ခ်စ္တာေတာ့ ခ်စ္ပါ ညီမေလးျပန္ျပင္လို႔မရတဲ့ အခြင့္အေရးေတာ့ မေပးမိပါေစနဲ႔သတိထား ညီမေလးအေရခြံဘယ္ေလာက္လဲလဲေႁမြဆိုတာ တီျဖစ္မသြားဘူးေျပာင္းလဲတဲ့ေလာကႀကီးမွာ လိုက္ဖက္ညီေအာင္အေရာင္ေျပာင္းေနရင္ပုတ္သင္ညိဳသာသာျဖစ္ေတာ့မေပါ့ပတၱျမားမွန္တယ္ဆိုတိုင္း ႏြံထဲဝင္မွိုင္ျပစရာလားကြယ္ေျခေဆးမခံရေအာင္အိုင္ထဲထိုင္မယ့္အစားေရသန႔္လို႔တံဆိပ္ကပ္နိုင္ရင္ တန္ဘိုးတက္လာပါလိမ့္မယ္အိမ္နဲ႔ေဝးတိုင္းလဲ….အားမငယ္စိတ္မပ်က္နဲ႔အေမာေျပေရတစ္ခြက္ အိမ္ေျပးေလးအတြက္တဲ့အေမ
ေန႔တိုင္းခပ္ထားတယ္။မမွားဘူး ညီမေလးစဥ္းစားရတယ္ဆိုတာမိန္းကေလးတိုင္းရဲ့ သမိုင္းေပးတာဝန္အရိုးဆို ၾကည့္ေရွာင္ရမယ္ေလကိုယ္ကခဏတာဝါးမယ့္သြားမဟုတ္ဘူးစကားခလုတ္ေတြ ဘယ္ေလာက္တိုက္တိုက္ကိုယ့္ကိုယ္ကို မထိခိုက္ဖို႔က
ပိုအေရးႀကီးတယ္တကယ္ေတာ့ ဟင္းေၾကးမ်ားတယ္ဆိုတာအစားေကာင္းစားရတဲ့သူေတြကို သမုတ္တဲ့ အမည္သက္သက္ပါ။ကမၻာတစ္ဝက္ကို တက္သိမ္းဖူးတယ္ေလေလယူရာတိမ္းတတ္တဲ့ ပန္းပင္ဟာဘယ္ေလၾကမ္းေၾကာင့္မွ အျမစ္မက်ိဳးဘူးပုခက္လြဲေသာလက္ဟာ ကမၻာကို အုပ္စိုးနိုင္တယ္ဆိုတဲ့ေနာက္မွာ
ခ်ိဳေသာ စကားေျပာတတ္တဲ့ ႏႈတ္ခမ္းတစ္စုံလိုတယ္ ညီမေလး..ညီမေလးေရ….ရင္ေဘာင္တန္းတယ္ဆိုတိုင္းေျခရာေတာ့ လိုက္မတိုင္းေလနဲ႔ေၾကာင္ဘယ္ေလာက္ေျခရာႀကီးႀကီးက်ားႀကီးကိုေတာ့
ဘယ္မွီမလဲအသားစားသတၱဝါခ်င္းတူေပမယ့္စကားအဆိုသာ ေၾကာင္က ဆရာျဖစ္တာက်ားဆိုတာ ေၾကာင္သားလဲ စားခ်င္စားမွာေလသဘာဝေဘးဆိုတာ သဘာဝေတြ ဆန႔္က်င့္လို႔ျဖစ္ရတနစ္နာျခင္းမရွိရေအာင္ ေဘာင္အတြင္းကသာ မိန္းမဆန္ပါ ညီမေလးေရ…..။
ညီမေလးေရ…သစၥာမွန္ရင္ ႏြယ္ျမက္သစ္ပင္ ေဆးဖက္ဝင္တယ္တဲ့ခုေခတ္မွာေတာ့ ႏြယ္ျမက္သစ္ပင္ဟာအရက္ခ်က္ရင္သုံးေနၾကၿပီခ်စ္သူကို လြမ္းေၾကာင္းစာဖြဲ႕ေကာင္းတဲ့နတ္သၽွင္ေနာင္ရဲ့ေဖာက္ျပားမႈ ဖြက္ထားတဲ့ သမိုင္းၾကားမွာရွိေသးတယ္တို႔ခ်စ္လွပါတယ္ဆိုတဲ့
ဧရာဝတီေတာင္ တခ်ိန္တခါက သစၥာေဖာက္ခဲ့ဖူးတယ္စာမ်ားမ်ားဖတ္ၿပီး ေဝဖန္ဆုံးျဖတ္နိုင္ပါေစ ညီမေလးဘုရားေဟာတဲ့ သစၥာေလးခ်က္ေတာင္တို႔ပုထုဇဥ္ေလာကမွာ ဒုကၡသစၥာနဲ႔ သမုဒယသစၥာပဲ စြဲျမဲေနတယ္ေလ
အမွားတစ္ရန္ကို တစ္ဘက္စီယူၿပီး အမွန္တရားလုပ္ေနတဲ့ေလာကမွာသစၥာဆိုတာ ပန္းနာမည္သက္သက္ျဖစ္ေနၿပီ ညီမေလးေရ..။ညီမေလးေရ…..အယ္ဒီဆင္ရဲ့၉၉ေခါက္ေသာ က်ရႈံးခန္းဘယ္စာတမ္းမွာမွ မပါဘူးရိုက္ညီေနာင္ရဲ့ေလယာဥ္ပ်က္က်ခန္းဘယ္စာတမ္းမွာမွ
မပါဘူးဘုန္းေရာင္ဖြဲ႕ေတြနဲ႔ ယဥ္ပါးလာတဲ့ စာေပေလာကမွာခ်ီးတုံးကိုတန္ဆာဆင္သလိုျဖစ္လို႔က်ရွံုးခန္းဆိုတာ ေရာင္းတန္းမဝင္ဘူးေလဖတ္ပါ မွတ္ပါေလ့လာပါအစြန္းတဘဘက္ေတာ့ မေရာက္ေစနဲ႔စာေပဆိုတာ လူဘဝအတြက္ အလင္းစက္တစ္ခုေပါ့ဒါေပမယ့္ အသုံးမတတ္ရင္
မီးခြက္ဟာၿမိဳ.ပ်က္သြားေစနိုင္တယ္ ညီမေလး။ညီမေလးေရၿမိဳ႕ႀကီးျပႀကီးမွာ အသက္ေမြးမယ္ဆိုရင္ပြင့္လင္းရိုးသားတယ္ဆိုတာတို႔ဘိုးဘြားေတြရဲ့ ရိုးရာပုံျပင္ထဲမွာ ခ်န္ခဲ့ေတာ့ေျဖာင့္မတ္ျခင္းကို
ဂြက်တယ္လို႔ဆိုသူေတြကေကာက္တဲ့လက္ဆန္ပိုရသတဲ့ေလမၽွတျခင္းေတြက ဟာသဆန္သြားၿပီၿမိဳ႕ျပအမွန္တရားက သာသူစားစတမ္းတဲ့သတိထား ညီမေလးေရခုေခတ္က လွည္းလမ္းလည္း
ကားေမာင္းခ်င္ေမာင္းတယ္ကားလမ္းေပၚလည္း လွည္းေမာင္းခ်င္ေမာင္းတယ္မူဆိုတာ ခင္မင္သူေတြအတြက္ ေျပာင္းလဲလို႔ရတဲ့ေခတ္တို႔သိတဲ့ ကိုယ္က်င့္တရားေတြ အေတာ္ေခါင္းပါးမွျဖစ္မယ္ေရမၾကည္၊
ျမက္မႏုေတာ့တဲ့ အဲ့ဒီၿမိဳ႕ျပသြားမယ္ဆိုခဏခဏ မငိုမိေအာင္ ဟန္ေဆာင္ျပဳံးေတြ အလုံးအရင္းသာယူသြား ညီမေလး။သစ္ရြက္ေတြေႂကြ႐ုံနဲ႔ေတာ့သစ္ပင္ႀကီးမေသပါဘူးၾကယ္ေလးေတြေႂကြ႐ုံနဲ႔လည္းေကာင္းကင္ႀကီးမေသပါဘူး
ညီမေလးေရ…..ပန္းပုတစ္႐ုပ္လွဖို႔ဆိုတာထြင္းထုတ္လိုက္ရတဲ့ အသားေတြရွိတတ္ျမဲေလလဲလို႔သာ ျပန္မထၾကရင္လူဆိုတာ တြားသြားသတၱဝါျဖစ္ေတာ့မေပါ့အားမေလ်ာ့ပါနဲ႔…သြားတဲ့သူအတြက္ လမ္းရွိပါတယ္ညဘယ္ေလာက္နက္နက္
မနက္ဆိုေနထြက္မွာမို႔မနက္ျဖန္အတြက္ နိူးစက္ကို အခ်က္ေပးထားပါအတိတ္ဆိုတာ ခ်ခင္းထားတဲ့ေကာ္ေဇာတစ္ခ်ပ္သာသာမို႔ခပ္နာနာတစ္ခ်က္နင္းၿပီး အနာဂတ္ကို စိတ္နဲ႔ပစ္ခြင္းလိုက္ပါေကာင္းေသာ မနက္ခင္းျဖစ္ပါေစညီမေလးေရ….
႐ူးရင္လဲ ထမင္းလြတ္ေအာင္႐ူးဒါမွ အခ်ိန္တန္ရင္ထူးမွာအကို႔လိုေတာ့ ဟိုမေရာက္ဒီမေရာက္နဲ႔လမ္းမေပ်ာက္ေစနဲ႔ငယ္ငယ္က တို႔ေတြ ပန္းေကာက္သလိုေပါ့ခေရသီမလား စံပါယ္သီမလားတစ္မ်ိဳးခ်င္းသီမွ
ေရာင္းပန္းမည္တယ္ေလလြယ္လြယ္နဲ႔ေတာ့ စံပါယ္မပြင့္ဘူးအခ်ိန္တစ္ခုေတာ့ ရင္းရမွာေပါ့မဟုတ္ရင္ ကိုးမရွိတဲ့ နဝင္းလို အခ်င္းဘယ္လွပါ့မလဲညီမေလးေရ….လက္ႏွစ္ေခ်ာင္းေထာင္ၿပီး ဓါတ္ပုံရိုက္တင္ေတာ့႐ုပ္ေလးလွတာ
လူျမင္တာေပါ့ျဖဴစင္တဲ့စိတ္ထားေလးလည္းေမြးပါျပန္ေတြးတိုင္း လက္မေထာင္နိုင္တဲ့ အတိတ္ရွိေအာင္ေပါ့နိမိတ္၊တေဘာင္ဆိုတာေတြ သိပ္မယုံနဲ႔ၾကဳံသမၽွ ဒုကၡမွာ အေၾကာင္းရွိတယ္ယၾတာေကာင္းစရာမလိုပါဘူး
တရားဓမၼေတြသာ ရင္ထဲကိန္းေအာင္းေနပါေစ ညီမေလးေရ…။အခုလိုအခ်ိန္ေပးၿပီးဖတ္ရႈေပးၾကတဲဲ့ ပရိသတ္ႀကီး အားလုံးလည္းသာယာေပ်ာ္ရႊင္ေသာ ေန႔ေလးကိုပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။
Credit
Unicode
ချစ်တာတော့ ချစ်ပါ ညီမလေးပြန်ပြင်လို့မရတဲ့ အခွင့်အရေးတော့ မပေးမိပါစေနဲ့သတိထား ညီမလေးအရေခွံဘယ်လောက်လဲလဲမြွေဆိုတာ တီဖြစ်မသွားဘူးပြောင်းလဲတဲ့လောကကြီးမှာ လိုက်ဖက်ညီအောင်အရောင်ပြောင်းနေရင်ပုတ်သင်ညိုသာသာဖြစ်တော့မပေါ့ပတ္တမြားမှန်တယ်ဆိုတိုင်း နွံထဲဝင်မှိုင်ပြစရာလားကွယ်ခြေဆေးမခံရအောင်အိုင်ထဲထိုင်မယ့်အစားရေသန့်လို့တံဆိပ်ကပ်နိုင်ရင် တန်ဘိုးတက်လာပါလိမ့်မယ်အိမ်နဲ့ဝေးတိုင်းလဲ
အားမငယ်စိတ်မပျက်နဲ့အမောပြေရေတစ်ခွက် အိမ်ပြေးလေးအတွက်တဲ့အမေနေ့တိုင်းခပ်ထားတယ်။မမှားဘူး ညီမလေးစဉ်းစားရတယ်ဆိုတာမိန်းကလေးတိုင်းရဲ့ သမိုင်းပေးတာဝန်အရိုးဆို ကြည့်ရှောင်ရမယ်လေကိုယ်ကခဏတာဝါးမယ့်သွားမဟုတ်ဘူး
စကားခလုတ်တွေ ဘယ်လောက်တိုက်တိုက်ကိုယ့်ကိုယ်ကို မထိခိုက်ဖို့က ပိုအရေးကြီးတယ်တကယ်တော့ ဟင်းကြေးများတယ်ဆိုတာအစားကောင်းစားရတဲ့သူတွေကို သမုတ်တဲ့ အမည်သက်သက်ပါ။ကမ္ဘာတစ်ဝက်ကို တက်သိမ်းဖူးတယ်လေလေယူရာတိမ်းတတ်တဲ့
ပန်းပင်ဟာဘယ်လေကြမ်းကြောင့်မှ အမြစ်မကျိုးဘူးပုခက်လွဲသောလက်ဟာ ကမ္ဘာကို အုပ်စိုးနိုင်တယ်ဆိုတဲ့နောက်မှာချိုသော စကားပြောတတ်တဲ့ နှုတ်ခမ်းတစ်စုံလိုတယ် ညီမလေး..ညီမလေးရေ….ရင်ဘောင်တန်းတယ်ဆိုတိုင်းခြေရာတော့
လိုက်မတိုင်းလေနဲ့ကြောင်ဘယ်လောက်ခြေရာကြီးကြီးကျားကြီးကိုတော့ဘယ်မှီမလဲအသားစားသတ္တဝါချင်းတူပေမယ့်စကားအဆိုသာ ကြောင်က ဆရာဖြစ်တာကျားဆိုတာ ကြောင်သားလဲ စားချင်စားမှာလေသဘာဝဘေးဆိုတာ သဘာဝတွေ ဆန့်ကျင့်လို့ဖြစ်ရတာ
နစ်နာခြင်းမရှိရအောင် ဘောင်အတွင်းကသာ မိန်းမဆန်ပါ ညီမလေးရေ…..။ညီမလေးရေ…သစ္စာမှန်ရင် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်တယ်တဲ့ခုခေတ်မှာတော့ နွယ်မြက်သစ်ပင်ဟာအရက်ချက်ရင်သုံးနေကြပြီချစ်သူကို
လွမ်းကြောင်းစာဖွဲ့ကောင်းတဲ့နတ်သျှင်နောင်ရဲ့ဖောက်ပြားမှု ဖွက်ထားတဲ့ သမိုင်းကြားမှာရှိသေးတယ်တို့ချစ်လှပါတယ်ဆိုတဲ့ဧရာဝတီတောင် တချိန်တခါက သစ္စာဖောက်ခဲ့ဖူးတယ်စာများများဖတ်ပြီး ဝေဖန်ဆုံးဖြတ်နိုင်ပါစေ ညီမလေးဘုရားဟောတဲ့ သစ္စာလေးချက်တောင်တို့ပုထုဇဉ်လောကမှာ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာပဲ စွဲမြဲနေတယ်လေ
အမှားတစ်ရန်ကို တစ်ဘက်စီယူပြီး အမှန်တရားလုပ်နေတဲ့လောကမှာသစ္စာဆိုတာ ပန်းနာမည်သက်သက်ဖြစ်နေပြီ ညီမလေးရေ..။ညီမလေးရေ…..အယ်ဒီဆင်ရဲ့၉၉ခေါက်သော ကျရှုံးခန်းဘယ်စာတမ်းမှာမှ မပါဘူးရိုက်ညီနောင်ရဲ့လေယာဉ်ပျက်ကျခန်းဘယ်စာတမ်းမှာမှ
မပါဘူးဘုန်းရောင်ဖွဲ့တွေနဲ့ ယဉ်ပါးလာတဲ့ စာပေလောကမှာချီးတုံးကိုတန်ဆာဆင်သလိုဖြစ်လို့ကျရှုံးခန်းဆိုတာ ရောင်းတန်းမဝင်ဘူးလေဖတ်ပါ မှတ်ပါလေ့လာပါအစွန်းတဘဘက်တော့ မရောက်စေနဲ့စာပေဆိုတာ လူဘဝအတွက် အလင်းစက်တစ်ခုပေါ့ဒါပေမယ့် အသုံးမတတ်ရင်
မီးခွက်ဟာမြို.ပျက်သွားစေနိုင်တယ် ညီမလေး။ညီမလေးရေမြို့ကြီးပြကြီးမှာ အသက်မွေးမယ်ဆိုရင်ပွင့်လင်းရိုးသားတယ်ဆိုတာတို့ဘိုးဘွားတွေရဲ့ ရိုးရာပုံပြင်ထဲမှာ ချန်ခဲ့တော့ဖြောင့်မတ်ခြင်းကို
ဂွကျတယ်လို့ဆိုသူတွေကကောက်တဲ့လက်ဆန်ပိုရသတဲ့လေမျှတခြင်းတွေက ဟာသဆန်သွားပြီမြို့ပြအမှန်တရားက သာသူစားစတမ်းတဲ့သတိထား ညီမလေးရေခုခေတ်က လှည်းလမ်းလည်း
ကားမောင်းချင်မောင်းတယ်ကားလမ်းပေါ်လည်း လှည်းမောင်းချင်မောင်းတယ်မူဆိုတာ ခင်မင်သူတွေအတွက် ပြောင်းလဲလို့ရတဲ့ခေတ်တို့သိတဲ့ ကိုယ်ကျင့်တရားတွေ အတော်ခေါင်းပါးမှဖြစ်မယ်ရေမကြည်၊
မြက်မနုတော့တဲ့ အဲ့ဒီမြို့ပြသွားမယ်ဆိုခဏခဏ မငိုမိအောင် ဟန်ဆောင်ပြုံးတွေ အလုံးအရင်းသာယူသွား ညီမလေး။သစ်ရွက်တွေကြွေရုံနဲ့တော့သစ်ပင်ကြီးမသေပါဘူးကြယ်လေးတွေကြွေရုံနဲ့လည်းကောင်းကင်ကြီးမသေပါဘူး
ညီမလေးရေ…..ပန်းပုတစ်ရုပ်လှဖို့ဆိုတာထွင်းထုတ်လိုက်ရတဲ့ အသားတွေရှိတတ်မြဲလေလဲလို့သာ ပြန်မထကြရင်လူဆိုတာ တွားသွားသတ္တဝါဖြစ်တော့မပေါ့အားမလျော့ပါနဲ့…သွားတဲ့သူအတွက် လမ်းရှိပါတယ်ညဘယ်လောက်နက်နက်
မနက်ဆိုနေထွက်မှာမို့မနက်ဖြန်အတွက် နိူးစက်ကို အချက်ပေးထားပါအတိတ်ဆိုတာ ချခင်းထားတဲ့ကော်ဇောတစ်ချပ်သာသာမို့ခပ်နာနာတစ်ချက်နင်းပြီး အနာဂတ်ကို စိတ်နဲ့ပစ်ခွင်းလိုက်ပါကောင်းသော မနက်ခင်းဖြစ်ပါစေညီမလေးရေ….
ရူးရင်လဲ ထမင်းလွတ်အောင်ရူးဒါမှ အချိန်တန်ရင်ထူးမှာအကို့လိုတော့ ဟိုမရောက်ဒီမရောက်နဲ့လမ်းမပျောက်စေနဲ့ငယ်ငယ်က တို့တွေ ပန်းကောက်သလိုပေါ့ခရေသီမလား စံပါယ်သီမလားတစ်မျိုးချင်းသီမှ
ရောင်းပန်းမည်တယ်လေလွယ်လွယ်နဲ့တော့ စံပါယ်မပွင့်ဘူးအချိန်တစ်ခုတော့ ရင်းရမှာပေါ့မဟုတ်ရင် ကိုးမရှိတဲ့ နဝင်းလို အချင်းဘယ်လှပါ့မလဲညီမလေးရေ….လက်နှစ်ချောင်းထောင်ပြီး ဓါတ်ပုံရိုက်တင်တော့ရုပ်လေးလှတာ
လူမြင်တာပေါ့ဖြူစင်တဲ့စိတ်ထားလေးလည်းမွေးပါပြန်တွေးတိုင်း လက်မထောင်နိုင်တဲ့ အတိတ်ရှိအောင်ပေါ့နိမိတ်၊တဘောင်ဆိုတာတွေ သိပ်မယုံနဲ့ကြုံသမျှ ဒုက္ခမှာ အကြောင်းရှိတယ်ယတြာကောင်းစရာမလိုပါဘူး
တရားဓမ္မတွေသာ ရင်ထဲကိန်းအောင်းနေပါစေ ညီမလေးရေ…။အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Credit