Knowledge
ဂျပန်မူလီတောင် အရှုံးပေးရမဲ့ အိုသွေးပိုင်ရှင်လေးတွေ
အစွဲအလန်း အသေကြီးတာ O သွေးပိုင်ရှင် တွေပါ ။ သူတို့က ဒေါသလည်း အရမ်းကြီးတယ် ။ မဟုတ်မခံ စိတ် ၊ ရှုးရှုး ဒိုင်းဒိုင်း နဲ့ ။ ပြီး ဒေါသပြေသွားမှ ငါပြောတာ လွန်သွားလား ဆိုပြီး အားနာတဲ့ အမျိုး ။အိုသွေးပိုင်ရှင်တွေက စာနာ တတ်တယ် ။ ကူညီ တတ်တယ် စိတ်ထားလေးလည်း လှတယ် ။ ဒေါသ ထွက်လာရင် အသားတွေ တဆတ်ဆတ်တုန် ပြီး ဘီလူးတွေ ထက်တောင် ကြောက်စရာ ကောင်းတယ် ။ O သွေးတွေကို ဆူတာ ၊ ငေါက်တာ ဟောက်တာတွေ သွားမလုပ်နဲ့ ။
အိုသွေးလေးတွေ စိတ်ညစ်ရင် ဖုန်းတလုံးရယ် သီချင်းလေးတွေ ရယ် ရှိရင် သူတို့ ဘဝကြီးက အိုကေ တယ် ။ အခန်းထဲ လှိမ့်အိပ် နေတတ်တယ် ။ စောက်ရမ်း သနားတတ်တယ် ။ သနားအောင် သွားမပြောနဲ့ ။ သူတို့နဲ့ ထပ်တူ ခံစားပြီး ဝမ်းနည်းနေရော ။O သွေးလေးတွေရဲ့ အားနည်းချက်လေးက မျက်နှာကျော တင်းတယ် ။ စကားပြော ရင့်တယ် ထင်ရပေမဲ့ တကယ် ပေါင်းကြည့် ငပေါလေးတွေ ဆိုတာ သူတို့ကို ခင်တဲ့ လူတွေပဲ သိတယ် ။ သူတို့မှာ သူငယ်ချင်း များများ စားစားလည်း မရှိပါဘူး ။ သူငယ်ချင်း တော်တော့်ကို ရှားတယ် ။ ရှိတဲ့ သူငယ်ချင်း အပေါ်လည်း အနစ်နာခံ ပေါင်းတယ် ။
အိုသွေးလေးတွေက အချစ်လည်း ခံချင်ကြတယ် ။ ခလေးလေးတွေလို သူတို့ကို ဂရုစိုက်ရင် သိပ်ပျော်တာ ။ အချစ်ကြီးတဲ့ သူတို့နား တော်ရုံသူ မကပ်နိုင်ကြဘူး ။ သူတို့က အရစ် တော်တော် ကြမ်းတယ် ။
ဂျပန် မူလီတောင် သူတို့ကို အရူံးပေးရမယ် ။ သူတို့တွေ ချစ်မိတဲ့လူက သူတို့ အပေါ် ရက်စက်နေ ရင်တောင် နည်းလမ်း ပေါင်းစုံနဲ့ နားလည် ခွင့်လွှတ်ပြီး ချစ်တတ်သလို ။ သူတို့ စိတ်ပျက်သွားတဲ့ လူဟာလည်း ဘယ်လောက် ရင်းနှီးပြီး အသက်မက ချစ်နေပါစေ ၊ ဘယ်တုန်းကမှ မသိခဲ့တဲ့ လူတွေလို လုပ်ပြစ်ပြီး ပြတ်သားလွန်း ကြတယ် ။အိုသွေးလေးတွေကို သွားမပြိုင်နဲ့ ။ သင်ပဲ မောသွားမယ် ။ သင့်ကို ဖုတ်လေတဲ့ ငပိ ရှိတဲ့ လို့ တောင် ထင်မှာ မဟုတ်ဘူး ။ သူတို့က စိတ်ထဲ ရှိသလို နေတာ များကြတယ် ။ ဘယ်သူ့ကိုမှ မနာလိုစိတ် မရှိသလို ဘယ်သူ့ကိုမှမလဲ မပြိုင်ဆိုင် တတ်ကြဘူး ။ အေးအေးဆေးဆေး နေတတ် ကြတယ် ။
သူတို့လေးတွေက စိတ်ကူးယဉ် အတွေးလေးတွေနဲ့ ပျော်မွေ့တတ်ပြီး သီချင်းဆို ကခုန်တာတွေကို ဝါသနာ ပါကြတာ များတယ် ။ တော်တော်များများက ကမ်းခြေ သွားရတာ နှစ်သက်တယ် ။
Credit
Zawgyi
Credit