မေဖြစ်သည်။
အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မေငိုလေသည်။ မိမိစွန့်ပစ်ခဲ့တဲ့သမီးက မအေတူဖအေကွဲညီမကိုကလေးမွေးပေးပြီး အသက်ကယ်ခဲ့လေပြီ။ တချိန်ကဘီလူးနက္ခတ်နဲ့ မွေးတယ်ဆိုပြီး မိမိမြေမြှုပ်ခိုင်းခဲ့တဲ့သမီးလေးဟာ သူ့အဖေကောင်းမှုနဲ့ လောကအတွက် အသုံးဝင်တဲ့လူတစ်ယောက်ဖြစ်နေခဲ့ပြီ။
ကိုထွန်းဝေသမီးလေးကို ခေါ်ပြီးထွက်သွားပြီးနောက်ပိုင်း၂နှစ်ကြာတော့ နောက်အိမ်ထောင်ထပ်ပြုလေသည်။ ယခုမွေးခန်းထဲကလူနာဟာ မိမိသမီးဖြစ်နေပြီး မိမိစွန့်ပစ်ခဲ့တဲ့သမီးက မိမိ၏အချစ်ဆုံးသမီးလေးနှင့် မြေးလေးအသက်ကို ကယ်ခဲ့သည့်အတွက် ဒေါ်ခင်မေတစ်ယောက် ထိတ်လန့်အံသြရပါသည်။
ဒေါက်တာသမီးဟာ အမေ့သမီးပါ။ သမီးလေးဟာ အမေ့သမီးပါလို့ ဒေါ်ခင်မေအော်ပြီးပြေးဖက်ချင်သည်။ အော်၍ပြေးဖက်ချင်မိသည်။ သို့သော်လည်းအမေဟာ မွေးကင်းစကလေးကို မြေမြှုပ်ခိုင်းခဲ့တဲ့ မိခင်စိတ်မရှိတဲ့ မိခင်တစ်ယောက်ဆိုတာ သမီးလေးသိသွားမှာလည်း အမေကြောက်တယ်။
သမီးရယ်အမေ့ကိုခွင့်လွှတ်ပါ။ အမေ့ကိုခွင့်လွှတ်ပါလို့ စိတ်ထဲကအော်ရင်း မျက်ရည်များစွာကျဆင်းနေမိလေသည်။ တရွေ့ရွေ့နှင့် ထွက်ခွာသွားသော ဒေါက်တာသွန်းဆုစံ၏ ကျောပြင်ကိုကြည့်၍ အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မေတစ်ယောက်မျက်ရည်များနှင့် နောင်တတရားကြီးစွာရမိလေတော့သည်။
Credit