Knowledge

၇ ရက္သားသမီး အပတ္စဥ္ ေဗဒင္ေဟာစာတမ္း (၂၃.၁.၂၀၂၂ မွ ၂၉.၁.၂၀၂၂ အထိ)

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် – အလုပ်တွေ ကောင်းပေမယ့် လူရောစိတ်ပါ မနားမနေ ပင်ပန်းရတတ်တဲ့ကာလ ဖြစ်လိမ့်မယ်။ အလုပ်တွေက လုပ်လိုက်ပျက်လိုက်နဲ့ မနည်း တည်ဆောက်ယူရမယ်။ အကြီးအကဲတွေကြောင့် စိတ်ညစ်ရပြီး တာဝန်ကြီးတွေလည်း ဖိစီးလာနိုင်တယ်။ ငွေကြေးကံကောင်းနိုင်ပေမယ့် သည်းခံရ စောင့်ဆိုင်းရတာမျိုးရှိမယ်။

ကျန်းမာရေး – ခေါင်းကိုက်၊ ခေါင်းမူး၊ အာရုံကြော အားနည်းတာတွေ ဖြစ်တတ်တယ်။ ဖျားနာလွယ်မယ်။

လူမှုအိမ်ထောင် – တစ်ပတ်တာ မေတ္တာရေးမှာ စိတ်ကြည်နူးချမ်းမြေ့စရာတွေ ဖြစ်လာမယ်။ အချင်းချင်းကြားမှာ ခါတိုင်းထက် နားလည်နွေးထွေးမှုတွေ ပိုရလာမယ်။ လူငယ်တွေဆိုရင် စန်းပွင့်တာ၊ချစ်သူရတာမျိုး ကြုံလာမယ်။ ရွေးရခက်တဲ့အနေအထားတွေတောင် ဖြစ်တတ်တယ်။ လူမှုဆက်ဆံရေးမှာတော့ စိတ်တိုင်းမကျတာ ဖြစ်မယ်။

ကံကောင်းစေတဲ့ အရောင် – အဝါ၊ အဖြူ

ကံစမ်းနိုင်တဲ့ ဂဏန်း – ၅ ၊ ၂

ကံကောင်းစေတဲ့ အရပ် – အနောက် ၊ မြောက်

ကံကောင်းစေတဲ့ နေ့ရက် – စနေ

ယတြာ – အိမ်ကဘုရားမှာ မုန့်ဟင်းခါး မကြာခဏ ကပ်လှူပါ။ ဖခင် (သို့) ဦးလေးကို အားဆေးနဲ့ကန်တော့ပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် – အကြံအစည်တွေ အောင်မြင်မယ့်ကာလဖြစ်ပြီး စိတ်ကူးကောင်းတွေလည်း ပေါ်ထွက်လာမယ်။ လုပ်ငန်းစီးပွားကံဇာတာ အတော်သင့်ကောင်းမွန်လာနိုင်သလို အဆက်အသွယ်ကောင်း၊အမှီကောင်းတွေလည်း ရရှိတတ်တယ်။ ငွေကြေးလာဘ်လာဘ ရွှင်လန်းမယ်။ ကိုယ်နဲ့မဆိုင်တာတွေ ဝင်မပါဖို့တော့ သတိထားရမယ်။

ကျန်းမာရေး – တစ်ပတ်လုံးမှာ ဘေးကင်းကျန်းမာမယ်။ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းစရာတွေ ကြုံရမယ်။

လူမှုအိမ်ထောင် – အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကံဇာတာ သိပ်မကောင်းတဲ့ကာလ ဖြစ်တယ်။ လူငယ်လူရွယ် ချစ်မှုရေးရာ အဆင်မပြေမှုတွေ များတတ်တယ်။ အချင်းချင်း ညှိမရဘဲ အတိုက်အခံတွေ လုပ်မိမယ်။ မိသားစုနဲ့ အိမ်တွင်းရေးမှာလည်း စိတ်ဝမ်းကွဲစရာတွေ အချင်းများတတ်တယ်။ လူမှုဆက်ဆံရေးမှာလည်း စိတ်ညစ်ရမယ်။

ကံကောင်းစေတဲ့ အရောင် – အဖြူ ၊ ရောင်စုံကွက်

ကံစမ်းနိုင်တဲ့ ဂဏန်း -၂ ၊ ၆ ၊ ၃

ကံကောင်းစေတဲ့ အရပ် – အရှေ့ ၊ အနောက်

ကံကောင်းစေတဲ့ နေ့ရက် – တနင်္လာ ၊ ကြာသပတေး

ယတြာ – မွေးနေ့ (တနင်္လာ) မနက်စောစော အိမ်ကဘုရားမှာ ကြာဆံကြော်နဲ့ ဆွမ်းကပ်ပြီး ဆုတောင်းပေးပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် – ဒီအပတ်မှာလည်း အလုပ်စီးပွားကံဇာတာ သိပ်မကောင်းသေးဘဲ အတော်လေး ရုန်းကန်နိုင်မှပဲ အဆင်ပြေလိမ့်မယ်။ လူရောစိတ်ပါ အပင်ပန်းခံသည်းညည်းခံလုပ်နိုင်မှ သူများနဲ့တန်းတူလိုက်နိုင်မယ်။ ငွေကြေး ကံဇာတာ အားနည်းလို့ အပေးအယူ၊ အလွှဲအပြောင်းတွေ သတိထားလုပ်ပါ။ ငွေကုန်ကြေးကျလည်း များမယ်။

ကျန်းမာရေး – သာမန်ထက် ကျန်းမာရေး နိမ့်ပါးကျဆင်းတတ်တယ်။ ရောဂါဝေဒနာအခံရှိရင် ဂရုစိုက်ပါ။

လူမှုအိမ်ထောင် – တစ်ပတ်တာ မေတ္တာရေးမှာ မကြာခဏ ပဋိပက္ခလေးတွေ ဖြစ်လာလိမ့်မယ်။ စကားအမှားနဲ့ သူတပါး ပယောဂကြောင့်လည်း နှစ်ဦးသားဆက်ဆံရေးမှာ မပြေလည်စရာတွေ များလာမယ်။ ပြဿနာတွေက ယာယီသာ ဖြစ်လို့ စိတ်လျှော့သည်းခံပေးလိုက်ပါ။ လူမှုရေးမှာတော့ ကိုယ့်ကို ကူညီဖေးမမယ့်သူတွေ ပေါမယ်။

ကံကောင်းစေတဲ့ အရောင် – အနက် ၊ အနီရင့်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၇ ၊ ၀ ၊ ၃

ကံကောင်းစေတဲ့ အရပ် – အရှေ့ ၊ မြောက်

ကံကောင်းစေတဲ့ နေ့ရက် – အင်္ဂါ ၊ သောကြာ

ယတြာ – တစ်ပတ်အတွင်း အိမ်ကဘုရားမှာ နေ့စဉ် နွားနို့တစ်ခွက် ကပ်လှူပေးသွားပါ။

ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် – တစ်ပတ်တာ လုပ်ငန်းကိစ္စတွေမှာ ခေါင်းခံရ၊ တာဝန်ယူရတာတွေ များမယ်။ ပူပန်သောကတွေ များရတတ်ပြီး စိတ်တိုင်းမကျစရာတွေလည်း ဆက်တိုက် ကြုံရတတ်တယ်။ စိတ်ကူးဆုံးဖြတ်ချက်တွေ မှားနေလို့ ဘာပဲလုပ်လုပ် နှစ်ခါပြန် စဉ်းစားသင့်တယ်။ ငွေကြေးကံ အားနည်းပြီး ကြားကနေ အာမခံတာတွေ ရှောင်ရမယ်။

ကျန်းမာရေး – အလိုလိုနေရင်း စိတ်မကြည်လင်တာ၊ ထိုင်းမှိုင်းတာတွေ ခံစားရတတ်တယ်။

လူမှုအိမ်ထောင် – ဒီအပတ် အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ စိတ်ချမ်းသာစရာတွေ တွေ့ကြုံရမယ်။ လူငယ်၊ လူရွယ်တွေ စန်းပွင့်မယ်။ လက်တွဲဖော် ရှာနေသူတွေ အဆင်ပြေမယ်။ စဉ်းစားရခက်၊ ရွေးရခက်နေတတ်တယ်။ ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ ကြည်နူးဖွယ်အချိန်တွေ ဖြတ်သန်းရလိမ့်မယ်။ လူမှုရေးမှာလည်း ကံကောင်းလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် – ပုလဲရောင်၊ အဝါဖျော့ဖျော့

ကံစမ်းနိုင်တဲ့ ဂဏန်း – ၂ ၊ ၉

ကံကောင်းစေတဲ့ အရပ် – အရှေ့တောင် ၊ မြောက်

ကံကောင်းစေတဲ့ နေ့ရက် – စနေ

ယတြာ – မွေးနေ့ မနက်ပိုင်းမှာ ဈေးထဲက ငါးအရှင် ၁၇ ကောင်ကို ဝယ်ပြီး မြစ်ချောင်းတစ်နေရာမှာ လွှတ်ပါ။

ရာဟုဖွား

အလုပ်အကိုင် – အရင်ကာလက မပြီးမပြတ် ဖြစ်နေတဲ့အလုပ်တွေကို ဒီအပတ်မှာ စိတ်မပါလက်မပါနဲ့ ပြန်လည် လုပ်ကိုင်ပေးရတတ်တယ်။ အလုပ်မှာ ပူပန်ကြောင့်ကျစရာတွေ များပြီး ကြိုးစားမှုတွေက အရာမထင် ဖြစ်မယ်။ ငွေကြေးအရလည်း သိပ်အဆင်မပြေဘဲ ဖြစ်သလိုလေး လုပ်နေရတတ်တယ်။ သူများကိစ္စတွေပါ ကူပေးရမယ်။

ကျန်းမာရေး – စိတ်နောက်ကိုယ်ပါ နေထိုင်မိလို့ ကျန်းမာရေးပါ ထိတတ်တယ်။ ဆင်ခြင်သတိထားပေးပါ။

လူမှုအိမ်ထောင် – မေတ္တာရေးမှာ မျှော်လင့်ချက်တွေ ရှင်သန်လာလိမ့်မယ်။ အရင်က ဘယ်လောက်ပဲ စိတ်ညစ် ဆွေးမြေ့စရာတွေ ရှိခဲ့ပါစေ ဒီအပတ်မှာ လိုအင်ဆန္ဒတချို့ ပြည့်ဝလာမယ်။ ချစ်သူစုံတွဲတွေလည်း ပျော်ရွှင်စရာ ဖန်တီးလာနိုင်မယ်။ အိမ်ထောင်ပြုဖို့ ရည်ရွယ်သူတွေ ဖြစ်မြောက်လာမယ်။ မိတ်ဆွေတွေက ကူညီပေးလာမယ်။

ကံကောင်းစေတဲ့ အရောင် – ကြက်သွေးရောင် ၊ သနပ်ခါးရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၈ ၊ ၃

ကံကောင်းစေတဲ့ အရပ် – အနောက်တောင် ၊ အနောက်

ကံကောင်းစေတဲ့ နေ့ရက် – စနေနေ့ မွန်းလွဲနောက်ပိုင်း

ယတြာ – ဗုဒ္ဓဟူးနေ့ မွန်းလွဲနောက်ပိုင်း စေတီတစ်ဆူရဲ့ရာဟုထောင့်မှာ ယပ်တောင်ဖြူ ၂ လက် လှူပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် – ဒီအပတ်မှာလည်း လုပ်ငန်းစီးပွားကံတွေ ဆက်ကောင်းနိုင်တယ်။ ဒါပေမယ့် စိတ်ပူပန်စရာတွေ အာရုံနောက်စရာတွေတော့ ပိုများလာမယ်။ လွယ်လွယ်ကူကူနဲ့ တန်းအဆင်မပြေဘဲ အထစ်အငေါ့တွေ ဖြစ်ပြီးမှ အောင်မြင်လိမ့်မယ်။ ငွေကြေးကံဇာတာ ကောင်းမယ်။ လုပ်ပိုင်ခွင့်တွေ တိုးလာမယ်။ တာဝန်တွေပါ ပိုများမယ်။

ကျန်းမာရေး – ခါတိုင်းထက် ကျန်းမာရေး ညံ့သွားနိုင်တယ်။ လေနာ၊ ဝမ်းပျက်တွေ ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် – အချစ်ရေး၊အိမ်ထောင်ရေးမှာ ပျော်ရွှင်ဝမ်းမြောက်စရာတွေ ကြုံရလိမ့်မယ်။ လူငယ်တွေဆိုရင် စန်းပွင့်တာ၊ ချစ်သူဆီက သတင်းကောင်း ကြားရတာတွေ ကြုံလာရမယ်။ အိမ်ထောင်ရှင်တွေလည်း သာယာမှု အေးချမ်းမှုတွေကို ခံစားရလိမ့်မယ်။ လူမှုရေးကဏ္ဍမှာတော့ မိတ်ဆွေအပေါင်းအသင်းကြောင့် စိတ်ညစ်နေမယ်။

ကံကောင်းစေတဲ့ အရောင် – ခရမ်းပြာ၊ အဖြူ

ကံစမ်းနိုင်တဲ့ ဂဏန်း – ၆ ၊ ၂

ကံကောင်းစေတဲ့ အရပ် – အရှေ့၊ အရှေ့တောင်

ကံကောင်းစေတဲ့ နေ့ရက် – ကြာသပတေး၊ စနေ

ယတြာ – တနင်္လာနေ့ မနက်ပိုင်း ဘုရားစေတီ (သို့) ဘုန်းကြီးကျောင်း လိုအပ်ရာမှာ ရေသန့်ကုသိုလ်ပြုပါ။

သောကြာနေ့ဖွား

အလုပ်အကိုင် – အရင်အပတ်က မဟန်ခဲ့တဲ့အလုပ်ကိစ္စတွေ ဒီအပတ်မှာ အခြေအနေ ပြန်ကောင်းတတ်တယ်။ လုပ်ငန်းသစ် လုပ်လိုသူတွေ၊ အလုပ်နေရာ တိုးချဲ့ချင်သူတွေ ကြိုးစားကြည့်နိုင်တယ်။ ငွေကြေးကံဇာတာလည်း ကောင်းမွန်လာမယ်။ ငွေများများဝင်ကိန်း ရှိတယ်။ လုပ်ငန်းခွင်မှာလည်း အခွင့်အလမ်းကောင်းတွေ ရလိမ့်မယ်။

ကျန်းမာရေး – နေထိုင်မကောင်းချင်သလို ဖြစ်တတ်ပေမယ့် စိုးရိမ်စရာ မရှိပါ။ ပြန်သက်သာလွယ်မယ်။

လူမှုအိမ်ထောင် – တစ်ပတ်တာ မေတ္တာရေးမှာ စိတ်နှလုံး ညိုးချူံးစရာတွေ ဖြစ်လာနိုင်တယ်။ လမ်းခွဲရတာတွေနဲ့ ဝမ်းနည်းစိတ်ပျက်ရတာတွေ ရှိလာလိမ့်မယ်။ အချင်းချင်း နားလည်မှု လွဲပြီး ပြန်ညှိနှိုင်းလို့ မရအောင် ဖြစ်မယ်။ စုံတွဲ၊ အိမ်ထောင်ရှင်တွေလည်း ကတောက်ကဆ များမယ်။ အပေါင်းအသင်းတွေဆီက အကူအညီ ယူရမယ်။

ကံကောင်းစေတဲ့ အရောင် – နက်ပြာရောင်၊ အညိုရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၆ ၊ ၇ ၊ ဝ

ကံကောင်းစေတဲ့ အရပ် – အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် – တနင်္လာ ၊ သောကြာ

ယတြာ – တစ်ပတ်အတွင်း အိမ်ကဘုရားမှာ မနက်တိုင်း နန်းကြီးသုပ် ကပ်လှူပြီး ဆုတောင်းပေးပါ။

စနေနေ့ဖွား

အလုပ်အကိုင် – တစ်ပတ်တာအတွင်း အလုပ်မှာ အနိမ့်အမြင့် အတက်အကျလေးတွေ များမယ်။ မတည်မငြိမ်နဲ့ အခြေအနေကြည့် လုပ်ရတာမျိုးတွေ ဖြစ်လာမယ်။ ဒါပေမယ့် ဘယ်လိုပဲ အခက်အခဲရှိရှိ အဆင်ပြေသွားအောင် လုပ်နိုင်မယ်။ ဇွဲလုံ့လ စိတ်ရှည်မှုတော့ လိုအပ်မယ်။ ငွေအဝင်အထွက် များပြီး လက်ထဲ အဖတ်တင် ဖြစ်နေမယ်။

ကျန်းမာရေး – ဘေးကင်း ကျန်းမာမယ့်သီတင်းပတ် ဖြစ်မယ်။ ကျန်းမာရေးညံ့လည်း ယာယီသာ ဖြစ်တယ်။

လူမှုအိမ်ထောင် – အချစ်ရေး၊အိမ်ထောင်ရေးမှာ ဆူဆူပူပူလေးတွေ ဖြစ်မယ်။ ပြီးတော့လည်း ပြန်အဆင်ပြေမယ် နှစ်ဦးကြားမှာ ဘေးလူဝင်လာနိုင်လို့ သတိနဲ့ ထိန်းသိမ်းရမယ်။ ဘေးကနေ အနှောင့်အယှက်တွေ ပေးလိမ့်မယ်။ အိမ်တွင်းရေး မသာမယာ ဖြစ်တတ်တယ်။ မိတ်ဆွေအပေါင်းအသင်းတွေကလည်း အားကိုးမရဘဲ ဖြစ်နေမယ်။

ကံကောင်းစေတဲ့ အရောင် – ကော်ဖီရောင်၊ အနက်ရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၇ ၊ ၂ ၊ ၉

ကံကောင်းစေတဲ့ အရပ် – အရှေ့ ၊ အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် – အင်္ဂါ ၊ စနေ

ယတြာ – တစ်ပတ်အတွင်း သံဃာတစ်ပါးကို ဒိန်ချဉ် (သို့မဟုတ်) ထောပတ် ကပ်လှူပြီး ဆုတောင်းပါ။

Credit

Zawgyi

တနဂၤေႏြေန႔ဖြား

အလုပ္အကိုင္ – အလုပ္ေတြ ေကာင္းေပမယ့္ လူေရာစိတ္ပါ မနားမေန ပင္ပန္းရတတ္တဲ့ကာလ ျဖစ္လိမ့္မယ္။ အလုပ္ေတြက လုပ္လိုက္ပ်က္လိုက္နဲ႔ မနည္း တည္ေဆာက္ယူရမယ္။ အႀကီးအကဲေတြေၾကာင့္ စိတ္ညစ္ရၿပီး တာဝန္ႀကီးေတြလည္း ဖိစီးလာႏိုင္တယ္။ ေငြေၾကးကံေကာင္းႏိုင္ေပမယ့္ သည္းခံရ ေစာင့္ဆိုင္းရတာမ်ိဳးရွိမယ္။

က်န္းမာေရး – ေခါင္းကိုက္၊ ေခါင္းမူး၊ အာ႐ုံေၾကာ အားနည္းတာေတြ ျဖစ္တတ္တယ္။ ဖ်ားနာလြယ္မယ္။

လူမႈအိမ္ေထာင္ – တစ္ပတ္တာ ေမတၱာေရးမွာ စိတ္ၾကည္ႏူးခ်မ္းေျမ့စရာေတြ ျဖစ္လာမယ္။ အခ်င္းခ်င္းၾကားမွာ ခါတိုင္းထက္ နားလည္ေႏြးေထြးမႈေတြ ပိုရလာမယ္။ လူငယ္ေတြဆိုရင္ စန္းပြင့္တာ၊ခ်စ္သူရတာမ်ိဳး ႀကဳံလာမယ္။ ေ႐ြးရခက္တဲ့အေနအထားေတြေတာင္ ျဖစ္တတ္တယ္။ လူမႈဆက္ဆံေရးမွာေတာ့ စိတ္တိုင္းမက်တာ ျဖစ္မယ္။

ကံေကာင္းေစတဲ့ အေရာင္ – အဝါ၊ အျဖဴ

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၅ ၊ ၂

ကံေကာင္းေစတဲ့ အရပ္ – အေနာက္ ၊ ေျမာက္

ကံေကာင္းေစတဲ့ ေန႔ရက္ – စေန

ယၾတာ – အိမ္ကဘုရားမွာ မုန႔္ဟင္းခါး မၾကာခဏ ကပ္လႉပါ။ ဖခင္ (သို႔) ဦးေလးကို အားေဆးနဲ႔ကန္ေတာ့ပါ။

တနလၤာေန႔ဖြား

အလုပ္အကိုင္ – အႀကံအစည္ေတြ ေအာင္ျမင္မယ့္ကာလျဖစ္ၿပီး စိတ္ကူးေကာင္းေတြလည္း ေပၚထြက္လာမယ္။ လုပ္ငန္းစီးပြားကံဇာတာ အေတာ္သင့္ေကာင္းမြန္လာႏိုင္သလို အဆက္အသြယ္ေကာင္း၊အမွီေကာင္းေတြလည္း ရရွိတတ္တယ္။ ေငြေၾကးလာဘ္လာဘ ႐ႊင္လန္းမယ္။ ကိုယ္နဲ႔မဆိုင္တာေတြ ဝင္မပါဖို႔ေတာ့ သတိထားရမယ္။

က်န္းမာေရး – တစ္ပတ္လုံးမွာ ေဘးကင္းက်န္းမာမယ္။ ကိုယ္စိတ္ႏွစ္ပါး ႐ႊင္လန္းစရာေတြ ႀကဳံရမယ္။

လူမႈအိမ္ေထာင္ – အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ ကံဇာတာ သိပ္မေကာင္းတဲ့ကာလ ျဖစ္တယ္။ လူငယ္လူ႐ြယ္ ခ်စ္မႈေရးရာ အဆင္မေျပမႈေတြ မ်ားတတ္တယ္။ အခ်င္းခ်င္း ညႇိမရဘဲ အတိုက္အခံေတြ လုပ္မိမယ္။ မိသားစုနဲ႔ အိမ္တြင္းေရးမွာလည္း စိတ္ဝမ္းကြဲစရာေတြ အခ်င္းမ်ားတတ္တယ္။ လူမႈဆက္ဆံေရးမွာလည္း စိတ္ညစ္ရမယ္။

ကံေကာင္းေစတဲ့ အေရာင္ – အျဖဴ ၊ ေရာင္စုံကြက္

ကံစမ္းႏိုင္တဲ့ ဂဏန္း -၂ ၊ ၆ ၊ ၃

ကံေကာင္းေစတဲ့ အရပ္ – အေရွ႕ ၊ အေနာက္

ကံေကာင္းေစတဲ့ ေန႔ရက္ – တနလၤာ ၊ ၾကာသပေတး

ယၾတာ – ေမြးေန႔ (တနလၤာ) မနက္ေစာေစာ အိမ္ကဘုရားမွာ ၾကာဆံေၾကာ္နဲ႔ ဆြမ္းကပ္ၿပီး ဆုေတာင္းေပးပါ။

အဂၤါေန႔ဖြား

အလုပ္အကိုင္ – ဒီအပတ္မွာလည္း အလုပ္စီးပြားကံဇာတာ သိပ္မေကာင္းေသးဘဲ အေတာ္ေလး ႐ုန္းကန္ႏိုင္မွပဲ အဆင္ေျပလိမ့္မယ္။ လူေရာစိတ္ပါ အပင္ပန္းခံသည္းညည္းခံလုပ္ႏိုင္မွ သူမ်ားနဲ႔တန္းတူလိုက္ႏိုင္မယ္။ ေငြေၾကး ကံဇာတာ အားနည္းလို႔ အေပးအယူ၊ အလႊဲအေျပာင္းေတြ သတိထားလုပ္ပါ။ ေငြကုန္ေၾကးက်လည္း မ်ားမယ္။

က်န္းမာေရး – သာမန္ထက္ က်န္းမာေရး နိမ့္ပါးက်ဆင္းတတ္တယ္။ ေရာဂါေဝဒနာအခံရွိရင္ ဂ႐ုစိုက္ပါ။

လူမႈအိမ္ေထာင္ – တစ္ပတ္တာ ေမတၱာေရးမွာ မၾကာခဏ ပဋိပကၡေလးေတြ ျဖစ္လာလိမ့္မယ္။ စကားအမွားနဲ႔ သူတပါး ပေယာဂေၾကာင့္လည္း ႏွစ္ဦးသားဆက္ဆံေရးမွာ မေျပလည္စရာေတြ မ်ားလာမယ္။ ျပႆနာေတြက ယာယီသာ ျဖစ္လို႔ စိတ္ေလွ်ာ့သည္းခံေပးလိုက္ပါ။ လူမႈေရးမွာေတာ့ ကိုယ့္ကို ကူညီေဖးမမယ့္သူေတြ ေပါမယ္။

ကံေကာင္းေစတဲ့ အေရာင္ – အနက္ ၊ အနီရင့္

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၇ ၊ ၀ ၊ ၃

ကံေကာင္းေစတဲ့ အရပ္ – အေရွ႕ ၊ ေျမာက္

ကံေကာင္းေစတဲ့ ေန႔ရက္ – အဂၤါ ၊ ေသာၾကာ

ယၾတာ – တစ္ပတ္အတြင္း အိမ္ကဘုရားမွာ ေန႔စဥ္ ႏြားႏို႔တစ္ခြက္ ကပ္လႉေပးသြားပါ။

ဗုဒၶဟူးေန႔ဖြား

အလုပ္အကိုင္ – တစ္ပတ္တာ လုပ္ငန္းကိစၥေတြမွာ ေခါင္းခံရ၊ တာဝန္ယူရတာေတြ မ်ားမယ္။ ပူပန္ေသာကေတြ မ်ားရတတ္ၿပီး စိတ္တိုင္းမက်စရာေတြလည္း ဆက္တိုက္ ႀကဳံရတတ္တယ္။ စိတ္ကူးဆုံးျဖတ္ခ်က္ေတြ မွားေနလို႔ ဘာပဲလုပ္လုပ္ ႏွစ္ခါျပန္ စဥ္းစားသင့္တယ္။ ေငြေၾကးကံ အားနည္းၿပီး ၾကားကေန အာမခံတာေတြ ေရွာင္ရမယ္။

က်န္းမာေရး – အလိုလိုေနရင္း စိတ္မၾကည္လင္တာ၊ ထိုင္းမႈိင္းတာေတြ ခံစားရတတ္တယ္။

လူမႈအိမ္ေထာင္ – ဒီအပတ္ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာေတာ့ စိတ္ခ်မ္းသာစရာေတြ ေတြ႕ႀကဳံရမယ္။ လူငယ္၊ လူ႐ြယ္ေတြ စန္းပြင့္မယ္။ လက္တြဲေဖာ္ ရွာေနသူေတြ အဆင္ေျပမယ္။ စဥ္းစားရခက္၊ ေ႐ြးရခက္ေနတတ္တယ္။ ခ်စ္သူ၊ အိမ္ေထာင္ဖက္နဲ႔ ၾကည္ႏူးဖြယ္အခ်ိန္ေတြ ျဖတ္သန္းရလိမ့္မယ္။ လူမႈေရးမွာလည္း ကံေကာင္းလိမ့္မယ္။

ကံေကာင္းေစတဲ့ အေရာင္ – ပုလဲေရာင္၊ အဝါေဖ်ာ့ေဖ်ာ့

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၂ ၊ ၉

ကံေကာင္းေစတဲ့ အရပ္ – အေရွ႕ေတာင္ ၊ ေျမာက္

ကံေကာင္းေစတဲ့ ေန႔ရက္ – စေန

ယၾတာ – ေမြးေန႔ မနက္ပိုင္းမွာ ေဈးထဲက ငါးအရွင္ ၁၇ ေကာင္ကို ဝယ္ၿပီး ျမစ္ေခ်ာင္းတစ္ေနရာမွာ လႊတ္ပါ။

ရာဟုဖြား

အလုပ္အကိုင္ – အရင္ကာလက မၿပီးမျပတ္ ျဖစ္ေနတဲ့အလုပ္ေတြကို ဒီအပတ္မွာ စိတ္မပါလက္မပါနဲ႔ ျပန္လည္ လုပ္ကိုင္ေပးရတတ္တယ္။ အလုပ္မွာ ပူပန္ေၾကာင့္က်စရာေတြ မ်ားၿပီး ႀကိဳးစားမႈေတြက အရာမထင္ ျဖစ္မယ္။ ေငြေၾကးအရလည္း သိပ္အဆင္မေျပဘဲ ျဖစ္သလိုေလး လုပ္ေနရတတ္တယ္။ သူမ်ားကိစၥေတြပါ ကူေပးရမယ္။

က်န္းမာေရး – စိတ္ေနာက္ကိုယ္ပါ ေနထိုင္မိလို႔ က်န္းမာေရးပါ ထိတတ္တယ္။ ဆင္ျခင္သတိထားေပးပါ။

လူမႈအိမ္ေထာင္ – ေမတၱာေရးမွာ ေမွ်ာ္လင့္ခ်က္ေတြ ရွင္သန္လာလိမ့္မယ္။ အရင္က ဘယ္ေလာက္ပဲ စိတ္ညစ္ ေဆြးေျမ့စရာေတြ ရွိခဲ့ပါေစ ဒီအပတ္မွာ လိုအင္ဆႏၵတခ်ိဳ႕ ျပည့္ဝလာမယ္။ ခ်စ္သူစုံတြဲေတြလည္း ေပ်ာ္႐ႊင္စရာ ဖန္တီးလာႏိုင္မယ္။ အိမ္ေထာင္ျပဳဖို႔ ရည္႐ြယ္သူေတြ ျဖစ္ေျမာက္လာမယ္။ မိတ္ေဆြေတြက ကူညီေပးလာမယ္။

ကံေကာင္းေစတဲ့ အေရာင္ – ၾကက္ေသြးေရာင္ ၊ သနပ္ခါးေရာင္

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၈ ၊ ၃

ကံေကာင္းေစတဲ့ အရပ္ – အေနာက္ေတာင္ ၊ အေနာက္

ကံေကာင္းေစတဲ့ ေန႔ရက္ – စေနေန႔ မြန္းလြဲေနာက္ပိုင္း

ယၾတာ – ဗုဒၶဟူးေန႔ မြန္းလြဲေနာက္ပိုင္း ေစတီတစ္ဆူရဲ႕ရာဟုေထာင့္မွာ ယပ္ေတာင္ျဖဴ ၂ လက္ လႉပါ။

ၾကာသပေတးေန႔ဖြား

အလုပ္အကိုင္ – ဒီအပတ္မွာလည္း လုပ္ငန္းစီးပြားကံေတြ ဆက္ေကာင္းႏိုင္တယ္။ ဒါေပမယ့္ စိတ္ပူပန္စရာေတြ အာ႐ုံေနာက္စရာေတြေတာ့ ပိုမ်ားလာမယ္။ လြယ္လြယ္ကူကူနဲ႔ တန္းအဆင္မေျပဘဲ အထစ္အေငါ့ေတြ ျဖစ္ၿပီးမွ ေအာင္ျမင္လိမ့္မယ္။ ေငြေၾကးကံဇာတာ ေကာင္းမယ္။ လုပ္ပိုင္ခြင့္ေတြ တိုးလာမယ္။ တာဝန္ေတြပါ ပိုမ်ားမယ္။

က်န္းမာေရး – ခါတိုင္းထက္ က်န္းမာေရး ညံ့သြားႏိုင္တယ္။ ေလနာ၊ ဝမ္းပ်က္ေတြ ျဖစ္တတ္တယ္။

လူမႈအိမ္ေထာင္ – အခ်စ္ေရး၊အိမ္ေထာင္ေရးမွာ ေပ်ာ္႐ႊင္ဝမ္းေျမာက္စရာေတြ ႀကဳံရလိမ့္မယ္။ လူငယ္ေတြဆိုရင္ စန္းပြင့္တာ၊ ခ်စ္သူဆီက သတင္းေကာင္း ၾကားရတာေတြ ႀကဳံလာရမယ္။ အိမ္ေထာင္ရွင္ေတြလည္း သာယာမႈ ေအးခ်မ္းမႈေတြကို ခံစားရလိမ့္မယ္။ လူမႈေရးက႑မွာေတာ့ မိတ္ေဆြအေပါင္းအသင္းေၾကာင့္ စိတ္ညစ္ေနမယ္။

ကံေကာင္းေစတဲ့ အေရာင္ – ခရမ္းျပာ၊ အျဖဴ

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၆ ၊ ၂

ကံေကာင္းေစတဲ့ အရပ္ – အေရွ႕၊ အေရွ႕ေတာင္

ကံေကာင္းေစတဲ့ ေန႔ရက္ – ၾကာသပေတး၊ စေန

ယၾတာ – တနလၤာေန႔ မနက္ပိုင္း ဘုရားေစတီ (သို႔) ဘုန္းႀကီးေက်ာင္း လိုအပ္ရာမွာ ေရသန႔္ကုသိုလ္ျပဳပါ။

ေသာၾကာေန႔ဖြား

အလုပ္အကိုင္ – အရင္အပတ္က မဟန္ခဲ့တဲ့အလုပ္ကိစၥေတြ ဒီအပတ္မွာ အေျခအေန ျပန္ေကာင္းတတ္တယ္။ လုပ္ငန္းသစ္ လုပ္လိုသူေတြ၊ အလုပ္ေနရာ တိုးခ်ဲ႕ခ်င္သူေတြ ႀကိဳးစားၾကည့္ႏိုင္တယ္။ ေငြေၾကးကံဇာတာလည္း ေကာင္းမြန္လာမယ္။ ေငြမ်ားမ်ားဝင္ကိန္း ရွိတယ္။ လုပ္ငန္းခြင္မွာလည္း အခြင့္အလမ္းေကာင္းေတြ ရလိမ့္မယ္။

က်န္းမာေရး – ေနထိုင္မေကာင္းခ်င္သလို ျဖစ္တတ္ေပမယ့္ စိုးရိမ္စရာ မရွိပါ။ ျပန္သက္သာလြယ္မယ္။

လူမႈအိမ္ေထာင္ – တစ္ပတ္တာ ေမတၱာေရးမွာ စိတ္ႏွလုံး ညိဳးခ်ဴံးစရာေတြ ျဖစ္လာႏိုင္တယ္။ လမ္းခြဲရတာေတြနဲ႔ ဝမ္းနည္းစိတ္ပ်က္ရတာေတြ ရွိလာလိမ့္မယ္။ အခ်င္းခ်င္း နားလည္မႈ လြဲၿပီး ျပန္ညႇိႏႈိင္းလို႔ မရေအာင္ ျဖစ္မယ္။ စုံတြဲ၊ အိမ္ေထာင္ရွင္ေတြလည္း ကေတာက္ကဆ မ်ားမယ္။ အေပါင္းအသင္းေတြဆီက အကူအညီ ယူရမယ္။

ကံေကာင္းေစတဲ့ အေရာင္ – နက္ျပာေရာင္၊ အညိဳေရာင္

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၆ ၊ ၇ ၊ ဝ

ကံေကာင္းေစတဲ့ အရပ္ – အေနာက္ေတာင္

ကံေကာင္းေစတဲ့ ေန႔ရက္ – တနလၤာ ၊ ေသာၾကာ

ယၾတာ – တစ္ပတ္အတြင္း အိမ္ကဘုရားမွာ မနက္တိုင္း နန္းႀကီးသုပ္ ကပ္လႉၿပီး ဆုေတာင္းေပးပါ။

စေနေန႔ဖြား

အလုပ္အကိုင္ – တစ္ပတ္တာအတြင္း အလုပ္မွာ အနိမ့္အျမင့္ အတက္အက်ေလးေတြ မ်ားမယ္။ မတည္မၿငိမ္နဲ႔ အေျခအေနၾကည့္ လုပ္ရတာမ်ိဳးေတြ ျဖစ္လာမယ္။ ဒါေပမယ့္ ဘယ္လိုပဲ အခက္အခဲရွိရွိ အဆင္ေျပသြားေအာင္ လုပ္ႏိုင္မယ္။ ဇြဲလုံ႔လ စိတ္ရွည္မႈေတာ့ လိုအပ္မယ္။ ေငြအဝင္အထြက္ မ်ားၿပီး လက္ထဲ အဖတ္တင္ ျဖစ္ေနမယ္။

က်န္းမာေရး – ေဘးကင္း က်န္းမာမယ့္သီတင္းပတ္ ျဖစ္မယ္။ က်န္းမာေရးညံ့လည္း ယာယီသာ ျဖစ္တယ္။

လူမႈအိမ္ေထာင္ – အခ်စ္ေရး၊အိမ္ေထာင္ေရးမွာ ဆူဆူပူပူေလးေတြ ျဖစ္မယ္။ ၿပီးေတာ့လည္း ျပန္အဆင္ေျပမယ္ ႏွစ္ဦးၾကားမွာ ေဘးလူဝင္လာႏိုင္လို႔ သတိနဲ႔ ထိန္းသိမ္းရမယ္။ ေဘးကေန အေႏွာင့္အယွက္ေတြ ေပးလိမ့္မယ္။ အိမ္တြင္းေရး မသာမယာ ျဖစ္တတ္တယ္။ မိတ္ေဆြအေပါင္းအသင္းေတြကလည္း အားကိုးမရဘဲ ျဖစ္ေနမယ္။

ကံေကာင္းေစတဲ့ အေရာင္ – ေကာ္ဖီေရာင္၊ အနက္ေရာင္

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၇ ၊ ၂ ၊ ၉

ကံေကာင္းေစတဲ့ အရပ္ – အေရွ႕ ၊ အေနာက္ေတာင္

ကံေကာင္းေစတဲ့ ေန႔ရက္ – အဂၤါ ၊ စေန

ယၾတာ – တစ္ပတ္အတြင္း သံဃာတစ္ပါးကို ဒိန္ခ်ဥ္ (သို႔မဟုတ္) ေထာပတ္ ကပ္လႉၿပီး ဆုေတာင္းပါ။

Credit