Local News

ဒီအခြေအနေကြီး အမြန်ပြီးသွားဖို့ အသက်ကိုစတေးဝံ့တယ်ဆိုတဲ့ (၂၀)ကျော်မိန်းကလေးတွေရဲ့ စကားကြောင့် အေးသီတာမျက်ရည်ကျခဲ့ရ

အေးသီတာကတော့ရင်နာလိုက်တာ ဒီနေ့ အပြန် Free Drive ပို့ရင်း အသက် ၂၀ ကျော် ကလေးမ လေး ၃ယောက် နဲ့စကားပြောဖြစ် တယ်။အန်တီရေ ဘယ်လောက်တောင် ကြာမလဲ မသိဘူး သမီးတို့ စိတ်တွေ မရှည်တော့ဘူး၊

သမီးpost တခုမှာ ဖတ်ရတာ လူတွေ ရာထောင် ချီ သေမှ US စစ်တပ် က ဝင်ကူမယ့် အနေအထား ဆို ၊ အဲ့လို သာ လူတစ်ထောင်လောက် သေပေး လို့ US ဝင် လာမယ် ၊ ဒါကြီး ပြီးသွားမယ် ဆို သမီး နဲ့ သူငယ်ချင်းတွေ တိုင်ပင် ထားတယ် ၊ သတ်ခံ ဖို့ အရွေး ခံကြမယ် ၊ သေရလည်း နောက်ဘဝ က နေ ကျေနပ်မယ် တဲ့လေ။

ကျွန်မ ရင်ထဲ စူးခနဲပဲမျက်ရည်က အလိုလိုကျတယ်၊ မပေး နိုင် ပါဘူး ကလေးတွေ ရယ် ၊ တစ်ယောက် လေးနဲ့ မှ တောင် မလဲ နိုင်ပါဘူး ၊မင်း တို့ တန်ဖိုး နဲ့ သူတို့ အားလုံး လဲ မယ် ဆိုတောင် မတန်ပါဘူး လို့။

စိတ်ရှည်ပါ စိတ်ကို အဆင်ပြေအောင် ထားပါပြောပြရင်း အိမ်အရောက် ပို့ပေး ဖြစ်တယ်။ပြန်လာတဲ့ ခရီး ကျွန်မ ရင် တဆစ်ဆစ် နာ လွန်းတယ်”ဆိုပြီး သူမရဲ့ခံစားချက်တွေကိုဖွင့်ဟလာတာဖြစ်ပါတယ်နော်။

ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အေးသီတာကတော့ အနုပညာအလုပ်တွေကို COVID-19 (first wave)ဖြစ်ကတည်းက နားထားတာကြောင့် ကိုယ်တက်ကျွမ်းတဲ့အချက်အပြုတ်လေးနဲ့ စီးပွါးရေးလုပ်ဆောင်နေတာဖြစ်ပါတယ်။အေးသီတာရောင်းချတဲ့ မုန့်ဟင်းခါးကလည်း လအနည်းငယ်အတွင်းမှာ လူသိများလာလို့ မှာယူစားသုံးကြတဲ့သူတွေလည်းမနည်းပါဘူးနော်။အေးသီတာကလည်း စားသုံးသူတွေစားကောင်းစေဖို့အတွက် စေတနာအပြည့်နဲ့ချက် ပြုတ်ပြီး ဈေးသက်သက်သာသာနဲ့ရောင်းချတာဖြစ်ပါတယ်။

အေးသီတာကတော့ မုန့်ဟင်းခါးအော်ဒါမှာတဲ့သူတွေဆီကိုလည်း သူမကိုယ်တိုင်လိုက်ပို့ပေးသေးတာဖြစ်ပါတယ်။အခုကာလမှာတော့ လက်ရှိဖြစ်ပေါ်နေတဲ့အရေးကိစ္စတွေကြောင့် အေးသီတာလည်း သူမရဲ့စီးပွါးရေးကိုရပ်နားထားပြီး ပြည်သူလူထုနဲ့အတူ တစ်သားတည်း ပါဝင်နေတာဖြစ်ပါတယ်။အေးသီတာက ပြည်သူလူထုကို သူမတတ်စွမ်းသလောက် ကူညီပေးတာဖြစ်လို့ အိမ်အပြန်ခက်ခဲနေကြတဲ့လူ ငယ်တွေကို သူမကားနဲ့လိုက်ပို့ပေးတာဖြစ်ပါတယ်။

အခုလိုအချိန်မျိုးမှာ လမ်းမပေါ်မှာ လူပေါင်းများစွာပါဝင်လှုပ်ရှားနေကြတာကြောင့် YBSကားတွေသိပ်မထွက်တော့ဘဲ Taxiတွေပါရှားသွားတာဖြစ်ပါတယ်။ဒီလိုအခက်အခဲတွေနဲ့ကြုံရတဲ့ မိန်းကလေးသုံးယောက်ကို၊

အေးသီတာက အိမ်အရောက်ပြန်လိုက်ပို့ပေးပြီး ကားပေါ်မှာစကားပြောဖြစ်ကြတဲ့အကြောင်းလေးကို ရေးသားထားတာဖြစ်ပါတယ်။

Source & Photo Credit Aye Thida’s Facebook Account