စံလင်းနဲ့ မောင်ကောင်း ပိုက်ဆံက ရှားလည်း ရှားတယ်။ ဈေးလည်း အများကြီး ပိုရတယ်ဗျ။ ဒီနှစ်ခုမှာတောင် မောင်ကောင်းက ပိုရှားတယ်။ကျွန်တော်လည်း တစ်ခါနှစ်ခါလား တွေ့ဖူးသေးတယ်” ဟု ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့် မြို့နယ်မှာ နေထိုင်တဲ့ ရှေးဟောင်းငွေစက္ကူ အရောင်းအဝယ် ပြုလုပ်သူ ကိုမျိုးနိုင် (အမည်လွှဲ) က ပြောပြပါတယ်။
မြန်မာနိုင်ငံမှာ ကိုလိုနီခေတ်ကနေပြီး အခုလက်ရှိ အချိန်အထိ ခေတ်အဆက်ဆက် အသုံးပြုခဲ့တဲ့ ငွေစက္ကူ အမျိုးအစား များစွာ ရှိခဲ့ပြီး ခေတ်အလိုက် နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေ အပေါ် မူတည်ကာ ထုတ်ဝေတဲ့ ငွေစက္ကူတွေရဲ့ပုံသဏ္ဌာန် အပြောင်းအလဲ များစွာ ရှိခဲ့ပါတယ်။
တစ်ချိန်က အသုံးပြုခဲ့ပေမဲ့ လက်ရှိအချိန်မှာ တရားဝင် ငွေစက္ကူအဖြစ် တည်ရှိနေခြင်း မရှိတော့တဲ့ ငွေစက္ကူ အမျိုးအစား များစွာရှိခဲ့ပြီး ထုတ်ဝေခဲ့တဲ့ ခုနှစ်သက်တမ်း ကြာမြင့်မှုအပေါ် မူတည်ပြီး ရှေးဟောင်းငွေစက္ကူ ရောင်းဝယ်ရေးဈေးကွက်မှာတော့ တန်ဖိုးကြီးမြင့်မှုနှုန်း ကွာခြားတတ်ပါတယ်။
ဒီလိုမျိုး ခေတ်အဆက်ဆက် အသုံးပြုခဲ့တဲ့ ငွေစက္ကူ အမျိုးအစားတွေထဲကမှာ စစ်ဝတ်စုံနဲ့ ဦးထုပ်ဝတ်ဆင်ထားပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါတဲ့ ၁၉၅၈ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ငွေစက္ကူအမျိုးအစားကတော့ ရှေးဟောင်းငွေစက္ကူရောင်းဝယ်ရေး ဈေးကွက်မှာ ပေါက်ဈေး ကောင်းကောင်းရနေတဲ့ ငွေစက္ကူ အမျိုးအစား ဖြစ်နေခဲ့ပါတယ်။
အခြားသော မြန်မာကျပ်ငွေ ငွေစက္ကူ အမျိုးအစားတွေနဲ့ မတူညီတဲ့ အချက်ကတော့ ၁၉၅၈ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူတွေမှာ ငွေစက္ကူထုတ်ရာ ဌာနတိုင်းနဲ့ တူညီတဲ့တန်ဖိုးဖြင့် လဲလှယ်ခွင့်ရှိကြောင်း အာမခံချက် ပေးထားတဲ့ စာသားပါဝင်ခြင်းနှင့်အတူ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဘဏ် ကိုယ်စားအုပ်ချုပ်ရေးမှူး စံလင်းရဲ့ လက်မှတ်ပါဝင်နေခြင်းပဲ ဖြစ်ပါတယ်။
ရှေးဟောင်း ငွေစက္ကူဈေးကွက်မှာ စံလင်းပိုက်ဆံလို့ ခေါ်ဝေါ်ကြတဲ့ ၁၉၅၈ ခုနှစ်ထုတ် မြန်မာကျပ်ငွေ စက္ကူတွေဟာ အဲဒီအချိန်တုန်းက တန်ဖိုးမြင့်မားပြီး ကမ္ဘာ့ငွေကြေးလောကမှာလည်း မျက်နှာမငယ်ခဲ့ရတဲ့ ငွေစက္ကူ ဖြစ်ပါတယ်။
၁၉၅၂ ခုနှစ်မှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဘဏ် အက်ဥပဒေကို အဲဒီအချိန်က နိုင်ငံတော်သမ္မတ ဦးဘဦးက လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့ပြီးတဲ့နောက် ၁၉၅၈ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) မှာ
စံလင်း ပိုက်ဆံလို့ ခေါ်ကြတဲ့ ဒီငွေစက္ကူအမျိုးအစားတွေထဲက ၁ ကျပ်တန်၊ ၅ ကျပ်တန်၊ ၁၀ ကျပ်တန်နဲ့ ၁၀၀ ကျပ်တန်များကို စတင်ထုတ်ဝေခဲ့ပါတယ်။အဲဒီနောက် ၁၉၅၈ ခုနှစ် သြဂုတ်မှာတော့ ၂၀ ကျပ်တန်နဲ့ ၁၀၀ ကျပ်တန်တွေကို ဆက်လက်ထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ရှေးဟောင်းငွေစက္ကူ ဈေးကွက်အတွင်းမှာ ဈေးကောင်းရနေတဲ့ စံလင်းပိုက်ဆံ အမျိုးအစားထဲမှာတောင် တန်ဖိုးကွာခြားမှုတွေ ရှိနေပါသေးတယ်။ စံလင်းပိုက်ဆံ ၅၀ ကျပ်တန်နဲ့ ၁၀၀ ကျပ်တန်တွေဟာ ပိုမို ရှားပါးစွာတွေ့ရတဲ့ ငွေစက္ကူ အမျိုးအစားတွေဖြစ်ပြီး ဒီငွေစက္ကူတွေဟာ တစ်ရွက်ကို ကျပ်သိန်းဂဏန်းအထိ ပေးဝယ်ယူမှသာလျှင် အရောင်းအဝယ် ဖြစ်နိုင်မယ့် ငွေစက္ကူ အမျိုးအစားတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ အခြားသော စံလင်းပိုက်ဆံတွေဟာလည်း အနည်းဆုံး ကျပ်တစ်သောင်းဝန်းကျင် ဈေးပေါက်နေတာကြောင့်ရှေးဟောင်းငွေစက္ကူ ဈေးကွက်မှာ အမေရိကန် ဒေါ်လာထက်ပင် ပိုမိုတန်ဖိုးမြင့်မားတဲ့ ငွေစက္ကူ အမျိုးအစားတွေလည်း ဖြစ်နေပါတယ်။
“စံလင်းပိုက်ဆံတွေမှာ တစ်ရာတန်တွေ ငါးဆယ်တန်တွေက ပိုရှားတယ်။ အဲဒါတွေဆို တစ်ရွက်ကို သိန်းချီ တန်တယ်။ ကျန်တဲ့ တစ်ကျပ်တန်၊ ငါးကျပ်တန်၊ နှစ်ဆယ်တန်တွေကလည်း ဈေးမနည်းဘူး။ အနည်းဆုံးတော့ တစ်သောင်းဝန်းကျင်ပေါက် ဈေးရှိတာပေါ့။
ဒါပေမဲ့ အုပ်လိုက်ဆိုရင် ပိုပြီး ဈေးရတယ်။ တစ်ရွက်ချင်းထက် စာရင် အများကြီး ပိုပြီးတော့ပေါ့” ဟု ကိုမျိုးနိုင်က ဆိုပါတယ်။ဒီလိုမျိုး တစ်ရွက်ကို သိန်းချီတန်နေတဲ့ ၁၉၅၈ ခုနှစ်ထုတ် မြန်မာကျပ်ငွေ တစ်ရာတန်နဲ့ ငါးဆယ်တန်တွေဟာ
အဲဒီခေတ် အချိန်အခါတုန်းက ရွှေတစ်ကျပ်သား ကျပ်နှစ်ရာ ပေါက်ဈေးနဲ့ နှိုင်းယှဉ်ကြည့်ရင် ဒီစံလင်းပိုက်ဆံတွေရဲ့ တန်ဖိုးမြင့်မားပုံကို မှန်းဆကြည့်နိုင်ပါတယ်။ဒါပေမဲ့ အာဏာသိမ်းအစိုးရဖြစ်တဲ့ တော်လှန်ရေးကောင်စီ လက်ထက်နဲ့
အဲဒီကနေ အသွင်ပြောင်းသွားတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်မှာတော့ ဒီစံလင်းပိုက်ဆံ တစ်ရာကျပ်တန်နဲ့ ငါးဆယ်တန်တွေကို လက်ဝယ် ပိုင်ဆိုင်ထားရှိခြင်းဟာ အမြင့်ဆုံး သေဒဏ်အထိ ချမှတ်နိုင်တဲ့ အကြောင်းရင်းတစ်ခု ဖြစ်ခဲ့ပါတယ်။
၁၉၆၄ ခုနှစ် မေ ၁၇ ရက်မှာ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းဟာ ကျပ်တစ်ရာတန်နဲ့ ငါးဆယ်တန် ငွေစက္ကူတွေကို အရင်းရှင် လူတန်းစားများက ပြည်ထောင်စု မြန်မာနိုင်ငံ၏ စီးပွားရေးကို
ကမောက်ကမ ဖြစ်စေရန်၊ လုပ်သားပြည်သူများ၏ စားသောက်နေထိုင်ရေးကို ကျဆင်းအောင် ပြုလုပ်ရာတွင် အသုံးချမည့်ပစ္စည်းများအဖြစ် သတ်မှတ်သည်ဟုဆိုကာ ယင်းငွေစက္ကူများကို တရားဝင်ငွေ အဖြစ်မှ ရပ်စဲခဲ့ပါတယ်။
ဒီလိုရပ်စဲခဲ့တဲ့ အမိန့်စတင် အသက်ဝင်မယ့် ၁၉၆၄ ခုနှစ် မေ ၁ရရက် ည ၇ နာရီနောက်ပိုင်း ဒီငွေစက္ကူတွေကို တရားဝင်ငွေအဖြစ် အသုံးပြုခြင်း၊ မိမိပိုင် မဟုတ်ဘဲ မိမိပိုင်ဖြစ်ကြောင်း ဖော်ပြခြင်း၊ မိမိပိုင်ကို အခြားသူ တစ်ဦးပိုင်အဖြစ် ဖော်ပြခြင်းတွေဟာ အနည်းဆုံး
ထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး သေဒဏ်အထိ အပြစ်ပေးခံရနိုင်တဲ့ အကြောင်းရင်းတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတော့တယ်။အဲဒီနောက်ပိုင်းမှာတော့ ယခင် ပါလီမန် ဒီမိုကရေစီခေတ်တစ်လျှောက် တန်ဖိုးမြင့်မား ခိုင်မာခဲ့တဲ့ မြန်မာကျပ်ငွေဟာ
တဖြည်းဖြည်း တန်ဖိုး ကျဆင်းလာခဲ့ရပြီးငွေကြေး ဖောင်းပွမှု အခြေအနေတွေ ဆိုးရွားစွာ ဖြစ်ပေါ်လာခဲ့ရာကနေ တိုင်းပြည်ဟာလည်း ဖွံ့ဖြိုးမှု အနောက်ကျဆုံး နိုင်ငံအဖြစ်သို့ ရောက်သွားစေခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်သွားခဲ့ရပါတယ်။
နှစ်ပေါင်း ခြောက်ဆယ်ကျော်လောက် ကြာမြင့်ခဲ့ပြီးနောက်မှာတော့ တရားမဝင် ငွေစက္ကူဖြစ်ခဲ့ရတဲ့ စံလင်း ပိုက်ဆံတွေဟာ ရှေးဟောင်းငွေစက္ကူ ဈေးကွက်မှာတော့ တန်ဖိုးကြီး ရှားပါးငွေစက္ကူတွေ အဖြစ်ကို ပြောင်းလဲလာခဲ့ပြီလည်း ဖြစ်ပါတယ်။
ရှေးဟောင်းငွေစက္ကူ ရောင်းဝယ်ရေး ဈေးကွက်မှာ စံလင်းပိုက်ဆံထက် ပိုပြီး တန်ဖိုးကြီးရှားပါးတဲ့ နောက်ထပ်ငွေစက္ကူ အမျိုးအစား တစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ ၁၉၅၂ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဘဏ် အက်ဥပဒေ ပြဋ္ဌာန်းခြင်း မရှိသေးခင်
လွတ်လပ်ရေးခေတ်ဦးကာလမှာ ထုတ်ဝေခဲ့တဲ့ မောင်ကောင်းပိုက်ဆံလို့ ဈေးကွက်အတွင်းခေါ်ဝေါ်ကြတဲ့ ငွေစက္ကူတွေပဲ ဖြစ်ပါတယ်။မောင်ကောင်းပိုက်ဆံတွေကတော့ ရှေးဟောင်းငွေစက္ကူ ဈေးကွက်အတွင်းမှာတောင် တစ်ခါတစ်ရံမှ ရှားရှားပါးပါး တွေ့မြင်ရတဲ့ ငွေစက္ကူ အမျိုးအစားတွေဖြစ်တယ်လို့ သိရပါတယ်။
စံလင်းပိုက်ဆံနဲ့ မောင်ကောင်းပိုက်ဆံ ငွေစက္ကူ အမျိုးအစား နှစ်ခုမှ ကွာခြားချက် အနေနဲ့ မောင်ကောင်း ငွေစက္ကူဟာ ဒေါင်းပုံ၊ ခြင်္သေ့ပုံ၊ ဆင်ပုံ၊ ရက်ကန်းရက်နေတဲ့ အမျိုးသမီးငယ်ပုံတို့ ပါဝင်ရိုက်နှိပ် ထုတ်ဝေထားခြင်း ဖြစ်ပြီး စံလင်းပိုက်ဆံကတော့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံဖြင့် ထုတ်ဝေထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီငွေစက္ကူ အမျိုးအစားနှစ်ခုကို အမည်ပေးထားပုံကလည်း ငွေစက္ကူတွေမှာ ပါဝင်တဲ့ စံလင်းနဲ့ မောင်ကောင်းတို့ရဲ့ လက်မှတ်တွေကြောင့် ဖြစ်ပြီး မောင်ကောင်းပိုက်ဆံမှာတော့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ် အက်ဥပဒေ မပြဋ္ဌာန်းမီက
ထုတ်ဝေခြင်း ဖြစ်တာကြောင့် ဗမာနိုင်ငံ ငွေကြေးအုပ်ချုပ်မှုအဖွဲ့ ကိုယ်စားဆိုပြီး ဦးကောင်းရဲ့ လက်မှတ် ပါဝင်မှာ ဖြစ်ပါတယ်။လွတ်လပ်ရေး ခေတ်ဦးကာလ မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ်ကနေ ၁၉၅၂ ခုနှစ်အတွင်း
ဒေါင်းပုံ၊ ခြင်္သေ့ပုံပါတဲ့ ၁ ကျပ်တန်၊ ၅ကျပ်တန်၊ ၁၀ ကျပ်တန်နဲ့ ၁၀၀ ကျပ်တန်ငွေစက္ကူတွေကို ထုတ်ဝေခဲ့ကြောင်း ၂၀၁၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ဖြေကြားခဲ့ဖူးပါတယ်။
ဒီလွတ်လပ်ရေး ခေတ်ဦးကာလ မြန်မာနိုင်ငံမှာ ငွေစက္ကူထုတ်ဝေမှုတွေကို တာဝန်ယူ လုပ်ဆောင်ခဲ့တာဟာ ဗမာနိုင်ငံ ငွေကြေးအုပ်ချုပ်မှုအဖွဲ့ ဖြစ်တဲ့အတွက် အဲဒီအချိန်က ထုတ်ဝေခဲ့တဲ့ မောင်ကောင်းပိုက်ဆံလို့ ခေါ်ကြတဲ့ ငွေစက္ကူတွေဟာ စံလင်းပိုက်ဆံထက် ပိုပြီးရှေးကျတဲ့ ငွေစက္ကူ အမျိုးအစားတွေလည်း ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ၁၉၅၂ ခုနှစ် ဇူလိုင် ၁ ရက်တွင်စပြီး အသက်ဝင်ခဲ့တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဘဏ် အက်ဥပဒေ ပြဋ္ဌာန်း ပြီးချိန်မှသာလျှင် လက်ရှိအသုံးပြုနေတဲ့ ဒသမစိတ် ငွေကြေးစနစ်ကို စတင်အသုံးပြုခဲ့တာဖြစ်ပြီး
အဲဒီမတိုင်ခင်ကာလမှာ ထုတ်ဝေခဲ့တဲ့ ငွေစက္ကူတွေကတော့ ကိုလိုနီခေတ် ဗြိတိသျှအစိုးရလက်ထက်မှာ အသုံးပြုခဲ့တဲ့ နည်းစနစ်အတိုင်း တွက်ချက်အသုံးပြုကြတာ ဖြစ်တယ်လို့ သိရပါတယ်။ဒသမစိတ် ငွေကြေးစနစ် မစတင်မီကာလ ကိုလိုနီခေတ်မှ
လွတ်လပ်ရေးခေတ်ဦးအထိ မြန်မာနိုင်ငံ ပြည်တွင်းမှ အသုံးပြုခဲ့တဲ့ ရူပီးငွေနဲ့ ကျပ်ငွေကို ဗြိတိသျှငွေကြေးစနစ် စတာလင်ပေါင် စနစ်အတိုင်း တွက်ချက်အသုံးပြုခဲ့ကြတာဖြစ်ပြီး တစ်ရူပီးဟာ မြန်မာကျပ်ငွေ ၁၆ ပဲ ၆၄ ပြားနဲ့ ညီမျှတယ်လို့ သိရပါတယ်။
ဒသမစိတ် ငွေကြေးစနစ်ဟာ မြန်မာဘုရင်တွေ လက်ထက်က အသုံးပြုခဲ့တဲ့ ငွေကြေးစနစ်ဖြစ်ပြီး ဒီစနစ်ကို ပြန်လည်အသုံးမပြုမီ လွတ်လပ်ရေးခေတ်ဦးကာလက ထုတ်ဝေခဲ့တဲ့ မောင်ကောင်း ငွေစက္ကူတွေမှာ စံလင်းပိုက်ဆံတွေနဲ့
ကွာခြားမှုအနေနဲ့ကတော့ Union Bank of Burma စာသားအစား ဗမာနိုင်ငံအစိုးရ ဒါမှမဟုတ် Government of Burma စာသားများ ပါဝင်နေမှာ ဖြစ်ပါတယ်။စံလင်းပိုက်ဆံတွေကတော့ မောင်ကောင်း ပိုက်ဆံတွေ နေရာမှာ
အစားထိုး ဝင်ရောက်ခဲ့တဲ့ ငွေစက္ကူတွေဖြစ်ပြီး ယနေ့ခေတ်နဲ့ ဥပမာပြရရင် ခြင်္သေ့ပုံပါ တစ်သောင်းကျပ်တန် ငွေစက္ကူတွေနေရာမှာ အသုံးပြုရန်အတွက် အသစ်ထပ်မံ ထုတ်ဝေခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံပါ တစ်သောင်းကျပ်တန် ငွေစက္ကူတွေကဲ့သို့ ဖြစ်ပါတယ်။
ဒါကြောင့် စံလင်းပိုက်ဆံထက် ပိုမိုရှေးကျတဲ့ မောင်ကောင်းပိုက်ဆံတွေဟာ ရှေးဟောင်းငွေစက္ကူ ဈေးကွက်မှာတော့ တန်ဖိုး အလွန်မြင့်မားလှပြီး တစ်ရွက်ကို ဈေးကစားနိုင်မှုအပေါ်မူတည်ကာ ကျပ်သုံးသိန်းကျော်အထိ ပေါက်ဈေး ရှိတယ်လို့ သိရပါတယ်။
ဒီမောင်ကောင်း ပိုက်ဆံတွေဟာ လျှော့ဈေးနဲ့ ရောင်းချသူများ၏ ဈေးနှုန်းအရပင် မောင်ကောင်းပိုက်ဆံ တစ်ဆယ်ကျပ်တန်နဲ့ ငါးကျပ်တန်တွေဟာ တစ်ရွက်လျှင် ငါးသောင်းကျပ်လောက်အထိ ပေါက်ဈေး ရှိနေခဲ့တာကို တွေ့ရပါတယ်။
မောင်ကောင်းပိုက်ဆံတွေထဲကမှ တစ်ရာကျပ်တန်တွေကတော့ မရှိသလောက် ရှားပါးလှပြီး မြင်တွေ့ဖူးသူပင် မရှိသလောက် နည်းပါးတယ်လို့လည်း သိရပါတယ်။မောင်ကောင်း ပိုက်ဆံတွေက ကိုယ်ကိုင်နိုင်ရင် ကိုင်နိုင်သလောက် ဈေးက တောင်းလို့ ရတယ်။
တစ်ရွက်ကို သုံးသိန်းကျော်လောက်အထိ ရနိုင်တယ်။ ကျွန်တော်တွေ့ဖူးတာက ငါးကျပ်တန်၊ တစ်ဆယ်တန်လောက်ပဲ ရှိမယ်။ တစ်ရာတန်ကိုတော့ မတွေ့ဖူးဘူး။ ဈေးကွက်ထဲမှာလည်း မမြင်ရဘူး။
အဲဒါတွေကတော့ တကယ့်ဆရာကြီးတွေဆီမှာပဲ ရှိနိုင်မယ်။ တန်ကြေးကလည်း တော်တော်ကြီး များလောက်မယ်။ ရှားတာကလည်း မရှိသလောက်ကို ရှားတာကိုး” ဟု ကိုမျိုးနိုင်က ပြောပြပါတယ်။
ရှေးဟောင်း ငွေစက္ကူဈေးကွက်အတွင်း နောက်ထပ် ထပ်မံပြီး ဈေးကောင်းရတတ်တဲ့ အမျိုးအစားကတော့ ငွေဒင်္ဂါးပြားများဖြစ်ပြီး ငွေဒင်္ဂါးပြားများထဲမှ ဗိုလ်ချုပ်အောင်ဆန်း ဦးခေါင်းပုံနှစ်ဖက်ပါသည့် Error ပြားဟု ဈေးကွက်တွင် ခေါ်ဝေါ်ကြတဲ့
ဒင်္ဂါးပြားများကတော့ ရောင်းတဲ့အခါ ကြိုက်နှစ်သက်တဲ့ ဈေးနှုန်းကို ဆိုနိုင်တဲ့အထိ တန်ဖိုးမြင့်တယ်လို့ သိရပါတယ်။ ဒီ Error ပြားတွေက သွန်းလုပ်စဉ်မှာ အကြောင်းအမျိုးမျိုးကြောင့် ဦးခေါင်း ပုံကို နှစ်ဖက်စလုံးမှာ သွန်းလုပ်မိသွားတဲ့ ဒင်္ဂါပြားမျိုးတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
Error ပြားလို့ ခေါ်တာပေါ့ဗျာ။ ဒီလိုမျိုး ဗိုလ်ချုပ်ခေါင်းက နှစ်ဖက်စလုံးမှာ ပါလာရင် ဈေးက ကြိုက်သလိုတောင်းပဲ။ သူက ထုတ်တုန်းက ဘယ်လိုကြောင့် နှစ်ဖက်စလုံး ခေါင်းတွေချည်း ဖြစ်သွားလဲတော့ မသိပေမဲ့ အဲဒါမျိုးက ဈေးကွက်မှာ လုံးဝရှားပါးပဲ။ ဈေးက သုံးသိန်းဆိုလည်းရတယ်။ လေးသိန်းဆိုလည်း ရတယ်” လို့ ကိုမျိုးနိုင်က ဆိုပါတယ်။
ဒါတွေအပြင် ဒီရှေးဟောင်း ငွေစက္ကူဈေးကွက်မှာတော့ ၁၉၄၆ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဒေါင်းတံဆိပ် ရေစာအမှတ်အသားနဲ့ Legal Tender in Burma Only စာသားပါ မြန်မာနိုင်ငံပြည်တွင်းတွင်သာ အသုံးပြုခွင့်ရှိတဲ့ ရူပီး ငွေစက္ကူတွေဟာလည်း ဈေးကောင်းရတတ်တဲ့ ငွေစက္ကူအမျိုးအစားတွေ ဖြစ်တာကို တွေ့ရပါတယ်။
ဒီရူပီးငွေတွေကတော့ ကိုလိုနီခေတ် မြန်မာပြည်မှာ အသုံးပြုဖို့အတွက် ထုတ်ဝေခဲ့တဲ့ ငွေစက္ကူတွေဖြစ်ပြီး လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှာ ဒီရူပီးငွေတွေကို Government of the Union of Burma ဆိုတဲ့ စာသားနဲ့ ပြောင်းလဲထုတ်ဝေခဲ့ဖူးကြောင်းလည်း သိရပါတယ်။
လက်ရှိရှေးဟောင်းငွေစက္ကူ ဈေးကွက်အတွင်းမှာ တရားမဝင်ငွေအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ စံလင်းနဲ့ မောင်ကောင်း ပိုက်ဆံတွေဟာ တန်ကြေးအမြင့်ဆုံး အခြေအနေမှာ ရှိနေပေမဲ့ မဆလ အစိုးရလက်ထက်မှာ ထုတ်ဝေခဲ့ပြီး
၁၉၈၇ စက်တင်ဘာ ၅ ရက်မှာ ရုတ်တရက် တရားဝင် ငွေကြေးအဖြစ်မှ ရပ်စဲခဲ့ပြီး ပြည်သူများစွာကို ဆင်းရဲတွင်း သက်ဆင်းစေခဲ့တဲ့ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့ ၇၅ ကျပ်တန်တွေကတော့ တန်ကြေးနည်းပါးလှပြီး အရွက်တစ်ရာပါ ငွေစက္ကူတစ်အုပ်မှ ကျပ်တစ်သိန်းဝန်းကျင်သာရှိတယ်လို့ သိရပါတယ်။
ခေတ်အဆက်ဆက် မြန်မာနိုင်ငံမှာ အသုံးပြုခဲ့တဲ့ ငွေစက္ကူတွေဟာ နှစ်ကာလ ကြာမြင့်ခြင်းနဲ့ ရှားပါးခြင်းတွေအပေါ် မူတည်ကာ တန်ကြေးမြင့်မားလေ့ ရှိတာကို တွေ့ရပြီး တန်ကြေးမြင့် ရှေးဟောင်းငွေ စက္ကူအများစုကတော့ လက်ရှိအချိန်မှာ တရားဝင်ငွေကြေးအဖြစ် တည်ရှိ မနေတော့တာကို တွေ့ရပါတယ်။
ဒါပေမဲ့ တရားဝင်ငွေကြေးအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်တဲ့ ခေတ်အဆက်ဆက် အသုံးပြုခဲ့တဲ့ တစ်ကျပ်တန်၊ ငါးကျပ်တန်၊ ငါးမူးတန်၊ တစ်ဆယ်ကျပ်တန်၊ ၄၅ ကျပ်တန်နဲ့ ၉၀ ကျပ်တန် ငွေစက္ကူတွေဟာလည်း ပြင်ပငွေကြေး လှည့်လည်မှုတွေမှာ တန်ဖိုးမရှိသလောက် ဖြစ်နေသလို
အသုံးမပြုကြတော့ပေမဲ့ ရှေးဟောင်းငွေစက္ကူ ဈေးကွက်အတွင်းမှာတော့ တန်ဖိုးတစ်ခု ရှိနေဆဲ ဖြစ်ပါတယ်။ဒါပေမဲ့ တရားဝင် ငွေကြေးအဖြစ် တည်ရှိနေဆဲဖြစ်တဲ့ ငွေစက္ကူတွေကို အကျိုးအမြတ် ရယူလိုခြင်းနဲ့
ရောင်းဝယ်ဖောက်ကားခြင်းဟာ လက်ရှိဗဟိုဘဏ် ဥပဒေအရ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှစ်နှစ်အထိ ဖြစ်စေ သို့မဟုတ် ဒဏ် နှစ်ရပ်လုံးအထိဖြစ်စေ ပြစ်ဒဏ် ချမှတ်ခံရနိုင်ပြီး ရဲအရေးပိုင်တဲ့ ပြစ်မှုတစ်ခုအဖြစ် သတ်မှတ်ထားတာကိုလည်း သတိချပ်စေလိုပါတယ်။မည်သို့ပင်ဖြစ်စေ တစ်ချိန်က ခိုင်မာခဲ့တဲ့ မြန်မာကျပ်ငွေတွေရဲ့
တန်ဖိုးဟာ ရှေးဟောင်းငွေစက္ကူ ဈေးကွက်အတွင်းမှာလည်း ဆက်လက်တန်ဖိုး မြင့်မားနေဆဲဖြစ်ပြီး သမိုင်းမှတ်တမ်းအဖြစ် ထားလိုသူ၊ ရှေးဟောင်းပစ္စည်း စုဆောင်းသူ၊ အမှတ်တရ ဖြစ်ရပ်တွေအတွက် သိမ်းထားလိုသူတွေကတော့ ဒီရှေးဟောင်းငွေစက္ကူတွေကို တန်ဖိုးကြီးပေး ရှာဖွေဝယ်ယူလျက် ရှိနေပါတယ်။
Credit
Zawgyi
စံလင္းနဲ႔ ေမာင္ေကာင္း ပိုက္ဆံက ရွားလည္း ရွားတယ္။ ေဈးလည္း အမ်ားႀကီး ပိုရတယ္ဗ်။ ဒီႏွစ္ခုမွာေတာင္ ေမာင္ေကာင္းက ပိုရွားတယ္။ကြၽန္ေတာ္လည္း တစ္ခါႏွစ္ခါလား ေတြ႕ဖူးေသးတယ္” ဟု ရန္ကုန္ၿမိဳ႕၊
မဂၤလာေတာင္ၫြန႔္ ၿမိဳ႕နယ္မွာ ေနထိုင္တဲ့ ေရွးေဟာင္းေငြစကၠဴ အေရာင္းအဝယ္ ျပဳလုပ္သူ ကိုမ်ိဳးႏိုင္ (အမည္လႊဲ) က ေျပာျပပါတယ္။ျမန္မာႏိုင္ငံမွာ ကိုလိုနီေခတ္ကေနၿပီး အခုလက္ရွိ အခ်ိန္အထိ ေခတ္အဆက္ဆက္
အသုံးျပဳခဲ့တဲ့ ေငြစကၠဴ အမ်ိဳးအစား မ်ားစြာ ရွိခဲ့ၿပီး ေခတ္အလိုက္ ႏိုင္ငံကို အုပ္ခ်ဳပ္ခဲ့တဲ့ အစိုးရေတြ အေပၚ မူတည္ကာ ထုတ္ေဝတဲ့ ေငြစကၠဴေတြရဲ႕ပုံသဏၭာန္ အေျပာင္းအလဲ မ်ားစြာ ရွိခဲ့ပါတယ္။
တစ္ခ်ိန္က အသုံးျပဳခဲ့ေပမဲ့ လက္ရွိအခ်ိန္မွာ တရားဝင္ ေငြစကၠဴအျဖစ္ တည္ရွိေနျခင္း မရွိေတာ့တဲ့ ေငြစကၠဴ အမ်ိဳးအစား မ်ားစြာရွိခဲ့ၿပီး ထုတ္ေဝခဲ့တဲ့ ခုႏွစ္သက္တမ္း ၾကာျမင့္မႈအေပၚ မူတည္ၿပီး ေရွးေဟာင္းေငြစကၠဴ ေရာင္းဝယ္ေရးေဈးကြက္မွာေတာ့ တန္ဖိုးႀကီးျမင့္မႈႏႈန္း ကြာျခားတတ္ပါတယ္။
ဒီလိုမ်ိဳး ေခတ္အဆက္ဆက္ အသုံးျပဳခဲ့တဲ့ ေငြစကၠဴ အမ်ိဳးအစားေတြထဲကမွာ စစ္ဝတ္စုံနဲ႔ ဦးထုပ္ဝတ္ဆင္ထားၿပီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္ပုံပါတဲ့ ၁၉၅၈ ခုႏွစ္မွာ ထုတ္ေဝခဲ့တဲ့ ေငြစကၠဴအမ်ိဳးအစားကေတာ့ ေရွးေဟာင္းေငြစကၠဴေရာင္းဝယ္ေရး ေဈးကြက္မွာ ေပါက္ေဈး ေကာင္းေကာင္းရေနတဲ့ ေငြစကၠဴ အမ်ိဳးအစား ျဖစ္ေနခဲ့ပါတယ္။
အျခားေသာ ျမန္မာက်ပ္ေငြ ေငြစကၠဴ အမ်ိဳးအစားေတြနဲ႔ မတူညီတဲ့ အခ်က္ကေတာ့ ၁၉၅၈ ခုႏွစ္မွာ ထုတ္ေဝခဲ့တဲ့ ဗိုလ္ခ်ဳပ္႐ုပ္ပုံပါ ေငြစကၠဴေတြမွာ ေငြစကၠဴထုတ္ရာ ဌာနတိုင္းနဲ႔ တူညီတဲ့တန္ဖိုးျဖင့္ လဲလွယ္ခြင့္ရွိေၾကာင္း အာမခံခ်က္ ေပးထားတဲ့
စာသားပါဝင္ျခင္းႏွင့္အတူ ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္ဘဏ္ ကိုယ္စားအုပ္ခ်ဳပ္ေရးမႉး စံလင္းရဲ႕ လက္မွတ္ပါဝင္ေနျခင္းပဲ ျဖစ္ပါတယ္။ေရွးေဟာင္း ေငြစကၠဴေဈးကြက္မွာ စံလင္းပိုက္ဆံလို႔ ေခၚေဝၚၾကတဲ့
၁၉၅၈ ခုႏွစ္ထုတ္ ျမန္မာက်ပ္ေငြ စကၠဴေတြဟာ အဲဒီအခ်ိန္တုန္းက တန္ဖိုးျမင့္မားၿပီး ကမာၻ႔ေငြေၾကးေလာကမွာလည္း မ်က္ႏွာမငယ္ခဲ့ရတဲ့ ေငြစကၠဴ ျဖစ္ပါတယ္။၁၉၅၂ ခုႏွစ္မွာ ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္ဘဏ္ အက္ဥပေဒကို
အဲဒီအခ်ိန္က ႏိုင္ငံေတာ္သမၼတ ဦးဘဦးက လက္မွတ္ေရးထိုး ျပ႒ာန္းခဲ့ၿပီးတဲ့ေနာက္ ၁၉၅၈ ခုႏွစ္ ေဖေဖာ္ဝါရီ ၁၂ ရက္ (ျပည္ေထာင္စုေန႔) မွာ စံလင္း ပိုက္ဆံလို႔ ေခၚၾကတဲ့ ဒီေငြစကၠဴအမ်ိဳးအစားေတြထဲက ၁ က်ပ္တန္၊ ၅ က်ပ္တန္၊ ၁၀ က်ပ္တန္နဲ႔ ၁၀၀ က်ပ္တန္မ်ားကို စတင္ထုတ္ေဝခဲ့ပါတယ္။
အဲဒီေနာက္ ၁၉၅၈ ခုႏွစ္ ၾသဂုတ္မွာေတာ့ ၂၀ က်ပ္တန္နဲ႔ ၁၀၀ က်ပ္တန္ေတြကို ဆက္လက္ထုတ္ေဝခဲ့တယ္လို႔ သိရပါတယ္။လက္ရွိ ေရွးေဟာင္းေငြစကၠဴ ေဈးကြက္အတြင္းမွာ ေဈးေကာင္းရေနတဲ့ စံလင္းပိုက္ဆံ အမ်ိဳးအစားထဲမွာေတာင္ တန္ဖိုးကြာျခားမႈေတြ ရွိေနပါေသးတယ္။
စံလင္းပိုက္ဆံ ၅၀ က်ပ္တန္နဲ႔ ၁၀၀ က်ပ္တန္ေတြဟာ ပိုမို ရွားပါးစြာေတြ႕ရတဲ့ ေငြစကၠဴ အမ်ိဳးအစားေတြျဖစ္ၿပီး ဒီေငြစကၠဴေတြဟာ တစ္႐ြက္ကို က်ပ္သိန္းဂဏန္းအထိ ေပးဝယ္ယူမွသာလွ်င္ အေရာင္းအဝယ္ ျဖစ္ႏိုင္မယ့္ ေငြစကၠဴ အမ်ိဳးအစားေတြ ျဖစ္တယ္လို႔ သိရပါတယ္။
ဒါေပမဲ့ အျခားေသာ စံလင္းပိုက္ဆံေတြဟာလည္း အနည္းဆုံး က်ပ္တစ္ေသာင္းဝန္းက်င္ ေဈးေပါက္ေနတာေၾကာင့္ေရွးေဟာင္းေငြစကၠဴ ေဈးကြက္မွာ အေမရိကန္ ေဒၚလာထက္ပင္ ပိုမိုတန္ဖိုးျမင့္မားတဲ့ ေငြစကၠဴ အမ်ိဳးအစားေတြလည္း ျဖစ္ေနပါတယ္။
“စံလင္းပိုက္ဆံေတြမွာ တစ္ရာတန္ေတြ ငါးဆယ္တန္ေတြက ပိုရွားတယ္။ အဲဒါေတြဆို တစ္႐ြက္ကို သိန္းခ်ီ တန္တယ္။ က်န္တဲ့ တစ္က်ပ္တန္၊ ငါးက်ပ္တန္၊ ႏွစ္ဆယ္တန္ေတြကလည္း ေဈးမနည္းဘူး။ အနည္းဆုံးေတာ့ တစ္ေသာင္းဝန္းက်င္ေပါက္ ေဈးရွိတာေပါ့။
ဒါေပမဲ့ အုပ္လိုက္ဆိုရင္ ပိုၿပီး ေဈးရတယ္။ တစ္႐ြက္ခ်င္းထက္ စာရင္ အမ်ားႀကီး ပိုၿပီးေတာ့ေပါ့” ဟု ကိုမ်ိဳးႏိုင္က ဆိုပါတယ္။ဒီလိုမ်ိဳး တစ္႐ြက္ကို သိန္းခ်ီတန္ေနတဲ့ ၁၉၅၈ ခုႏွစ္ထုတ္ ျမန္မာက်ပ္ေငြ တစ္ရာတန္နဲ႔ ငါးဆယ္တန္ေတြဟာ
အဲဒီေခတ္ အခ်ိန္အခါတုန္းက ေ႐ႊတစ္က်ပ္သား က်ပ္ႏွစ္ရာ ေပါက္ေဈးနဲ႔ ႏႈိင္းယွဥ္ၾကည့္ရင္ ဒီစံလင္းပိုက္ဆံေတြရဲ႕ တန္ဖိုးျမင့္မားပုံကို မွန္းဆၾကည့္ႏိုင္ပါတယ္။ဒါေပမဲ့ အာဏာသိမ္းအစိုးရျဖစ္တဲ့ ေတာ္လွန္ေရးေကာင္စီ လက္ထက္နဲ႔
အဲဒီကေန အသြင္ေျပာင္းသြားတဲ့ ျမန္မာ့ဆိုရွယ္လစ္ လမ္းစဥ္ပါတီ ေခတ္မွာေတာ့ ဒီစံလင္းပိုက္ဆံ တစ္ရာက်ပ္တန္နဲ႔ ငါးဆယ္တန္ေတြကို လက္ဝယ္ ပိုင္ဆိုင္ထားရွိျခင္းဟာ အျမင့္ဆုံး ေသဒဏ္အထိ ခ်မွတ္ႏိုင္တဲ့ အေၾကာင္းရင္းတစ္ခု ျဖစ္ခဲ့ပါတယ္။
၁၉၆၄ ခုႏွစ္ ေမ ၁၇ ရက္မွာ ေတာ္လွန္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းဟာ က်ပ္တစ္ရာတန္နဲ႔ ငါးဆယ္တန္ ေငြစကၠဴေတြကို အရင္းရွင္ လူတန္းစားမ်ားက ျပည္ေထာင္စု ျမန္မာႏိုင္ငံ၏ စီးပြားေရးကို ကေမာက္ကမ ျဖစ္ေစရန္၊
လုပ္သားျပည္သူမ်ား၏ စားေသာက္ေနထိုင္ေရးကို က်ဆင္းေအာင္ ျပဳလုပ္ရာတြင္ အသုံးခ်မည့္ပစၥည္းမ်ားအျဖစ္ သတ္မွတ္သည္ဟုဆိုကာ ယင္းေငြစကၠဴမ်ားကို တရားဝင္ေငြ အျဖစ္မွ ရပ္စဲခဲ့ပါတယ္။
ဒီလိုရပ္စဲခဲ့တဲ့ အမိန႔္စတင္ အသက္ဝင္မယ့္ ၁၉၆၄ ခုႏွစ္ ေမ ၁ရရက္ ည ၇ နာရီေနာက္ပိုင္း ဒီေငြစကၠဴေတြကို တရားဝင္ေငြအျဖစ္ အသုံးျပဳျခင္း၊ မိမိပိုင္ မဟုတ္ဘဲ မိမိပိုင္ျဖစ္ေၾကာင္း ေဖာ္ျပျခင္း၊
မိမိပိုင္ကို အျခားသူ တစ္ဦးပိုင္အျဖစ္ ေဖာ္ျပျခင္းေတြဟာ အနည္းဆုံး ေထာင္ဒဏ္ ၁၀ ႏွစ္ကေန အမ်ားဆုံး ေသဒဏ္အထိ အျပစ္ေပးခံရႏိုင္တဲ့ အေၾကာင္းရင္းေတြအျဖစ္ ေျပာင္းလဲသြားခဲ့ပါေတာ့တယ္။
အဲဒီေနာက္ပိုင္းမွာေတာ့ ယခင္ ပါလီမန္ ဒီမိုကေရစီေခတ္တစ္ေလွ်ာက္ တန္ဖိုးျမင့္မား ခိုင္မာခဲ့တဲ့ ျမန္မာက်ပ္ေငြဟာ တျဖည္းျဖည္း တန္ဖိုး က်ဆင္းလာခဲ့ရၿပီးေငြေၾကး ေဖာင္းပြမႈ အေျခအေနေတြ ဆိုး႐ြားစြာ ျဖစ္ေပၚလာခဲ့ရာကေန
တိုင္းျပည္ဟာလည္း ဖြံ႕ၿဖိဳးမႈ အေနာက္က်ဆုံး ႏိုင္ငံအျဖစ္သို႔ ေရာက္သြားေစခဲ့တဲ့ အေၾကာင္းရင္းေတြထဲက တစ္ခု ျဖစ္သြားခဲ့ရပါတယ္။ႏွစ္ေပါင္း ေျခာက္ဆယ္ေက်ာ္ေလာက္ ၾကာျမင့္ခဲ့ၿပီးေနာက္မွာေတာ့
တရားမဝင္ ေငြစကၠဴျဖစ္ခဲ့ရတဲ့ စံလင္း ပိုက္ဆံေတြဟာ ေရွးေဟာင္းေငြစကၠဴ ေဈးကြက္မွာေတာ့ တန္ဖိုးႀကီး ရွားပါးေငြစကၠဴေတြ အျဖစ္ကို ေျပာင္းလဲလာခဲ့ၿပီလည္း ျဖစ္ပါတယ္။
ေရွးေဟာင္းေငြစကၠဴ ေရာင္းဝယ္ေရး ေဈးကြက္မွာ စံလင္းပိုက္ဆံထက္ ပိုၿပီး တန္ဖိုးႀကီးရွားပါးတဲ့ ေနာက္ထပ္ေငြစကၠဴ အမ်ိဳးအစား တစ္ခုလည္း ရွိပါေသးတယ္။ အဲဒါကေတာ့ ၁၉၅၂ ခုႏွစ္ ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္ဘဏ္
အက္ဥပေဒ ျပ႒ာန္းျခင္း မရွိေသးခင္ လြတ္လပ္ေရးေခတ္ဦးကာလမွာ ထုတ္ေဝခဲ့တဲ့ ေမာင္ေကာင္းပိုက္ဆံလို႔ ေဈးကြက္အတြင္းေခၚေဝၚၾကတဲ့ ေငြစကၠဴေတြပဲ ျဖစ္ပါတယ္။
ေမာင္ေကာင္းပိုက္ဆံေတြကေတာ့ ေရွးေဟာင္းေငြစကၠဴ ေဈးကြက္အတြင္းမွာေတာင္ တစ္ခါတစ္ရံမွ ရွားရွားပါးပါး ေတြ႕ျမင္ရတဲ့ ေငြစကၠဴ အမ်ိဳးအစားေတြျဖစ္တယ္လို႔ သိရပါတယ္။
စံလင္းပိုက္ဆံနဲ႔ ေမာင္ေကာင္းပိုက္ဆံ ေငြစကၠဴ အမ်ိဳးအစား ႏွစ္ခုမွ ကြာျခားခ်က္ အေနနဲ႔ ေမာင္ေကာင္း ေငြစကၠဴဟာ ေဒါင္းပုံ၊ ျခေသၤ့ပုံ၊ ဆင္ပုံ၊ ရက္ကန္းရက္ေနတဲ့ အမ်ိဳးသမီးငယ္ပုံတို႔ ပါဝင္႐ိုက္ႏွိပ္ ထုတ္ေဝထားျခင္း ျဖစ္ၿပီး စံလင္းပိုက္ဆံကေတာ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္ပုံျဖင့္ ထုတ္ေဝထားတာ ျဖစ္ပါတယ္။
ဒါ့အျပင္ ဒီေငြစကၠဴ အမ်ိဳးအစားႏွစ္ခုကို အမည္ေပးထားပုံကလည္း ေငြစကၠဴေတြမွာ ပါဝင္တဲ့ စံလင္းနဲ႔ ေမာင္ေကာင္းတို႔ရဲ႕ လက္မွတ္ေတြေၾကာင့္ ျဖစ္ၿပီး ေမာင္ေကာင္းပိုက္ဆံမွာေတာ့ ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္ဘဏ္
အက္ဥပေဒ မျပ႒ာန္းမီက ထုတ္ေဝျခင္း ျဖစ္တာေၾကာင့္ ဗမာႏိုင္ငံ ေငြေၾကးအုပ္ခ်ဳပ္မႈအဖြဲ႕ ကိုယ္စားဆိုၿပီး ဦးေကာင္းရဲ႕ လက္မွတ္ ပါဝင္မွာ ျဖစ္ပါတယ္။လြတ္လပ္ေရး ေခတ္ဦးကာလ ျမန္မာႏိုင္ငံမွာ ၁၉၄၈ ခုႏွစ္ကေန ၁၉၅၂ ခုႏွစ္အတြင္
ေဒါင္းပုံ၊ ျခေသၤ့ပုံပါတဲ့ ၁ က်ပ္တန္၊ ၅က်ပ္တန္၊ ၁၀ က်ပ္တန္နဲ႔ ၁၀၀ က်ပ္တန္ေငြစကၠဴေတြကို ထုတ္ေဝခဲ့ေၾကာင္း ၂၀၁၆ ခုႏွစ္မွာ ျပဳလုပ္ခဲ့တဲ့ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ တတိယပုံမွန္အစည္းအေဝးမွာ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ ဒုတိယဥကၠ႒ ဦးစိုးမင္းက ေျဖၾကားခဲ့ဖူးပါတယ္။
ဒီလြတ္လပ္ေရး ေခတ္ဦးကာလ ျမန္မာႏိုင္ငံမွာ ေငြစကၠဴထုတ္ေဝမႈေတြကို တာဝန္ယူ လုပ္ေဆာင္ခဲ့တာဟာ ဗမာႏိုင္ငံ ေငြေၾကးအုပ္ခ်ဳပ္မႈအဖြဲ႕ ျဖစ္တဲ့အတြက္ အဲဒီအခ်ိန္က ထုတ္ေဝခဲ့တဲ့ ေမာင္ေကာင္းပိုက္ဆံလို႔ ေခၚၾကတဲ့ ေငြစကၠဴေတြဟာ စံလင္းပိုက္ဆံထက္ ပိုၿပီးေရွးက်တဲ့ ေငြစကၠဴ အမ်ိဳးအစားေတြလည္း ျဖစ္ပါတယ္။
ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ ၁၉၅၂ ခုႏွစ္ ဇူလိုင္ ၁ ရက္တြင္စၿပီး အသက္ဝင္ခဲ့တဲ့ ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္ဘဏ္ အက္ဥပေဒ ျပ႒ာန္း ၿပီးခ်ိန္မွသာလွ်င္ လက္ရွိအသုံးျပဳေနတဲ့ ဒသမစိတ္ ေငြေၾကးစနစ္ကို
စတင္အသုံးျပဳခဲ့တာျဖစ္ၿပီး အဲဒီမတိုင္ခင္ကာလမွာ ထုတ္ေဝခဲ့တဲ့ ေငြစကၠဴေတြကေတာ့ ကိုလိုနီေခတ္ ၿဗိတိသွ်အစိုးရလက္ထက္မွာ အသုံးျပဳခဲ့တဲ့ နည္းစနစ္အတိုင္း တြက္ခ်က္အသုံးျပဳၾကတာ ျဖစ္တယ္လို႔ သိရပါတယ္။
ဒသမစိတ္ ေငြေၾကးစနစ္ မစတင္မီကာလ ကိုလိုနီေခတ္မွ လြတ္လပ္ေရးေခတ္ဦးအထိ ျမန္မာႏိုင္ငံ ျပည္တြင္းမွ အသုံးျပဳခဲ့တဲ့ ႐ူပီးေငြနဲ႔ က်ပ္ေငြကို ၿဗိတိသွ်ေငြေၾကးစနစ္ စတာလင္ေပါင္ စနစ္အတိုင္း တြက္ခ်က္အသုံးျပဳခဲ့ၾကတာျဖစ္ၿပီး တစ္႐ူပီးဟာ ျမန္မာက်ပ္ေငြ ၁၆ ပဲ ၆၄ ျပားနဲ႔ ညီမွ်တယ္လို႔ သိရပါတယ္။
ဒသမစိတ္ ေငြေၾကးစနစ္ဟာ ျမန္မာဘုရင္ေတြ လက္ထက္က အသုံးျပဳခဲ့တဲ့ ေငြေၾကးစနစ္ျဖစ္ၿပီး ဒီစနစ္ကို ျပန္လည္အသုံးမျပဳမီ လြတ္လပ္ေရးေခတ္ဦးကာလက ထုတ္ေဝခဲ့တဲ့ ေမာင္ေကာင္း ေငြစကၠဴေတြမွာ
စံလင္းပိုက္ဆံေတြနဲ႔ ကြာျခားမႈအေနနဲ႔ကေတာ့ Union Bank of Burma စာသားအစား ဗမာႏိုင္ငံအစိုးရ ဒါမွမဟုတ္ Government of Burma စာသားမ်ား ပါဝင္ေနမွာ ျဖစ္ပါတယ္။စံလင္းပိုက္ဆံေတြကေတာ့ ေမာင္ေကာင္း
ပိုက္ဆံေတြ ေနရာမွာ အစားထိုး ဝင္ေရာက္ခဲ့တဲ့ ေငြစကၠဴေတြျဖစ္ၿပီး ယေန႔ေခတ္နဲ႔ ဥပမာျပရရင္ ျခေသၤ့ပုံပါ တစ္ေသာင္းက်ပ္တန္ ေငြစကၠဴေတြေနရာမွာ အသုံးျပဳရန္အတြက္ အသစ္ထပ္မံ ထုတ္ေဝခဲ့တဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံပါ တစ္ေသာင္းက်ပ္တန္ ေငြစကၠဴေတြကဲ့သို႔ ျဖစ္ပါတယ္။
ဒါေၾကာင့္ စံလင္းပိုက္ဆံထက္ ပိုမိုေရွးက်တဲ့ ေမာင္ေကာင္းပိုက္ဆံေတြဟာ ေရွးေဟာင္းေငြစကၠဴ ေဈးကြက္မွာေတာ့ တန္ဖိုး အလြန္ျမင့္မားလွၿပီး တစ္႐ြက္ကို ေဈးကစားႏိုင္မႈအေပၚမူတည္ကာ က်ပ္သုံးသိန္းေက်ာ္အထိ ေပါက္ေဈး ရွိတယ္လို႔ သိရပါတယ္။
ဒီေမာင္ေကာင္း ပိုက္ဆံေတြဟာ ေလွ်ာ့ေဈးနဲ႔ ေရာင္းခ်သူမ်ား၏ ေဈးႏႈန္းအရပင္ ေမာင္ေကာင္းပိုက္ဆံ တစ္ဆယ္က်ပ္တန္နဲ႔ ငါးက်ပ္တန္ေတြဟာ တစ္႐ြက္လွ်င္ ငါးေသာင္းက်ပ္ေလာက္အထိ ေပါက္ေဈး ရွိေနခဲ့တာကို ေတြ႕ရပါတယ္။
ေမာင္ေကာင္းပိုက္ဆံေတြထဲကမွ တစ္ရာက်ပ္တန္ေတြကေတာ့ မရွိသေလာက္ ရွားပါးလွၿပီး ျမင္ေတြ႕ဖူးသူပင္ မရွိသေလာက္ နည္းပါးတယ္လို႔လည္း သိရပါတယ္။ေမာင္ေကာင္း ပိုက္ဆံေတြက ကိုယ္ကိုင္ႏိုင္ရင္ ကိုင္ႏိုင္သေလာက္
ေဈးက ေတာင္းလို႔ ရတယ္။ တစ္႐ြက္ကို သုံးသိန္းေက်ာ္ေလာက္အထိ ရႏိုင္တယ္။ ကြၽန္ေတာ္ေတြ႕ဖူးတာက ငါးက်ပ္တန္၊ တစ္ဆယ္တန္ေလာက္ပဲ ရွိမယ္။ တစ္ရာတန္ကိုေတာ့ မေတြ႕ဖူးဘူး။
ေဈးကြက္ထဲမွာလည္း မျမင္ရဘူး။ အဲဒါေတြကေတာ့ တကယ့္ဆရာႀကီးေတြဆီမွာပဲ ရွိႏိုင္မယ္။ တန္ေၾကးကလည္း ေတာ္ေတာ္ႀကီး မ်ားေလာက္မယ္။ ရွားတာကလည္း မရွိသေလာက္ကို ရွားတာကိုး” ဟု ကိုမ်ိဳးႏိုင္က ေျပာျပပါတယ္။
ေရွးေဟာင္း ေငြစကၠဴေဈးကြက္အတြင္း ေနာက္ထပ္ ထပ္မံၿပီး ေဈးေကာင္းရတတ္တဲ့ အမ်ိဳးအစားကေတာ့ ေငြဒဂၤါးျပားမ်ားျဖစ္ၿပီး ေငြဒဂၤါးျပားမ်ားထဲမွ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဦးေခါင္းပုံႏွစ္ဖက္ပါသည့္ Error ျပားဟု ေဈးကြက္တြင္ ေခၚေဝၚၾကတဲ့ ဒဂၤါးျပားမ်ားကေတာ့
ေရာင္းတဲ့အခါ ႀကိဳက္ႏွစ္သက္တဲ့ ေဈးႏႈန္းကို ဆိုႏိုင္တဲ့အထိ တန္ဖိုးျမင့္တယ္လို႔ သိရပါတယ္။ ဒီ Error ျပားေတြက သြန္းလုပ္စဥ္မွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဦးေခါင္း ပုံကို ႏွစ္ဖက္စလုံးမွာ သြန္းလုပ္မိသြားတဲ့ ဒဂၤါျပားမ်ိဳးေတြ ျဖစ္တယ္လို႔လည္း သိရပါတယ္။
Error ျပားလို႔ ေခၚတာေပါ့ဗ်ာ။ ဒီလိုမ်ိဳး ဗိုလ္ခ်ဳပ္ေခါင္းက ႏွစ္ဖက္စလုံးမွာ ပါလာရင္ ေဈးက ႀကိဳက္သလိုေတာင္းပဲ။ သူက ထုတ္တုန္းက ဘယ္လိုေၾကာင့္ ႏွစ္ဖက္စလုံး ေခါင္းေတြခ်ည္း ျဖစ္သြားလဲေတာ့ မသိေပမဲ့ အဲဒါမ်ိဳးက ေဈးကြက္မွာ လုံးဝရွားပါးပဲ။
ေဈးက သုံးသိန္းဆိုလည္းရတယ္။ ေလးသိန္းဆိုလည္း ရတယ္” လို႔ ကိုမ်ိဳးႏိုင္က ဆိုပါတယ္။ဒါေတြအျပင္ ဒီေရွးေဟာင္း ေငြစကၠဴေဈးကြက္မွာေတာ့ ၁၉၄၆ ခုႏွစ္က ထုတ္ေဝခဲ့တဲ့ ေဒါင္းတံဆိပ္ ေရစာအမွတ္အသားနဲ႔
Legal Tender in Burma Only စာသားပါ ျမန္မာႏိုင္ငံျပည္တြင္းတြင္သာ အသုံးျပဳခြင့္ရွိတဲ့ ႐ူပီး ေငြစကၠဴေတြဟာလည္း ေဈးေကာင္းရတတ္တဲ့ ေငြစကၠဴအမ်ိဳးအစားေတြ ျဖစ္တာကို ေတြ႕ရပါတယ္။
ဒီ႐ူပီးေငြေတြကေတာ့ ကိုလိုနီေခတ္ ျမန္မာျပည္မွာ အသုံးျပဳဖို႔အတြက္ ထုတ္ေဝခဲ့တဲ့ ေငြစကၠဴေတြျဖစ္ၿပီး လြတ္လပ္ေရးရၿပီး ၁၉၄၈ ခုႏွစ္မွာ ဒီ႐ူပီးေငြေတြကို Government of the Union of Burma ဆိုတဲ့ စာသားနဲ႔ ေျပာင္းလဲထုတ္ေဝခဲ့ဖူးေၾကာင္းလည္း သိရပါတယ္။
လက္ရွိေရွးေဟာင္းေငြစကၠဴ ေဈးကြက္အတြင္းမွာ တရားမဝင္ေငြအျဖစ္ သတ္မွတ္ခံခဲ့ရတဲ့ စံလင္းနဲ႔ ေမာင္ေကာင္း ပိုက္ဆံေတြဟာ တန္ေၾကးအျမင့္ဆုံး အေျခအေနမွာ ရွိေနေပမဲ့ မဆလ အစိုးရလက္ထက္မွာ ထုတ္ေဝခဲ့ၿပီး
၁၉၈၇ စက္တင္ဘာ ၅ ရက္မွာ ႐ုတ္တရက္ တရားဝင္ ေငြေၾကးအျဖစ္မွ ရပ္စဲခဲ့ၿပီး ျပည္သူမ်ားစြာကို ဆင္းရဲတြင္း သက္ဆင္းေစခဲ့တဲ့ ၂၅ က်ပ္တန္၊ ၃၅ က်ပ္တန္နဲ႔ ၇၅ က်ပ္တန္ေတြကေတာ့ တန္ေၾကးနည္းပါးလွၿပီး အ႐ြက္တစ္ရာပါ ေငြစကၠဴတစ္အုပ္မွ က်ပ္တစ္သိန္းဝန္းက်င္သာရွိတယ္လို႔ သိရပါတယ္။
ေခတ္အဆက္ဆက္ ျမန္မာႏိုင္ငံမွာ အသုံးျပဳခဲ့တဲ့ ေငြစကၠဴေတြဟာ ႏွစ္ကာလ ၾကာျမင့္ျခင္းနဲ႔ ရွားပါးျခင္းေတြအေပၚ မူတည္ကာ တန္ေၾကးျမင့္မားေလ့ ရွိတာကို ေတြ႕ရၿပီး တန္ေၾကးျမင့္ ေရွးေဟာင္းေငြ စကၠဴအမ်ားစုကေတာ့ လက္ရွိအခ်ိန္မွာ တရားဝင္ေငြေၾကးအျဖစ္ တည္ရွိ မေနေတာ့တာကို ေတြ႕ရပါတယ္။
ဒါေပမဲ့ တရားဝင္ေငြေၾကးအျဖစ္ ဆက္လက္ရွိေနဆဲ ျဖစ္တဲ့ ေခတ္အဆက္ဆက္ အသုံးျပဳခဲ့တဲ့ တစ္က်ပ္တန္၊ ငါးက်ပ္တန္၊ ငါးမူးတန္၊ တစ္ဆယ္က်ပ္တန္၊ ၄၅ က်ပ္တန္နဲ႔ ၉၀ က်ပ္တန္ ေငြစကၠဴေတြဟာလည္း ျပင္ပေငြေၾကး လွည့္လည္မႈေတြမွာ
တန္ဖိုးမရွိသေလာက္ ျဖစ္ေနသလို အသုံးမျပဳၾကေတာ့ေပမဲ့ ေရွးေဟာင္းေငြစကၠဴ ေဈးကြက္အတြင္းမွာေတာ့ တန္ဖိုးတစ္ခု ရွိေနဆဲ ျဖစ္ပါတယ္။ဒါေပမဲ့ တရားဝင္ ေငြေၾကးအျဖစ္ တည္ရွိေနဆဲျဖစ္တဲ့ ေငြစကၠဴေတြကို
အက်ိဳးအျမတ္ ရယူလိုျခင္းနဲ႔ ေရာင္းဝယ္ေဖာက္ကားျခင္းဟာ လက္ရွိဗဟိုဘဏ္ ဥပေဒအရ ေငြဒဏ္ျဖစ္ေစ၊ ေထာင္ဒဏ္ႏွစ္ႏွစ္အထိ ျဖစ္ေစ သို႔မဟုတ္ ဒဏ္ ႏွစ္ရပ္လုံးအထိျဖစ္ေစ ျပစ္ဒဏ္ ခ်မွတ္ခံရႏိုင္ၿပီး ရဲအေရးပိုင္တဲ့ ျပစ္မႈတစ္ခုအျဖစ္ သတ္မွတ္ထားတာကိုလည္း သတိခ်ပ္ေစလိုပါတယ္။
မည္သို႔ပင္ျဖစ္ေစ တစ္ခ်ိန္က ခိုင္မာခဲ့တဲ့ ျမန္မာက်ပ္ေငြေတြရဲ႕ တန္ဖိုးဟာ ေရွးေဟာင္းေငြစကၠဴ ေဈးကြက္အတြင္းမွာလည္း ဆက္လက္တန္ဖိုး ျမင့္မားေနဆဲျဖစ္ၿပီး သမိုင္းမွတ္တမ္းအျဖစ္ ထားလိုသူ၊
ေရွးေဟာင္းပစၥည္း စုေဆာင္းသူ၊ အမွတ္တရ ျဖစ္ရပ္ေတြအတြက္ သိမ္းထားလိုသူေတြကေတာ့ ဒီေရွးေဟာင္းေငြစကၠဴေတြကို တန္ဖိုးႀကီးေပး ရွာေဖြဝယ္ယူလ်က္ ရွိေနပါတယ္။
Credit