ရှေ့တန်းမထွက်ခွာမီ ပစ္စည်းတွေ ပြင်ဆင်ထုတ်ပိုးနေတုန်း နှုတ်ဆက်စရာမိသားစုကင်းမဲ့နေတဲ့ သူ့ခံစားချက်တချို့ကို ရေးသားရင်ဖွင့်လာတဲ့ ဦးကျော်သက်လင်းဝါရင့် အစီအစဉ်တင်ဆက်သူ၊ နိုင်ငံတော်ပွဲတွေနဲ့ အကယ်ဒမီပေးပွဲတွေရဲ့ အစီအစဉ်တင်ဆက်သူ၊ ပြည်သူတွေလေးစားအားကျရတဲ့ ဦးကျော်သက်လင်းဟာဆိုရင်တော့ ပြည်သူတွေနဲ့အတူ အမှန်တရားကို ချစ်မြတ်နိုးပြီး အစီစဉ်တင်ဆက်သူဘဝကိုစွန့်ခွာကာ လက်ရှိအချိန်ထိ အမှန်တရားအတွက် ရဲဝင့်စွာတိုက်ပွဲဝင်နေခဲ့တာပဲ ဖြစ်ပါတယ်။ချစ်ခင်တွယ်တာစရာ မိသားစုတွေ၊ အောင်မြင်ကျော်ကြားမှုတွေကို စွန့်လွှတ်ခဲ့တဲ့ ဦးကျော်သက်လင်းက လက်ရှိမှာတော့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး ကာကွယ်ရေး တပ်သားတစ်ဦးအဖြစ် ခံယူထားတဲ့သူလည်း ဖြစ်ပါတယ်။ခံစားချက်လေးတွေကို အမြဲမျှဝေတတ်တဲ့ ဉီးကျော်သက်လင်းက ဒီတစ်ခါမှာလည်း သူရှေ့တန်းမထွက်ခင်
ရင်တွင်းခံစားချက်လေးတွေကို မျှဝေလာတာပဲ ဖြစ်ပါတယ်။ သူထွက်ရမယ့် ရှေ့တန်းက အရမ်းကြီးအန္တရာယ်မများပေမယ့် အစမ်းလိုက်ခဲ့ကြည့်ဖို့တောင် သူ့အတွက် တွေးပြီးအိပ်မပျော်ဖြစ်နေရရှာပါတယ်။ အိပ်မပျော်တာက ကြောက်လို့ဖြစ်တာ မဟုတ်ပေမယ့် သူ့အသက်အရွယ်တစ်လျှောက်လုံးမှာ ပထမဆုံးအတွေအကြုံမို့ ဒီလိုခံစားချက်မျိုး ဖြစ်နေတာဖြစ်ပါတယ်။
တစ်ပတ်စာ စားရိက္ခာတွေသယ်ရတဲ့ ကျောပိုးအိတ်ထက် ရင်ထဲမှာ အတွေးပေါင်းများစွာတွေးနေတဲ့ ရင်ပိုးအိတ်က ပိုလေးတယ်ဆိုတဲ့ အကြောင်းလေးကို ”မနက်ဖန်…တကယ်ဆိုအန္တရယ် မများတဲ့ရှေ့တန်းငါအစမ်းလိုက်ခဲ့ဖို့တောင်တွေးပြီးအိပ်မပျော်…ကြောက်လို့မဟုတ်၅၀နီးမှရတဲ့အတွေ့အကြုံတစ်ခုမိုတပတ်စာ ဆန် ဆီ ဆား ဆေး အဝတ်တွေတထွေးနဲ့အိပ်စရာစောင်တစ်ထည် ပုခက်တစ်လုံးသေနတ်ကျည်အစုံ
ရေဗူးနဲ့အသက်ကြီးကြီးလူတစ်ဦးထွက်ရမယ့်လမ်း အရမ်းမဝေးဘူးဆိုပေမယ့်တအားလည်းနီးမနေတော့သက်ပြင်းမောလေးတော့ခိုးခနှုတ်ဆက်စရာမိသားစုကင်းတောတွင်းမှာနင်းမယ့်ခြေလှမ်းတွေဟာငါ့အောင်မြေပါပဲတကယ်တွေးတတ်တဲ့အခါကျောပိုးအိတ်ထက်ရင်ပိုးအိတ်က အပုံကြီးပိုလေးသလား ငါ့အတွေးများပါပဲ
ဆိုပြီး သူ့ခံစားချက်လေးကို ရင်ဖွင့်ထားတာပဲ ဖြစ်ပါတယ်။သူ့ကိုချစ်ခင်နှစ်သက်တဲ့ ပြည်သူတွေကလည်း ဘေးကင်းဖို့၊ ကျန်းမာဖို့၊ အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနိုင်ဖို့ကို ဝိုင်းပြီးဆုတောင်းပေးနေကြတာလည်း ဖြစ်ပါတယ်။
Credit