Knowledge

ရှေးခေတ်ရှင်ဘုရင်များ၊ မင်းညီမင်းသား၊ စစ်သူကြီးများနှင့်တပ်သားများ စစ်ချီတက်ရာတွင် အဆောင်အရွက်ပြုသော သက်စောင့်အကာမန္တာန်ကြီး

ရှေးခေတ်ရှင်ဘုရင်များ၊ မင်းညီမင်းသား၊ စစ်သူကြီးများနှင့်တပ်သားများ စစ်ချီတက်ရာတွင်အဆောင်အရွက်ပြုသော မန္တာန်ကြီးဖြစ်ပါသည်။အလွယ်ရ၍အထင်မသေးအပ်။ အကြိမ်ကြိမ် လက်တွေ့စမ်းသပ်ဖူး ဆောင်ရွက်ဖူး၍မျှဝေပါသည်။

လက်နက်ဘေး၊ အချုပ်အနှောင်ဘေး၊ သားရဲဘေး၊ အတိုက်အခိုက်ဘေးတို့မှ ကင်းဝေးစေသည်။ဘုရားဂုဏ်ကျေးဇူးတော်ကို ယုံကြည်အားကိုး၍ ဆောင်ပါလေ။ တရစပ်ပစ်ခတ်နေသည့်ကြားမှ ချီတက်ရသော်လဲမထိခိုက် မြေမြုပ်မိုင်း နင်းမိသော်လဲဘေးကင်း၏။ တောလမ်းခရီးသွားက သားရဲ တိရစ္ဆာန်များရန်မပြု။

အချုပ်အနှောင်မှ လွတ်မြောက်ရ၏။ အပင်းမိကစင်ကြယ်၏။ မိမိအားတစ်ပါးသူရန်မပြုနိုင်။ မန္တာန်ကား ဥုံထိပ်ထက်ဘုရား၊ နားကားဗြဟ္မာ၊ လည်မှာသိကြား၊ လက်မှာဗိဿနိုး၊ ကိုယ်မှာဂဠုန်၊ ဒူးစုံကုမ္ဘာန် ခြေမှာနဂါးအစောင့်ထား၏။ဘုရားမြတ်စွာ မေတ္တေယျာကို ကိုးကွယ်ဆောက်တည် အောက်မေ့ပါ၏။ စီရင်အားကိုးပုံမှာ စစ်ချီတက်ရာတွင် ဘုရားမြေ၊သိမ်မြေ၊ ထုံး၊နနွင်းရရာကို (၃၇)ခေါက်မန်းမှုတ်၍ နဖူးမှာလိမ်းသုတ်သွားနိုင်ပါသည်။

ချည်ကိုးမျှင်ကို (၃၇)အုပ်မန်း၍ လည်တွင်ဆွဲနိုင်ပါသည်။ ခဲ၊တုတ်၊သစ်ကိုင်း စသည်ကိုမန်း၍လည်းဆောင်နိုင်၏။ (အချို့ဦးထုပ်ကိုမန်း၍ဆောင်းကြ။ ဆီကိုမန်း၍လိမ်းကြသည်)စမထွက်ခင် သွားမည့်လမ်းကိုမျက်နှာမူ၍ တတ်အားသမျှရွတ်နိုင်သည်။

ချီတက်နေစဥ၊် တိုက်ခိုက်နေစဉ်၊ ပုန်းအောင်းနေစဉ် မပြတ်ရွတ်ဖတ်နိုင်က အလွန်ကောင်း၏။ တရစပ်ရွတ်ဖတ်တိုက်ခိုက်လေ။အလံ၊ဦးထုပ်၊ ခေါင်းစီး၊လည်စီးတို့တွင် ရေးထိုးနိုင်၏။ လူ၊မိစ္ဆာ၊နတ်မိစ္ဆာတို့ တိုက်ခိုက်ခြင်းခံရက အသံကျယ်စွာရွတ်လေ။

မျက်နှာသစ်တိုင်း ရွတ်ဖတ်ခြင်း၊ ဘုရားဝတ်ပြုစဉ်တိုင်း ရွတ်ဖတ်ခြင်း၊ အိပ်ခါနီးတိုင်း ရွတ်ဖတ်ခြင်း၊သတိရတိုင်းမပြတ် ရွတ်ဖတ်ခြင်းပြုနိုင်၏။ အန္တရာယ်ခပ်သိမ်းမှ ကင်းဝေးရတော့၏။ ခဲရှစ်လုံးဖြစ်စေ၊ တုတ်ရှစ်ချောင်းကိုဖြစ်စေ

(၃၇)အုပ်မန်း၍ဘအိမ်၊ခြံ၊လယ် စခန်းချရာနေရာ စသည်တို့၏ရှစ်မျက်နှာချထားပါက လုံခြုံ၏။ သူခိုးမဝင်၊ ရန်သူမဝင်နိုင်။အချုပ်အနှောင်မိက မပြတ်ရွတ်ဖတ်လေ လွတ်မြောက်လမ်းပေါ်၏။ ရေကိုမန်း၍သောက်က ပယောဂ၊အပင်း၊ ဘေးရောဂါအပေါင်းမှ စင်ကြယ်ပါသည်။ဆန်၊သဲကိုမန်း၍ အိမ်ခြံကျဲပက်ပါ။ အနှောင့်အယှက်များ ကင်းဝေးရတော့၏။ တရားတဘောင်ရင်ဆိုင်ရလျှင် ရုံးသို့မသွားမီ (၃၇)ခေါက်ရွတ်သွားလေ။ မိမိတရားခံဖြစ်မူ ကြီးသောအမှုငယ်၍ ငယ်သောအမှုပပျောက်ရ၏။ မိမိဘက်ကမှန်က အနိုင်ရ၏။

ဥာဏ်ရှိသလို စီရင်သုံးကြပါလေ။ မြန်မာပြည်သူပြည်သားအားလုံး ဘေးဘယာဝေးကွာလို့ အေးချမ်းကြပါစေ။ လွတ်လပ်စွာကူးယူနိုင် မျှဝေနိုင်ပါသည်။ Creditရှေးခေတ်ရှင်ဘုရင်များ၊ မင်းညီမင်းသား၊ စစ်သူကြီးများနှင့်တပ်သားများ စစ်ချီတက်ရာတွင် အဆောင်အရွက်ပြုသော သက်စောင့်အကာမန္တာန်ကြီး

ရှေးခေတ်ရှင်ဘုရင်များ၊ မင်းညီမင်းသား၊ စစ်သူကြီးများနှင့်တပ်သားများ စစ်ချီတက်ရာတွင်အဆောင်အရွက်ပြုသော မန္တာန်ကြီးဖြစ်ပါသည်။အလွယ်ရ၍အထင်မသေးအပ်။ အကြိမ်ကြိမ် လက်တွေ့စမ်းသပ်ဖူး ဆောင်ရွက်ဖူး၍မျှဝေပါသည်။

လက်နက်ဘေး၊ အချုပ်အနှောင်ဘေး၊ သားရဲဘေး၊ အတိုက်အခိုက်ဘေးတို့မှ ကင်းဝေးစေသည်။ဘုရားဂုဏ်ကျေးဇူးတော်ကို ယုံကြည်အားကိုး၍ ဆောင်ပါလေ။ တရစပ်ပစ်ခတ်နေသည့်ကြားမှ ချီတက်ရသော်လဲမထိခိုက် မြေမြုပ်မိုင်း နင်းမိသော်လဲဘေးကင်း၏။

တောလမ်းခရီးသွားက သားရဲ တိရစ္ဆာန်များရန်မပြု။အချုပ်အနှောင်မှ လွတ်မြောက်ရ၏။ အပင်းမိကစင်ကြယ်၏။ မိမိအားတစ်ပါးသူရန်မပြုနိုင်။ မန္တာန်ကား ဉုံထိပ်ထက်ဘုရား၊ နားကားဗြဟ္မာ၊ လည်မှာသိကြား၊ လက်မှာဗိဿနိုး၊ ကိုယ်မှာဂဠုန်၊ ဒူးစုံကုမ္ဘာန် ခြေမှာနဂါးအစောင့်ထား၏။ဘုရားမြတ်စွာ မေတ္တေယျာကို ကိုးကွယ်ဆောက်တည် အောက်မေ့ပါ၏။ စီရင်အားကိုးပုံမှာ စစ်ချီတက်ရာတွင် ဘုရားမြေ၊သိမ်မြေ၊ ထုံး၊နနွင်းရရာကို (၃၇)ခေါက်မန်းမှုတ်၍ နဖူးမှာလိမ်းသုတ်သွားနိုင်ပါသည်။

ချည်ကိုးမျှင်ကို (၃၇)အုပ်မန်း၍ လည်တွင်ဆွဲနိုင်ပါသည်။ ခဲ၊တုတ်၊သစ်ကိုင်း စသည်ကိုမန်း၍လည်းဆောင်နိုင်၏။ (အချို့ဦးထုပ်ကိုမန်း၍ဆောင်းကြ။ ဆီကိုမန်း၍လိမ်းကြသည်)စမထွက်ခင် သွားမည့်လမ်းကိုမျက်နှာမူ၍ တတ်အားသမျှရွတ်နိုင်သည်။

ချီတက်နေစဥ၊် တိုက်ခိုက်နေစဉ်၊ ပုန်းအောင်းနေစဉ် မပြတ်ရွတ်ဖတ်နိုင်က အလွန်ကောင်း၏။ တရစပ်ရွတ်ဖတ်တိုက်ခိုက်လေ။အလံ၊ဦးထုပ်၊ ခေါင်းစီး၊လည်စီးတို့တွင် ရေးထိုးနိုင်၏။ လူ၊မိစ္ဆာ၊နတ်မိစ္ဆာတို့ တိုက်ခိုက်ခြင်းခံရက အသံကျယ်စွာရွတ်လေ။

မျက်နှာသစ်တိုင်း ရွတ်ဖတ်ခြင်း၊ ဘုရားဝတ်ပြုစဉ်တိုင်း ရွတ်ဖတ်ခြင်း၊ အိပ်ခါနီးတိုင်း ရွတ်ဖတ်ခြင်း၊သတိရတိုင်းမပြတ် ရွတ်ဖတ်ခြင်းပြုနိုင်၏။ အန္တရာယ်ခပ်သိမ်းမှ ကင်းဝေးရတော့၏။ ခဲရှစ်လုံးဖြစ်စေ၊ တုတ်ရှစ်ချောင်းကိုဖြစ်စေ (၃၇)အုပ်မန်း၍ဘအိမ်၊ခြံ၊လယ် စခန်းချရာနေရာ စသည်တို့၏

ရှစ်မျက်နှာချထားပါက လုံခြုံ၏။ သူခိုးမဝင်၊ ရန်သူမဝင်နိုင်။အချုပ်အနှောင်မိက မပြတ်ရွတ်ဖတ်လေ လွတ်မြောက်လမ်းပေါ်၏။ ရေကိုမန်း၍သောက်က ပယောဂ၊အပင်း၊ ဘေးရောဂါအပေါင်းမှ စင်ကြယ်ပါသည်။ဆန်၊သဲကိုမန်း၍ အိမ်ခြံကျဲပက်ပါ။ အနှောင့်အယှက်များ ကင်းဝေးရတော့၏။ တရားတဘောင်ရင်ဆိုင်ရလျှင် ရုံးသို့မသွားမီ (၃၇)ခေါက်ရွတ်သွားလေ။ မိမိတရားခံဖြစ်မူ ကြီးသောအမှုငယ်၍ ငယ်သောအမှုပပျောက်ရ၏။

မိမိဘက်ကမှန်က အနိုင်ရ၏။ဉာဏ်ရှိသလို စီရင်သုံးကြပါလေ။ မြန်မာပြည်သူပြည်သားအားလုံး ဘေးဘယာဝေးကွာလို့ အေးချမ်းကြပါစေ။ လွတ်လပ်စွာကူးယူနိုင် မျှဝေနိုင်ပါသည်။

Credit