Knowledge

သင်ရွေးချယ်လိုက်တဲ့ တားရော့ကတ်လေးကပြောပြပေးမယ့် သင့်ရဲ့အနာဂတ်

သင်ရွေးချယ်လိုက်တဲ့ တားရော့ကတ်လေးကပြောပြပေးမယ့် သင့်ရဲ့အနာဂတ်လူတိုင်းက ကိုယ့်ရဲ့အနာဂတ်မှာ ဘယ်လိုအရာတွေကို ကြုံတွေ့ရမလဲဆိုတာ မသိချင်တဲ့လူတော့ မရှိဘူးထင်ပါတယ်နော်။ တစ်ချို့တွေက ကိုယ့်ရဲ့အနာဂတ်ကို ဗေဒင် လက္ခဏာတွက်ပြီး လေ့လာကြသလို

တစ်ချို့ကြတော့လည်း တားရော့ကတ်လေးတွေကြည့်ပြီး လေ့လာကြပါတယ်။ ဒီနေ့မှာတော့ ပရိသတ်ကြီးရဲ့အနာဂတ်ကို တားရော့ကတ်လေးတွေကတစ်ဆင့် ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက် ကိုယ်အနှစ်သက်ဆုံး တာရောဒ့်ကတ်လေးကို ရွေးပြီး အနာဂတ်ကို လေ့လာလိုက်ကြရအောင်နော်။

(၁) နံပါတ် ၁အတိတ်က သင်လုပ်ခဲ့တဲ့အပြုအမူလေးတစ်ခုကြောင့် အခုအချိန်မှာ သင့်အနေနဲ့ လက်တွဲဖော်ကောင်းနဲ့ တွေ့ဆုံဖို့ လက်လွှတ်လုနီးပါးဖြစ်နေရပါတယ်။ ဖြစ်နိုင်တာက အတိတ်က သင့်ရဲ့မာနတစ်ခု ဒါမှမဟုတ်

သင့်ရဲ့ဆိုးရွားတဲ့အပြုအမူလေး တစ်ခု ဒါမှမဟုတ် တစ်ခြားအကြောင်းတစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း သင့်အနေနဲ့ ဒီလူကိုတွေ့ဆုံဖို့ အခွင့်အရေးသေးသေးလေး ကျန်နေသေးတဲ့အတွက် ထပ်ပြီးလက်လွှတ်မခံဖို့ အကြံပေးချင်ပါတယ်။

မကြာခင်မှာ သင့်အနေနဲ့ အောင်မြင်မှုတစ်ခု ဒါမှမဟုတ် ပျော်ရွှင်စရာတစ်ခုနဲ့ ကြုံလာဖို့ ရှိနေပါတယ်။ ဖြစ်နိုင်တာက လစာတိုးတာ ၊ မုန့်ဖိုးရတာ ၊ ကိုယ်ဖြစ်ချင်တာ ဒါမှမဟုတ် လိုချင်တာတစ်ခုခု ရလာတာမျိုးပါ။

သင့်အနေနဲ့ သင်အချိန်အကြာကြီး အိမ်မက်မက်ခဲ့ရတဲ့ အရာတစ်ခုကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ အခွင့်အရေးရရှိပါလိမ့်မယ်။ ဒီအရာက သင့်ကို ပြီးပြည့်စုံတဲ့ ပျော်ရွှင်မှုမျိုးကို ပေးစွမ်းမှာ အမှန်ပဲဖြစ်ပါတယ်။

(၂) နံပါတ် ၂သင့်အနေနဲ့ စိတ်ကသိကအောက် ဖြစ်စေမယ့် အခြေအနေတစ်ရပ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဖြစ်နိုင်တာက သင့်အနေနဲ့ ဘယ်တော့မှနောက်ထပ် ထပ်မတွေ့ရဖို့ မျှော်လင့်ထားတဲ့ လူတစ်ဦးနဲ့ ပြန်လည်တွေ့ဆုံရဖို့ ဖြစ်နိုင်ပါတယ်။ ဒီလူနဲ့လည်း သင့်အနေနဲ့ တစ်စုံတစ်ခုကို ဆွေးနွေးဖို့ ပြန်လည်တွေ့ဆုံရခြင်းဖြစ်ပါတယ်။

ဒါကြောင့် သင့်အနေနဲ့ သင့်စိတ်ကိုအတတ်နိုင်ဆုံး ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အခုလက်ရှိအချိန်မှာ သင့်အနေနဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက်ချရတာမျိုး ရှိနေနိုင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ

ဒီဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး သင့်ကိုယ်သင် သံသယဝင်လာတာမျိုးတွေ ရှိနေနိုင်ပါတယ်။ အကြံပေးချင်တာက ကိုယ့်ဆုံးဖြတ်ချက်ကို သံသယမဝင်ပါနဲ့။ ရဲရဲကြီးသာ ဆုံးဖြတ်ချက်ချပြီး လုပ်ဆောင်ပါ။

(၃) နံပါတ် ၃သူတစ်ပါးကို ချေးငှားထားတဲ့ သင့်ရဲ့အကြွေးတွေ ပြန်ရဖို့ အခွင့်အရေးရှိနေပါတယ်။ သင့်အနေနဲ့ တစ်ခါတစ်ရံ စိတ်ကျဉ်းကျပ်မှုတွေ ဖြစ်ရတတ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိစ္စအချို့ကိုဖြေရှင်းဖို့ အကြံဉာဏ်ကောင်းတွေ လိုအပ်နေလို့ပါ။ ဒါပေမယ့်လည်း အကြံဉာဏ်တွေရရှိလာရင်လည်း သင်ဟာ ကျဆုံးမှာကို ကြောက်ရွံ့နေတဲ့အတွက် ဘယ်တော့မှ မဖြေရှင်းပါဘူး။

ဒါကြောင့် အကြံပေးချင်တာက သင့်မှာအကြံဉာဏ်ကောင်းတွေ ရရှိလာရင် စိတ်အေးအေးထားပြီး ဖြေရှင်းပါလို့ ပြောချင်ပါတယ်။ သင့်မှာ ကောင်းမွန်တဲ့အကြံဉာဏ်တွေနဲ့ လုပ်ဆောင်ချက်တွေရှိတဲ့အတွက် ကိုယ်ဖြေရှင်းလိုက်တဲ့ အရာတွေ ရလဒ်ဆိုးရမှာကို တွေးမပူပါနဲ့။ သင်စိတ်အေးအေးထားရင် အရာအားလုံးကို အောင်မြင်စွာဖြေရှင်းနိုင်မှာပါ။

Credit

Zawgyi

သင္ေ႐ြးခ်ယ္လိုက္တဲ့ တားေရာ့ကတ္ေလးကေျပာျပေပးမယ့္ သင့္ရဲ႕အနာဂတ္လူတိုင္းက ကိုယ့္ရဲ႕အနာဂတ္မွာ ဘယ္လိုအရာေတြကို ႀကဳံေတြ႕ရမလဲဆိုတာ မသိခ်င္တဲ့လူေတာ့ မရွိဘူးထင္ပါတယ္ေနာ္။

တစ္ခ်ိဳ႕ေတြက ကိုယ့္ရဲ႕အနာဂတ္ကို ေဗဒင္ လကၡဏာတြက္ၿပီး ေလ့လာၾကသလို တစ္ခ်ိဳ႕ၾကေတာ့လည္း တားေရာ့ကတ္ေလးေတြၾကည့္ၿပီး ေလ့လာၾကပါတယ္။ ဒီေန႔မွာေတာ့

ပရိသတ္ႀကီးရဲ႕အနာဂတ္ကို တားေရာ့ကတ္ေလးေတြကတစ္ဆင့္ ေဖာ္ျပေပးသြားမွာျဖစ္တဲ့အတြက္ ကိုယ္အႏွစ္သက္ဆုံး တာေရာဒ့္ကတ္ေလးကို ေ႐ြးၿပီး အနာဂတ္ကို ေလ့လာလိုက္ၾကရေအာင္ေနာ္။

(၁) နံပါတ္ ၁

အတိတ္က သင္လုပ္ခဲ့တဲ့အျပဳအမူေလးတစ္ခုေၾကာင့္ အခုအခ်ိန္မွာ သင့္အေနနဲ႔ လက္တြဲေဖာ္ေကာင္းနဲ႔ ေတြ႕ဆုံဖို႔ လက္လႊတ္လုနီးပါးျဖစ္ေနရပါတယ္။ ျဖစ္ႏိုင္တာက အတိတ္က သင့္ရဲ႕မာနတစ္ခု ဒါမွမဟုတ္

သင့္ရဲ႕ဆိုး႐ြားတဲ့အျပဳအမူေလး တစ္ခု ဒါမွမဟုတ္ တစ္ျခားအေၾကာင္းတစ္ခုေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္လည္း သင့္အေနနဲ႔ ဒီလူကိုေတြ႕ဆုံဖို႔ အခြင့္အေရးေသးေသးေလး က်န္ေနေသးတဲ့အတြက္ ထပ္ၿပီးလက္လႊတ္မခံဖို႔ အႀကံေပးခ်င္ပါတယ္။

မၾကာခင္မွာ သင့္အေနနဲ႔ ေအာင္ျမင္မႈတစ္ခု ဒါမွမဟုတ္ ေပ်ာ္႐ႊင္စရာတစ္ခုနဲ႔ ႀကဳံလာဖို႔ ရွိေနပါတယ္။ ျဖစ္ႏိုင္တာက လစာတိုးတာ ၊ မုန႔္ဖိုးရတာ ၊ ကိုယ္ျဖစ္ခ်င္တာ ဒါမွမဟုတ္ လိုခ်င္တာတစ္ခုခု ရလာတာမ်ိဳးပါ။

သင့္အေနနဲ႔ သင္အခ်ိန္အၾကာႀကီး အိမ္မက္မက္ခဲ့ရတဲ့ အရာတစ္ခုကို လက္ေတြ႕အေကာင္အထည္ေဖာ္ႏိုင္ဖို႔ အခြင့္အေရးရရွိပါလိမ့္မယ္။ ဒီအရာက သင့္ကို ၿပီးျပည့္စုံတဲ့ ေပ်ာ္႐ႊင္မႈမ်ိဳးကို ေပးစြမ္းမွာ အမွန္ပဲျဖစ္ပါတယ္။

(၂) နံပါတ္ ၂

သင့္အေနနဲ႔ စိတ္ကသိကေအာက္ ျဖစ္ေစမယ့္ အေျခအေနတစ္ရပ္နဲ႔ ရင္ဆိုင္ရဖို႔ ရွိေနပါတယ္။ ျဖစ္ႏိုင္တာက သင့္အေနနဲ႔ ဘယ္ေတာ့မွေနာက္ထပ္ ထပ္မေတြ႕ရဖို႔ ေမွ်ာ္လင့္ထားတဲ့ လူတစ္ဦးနဲ႔ ျပန္လည္ေတြ႕ဆုံရဖို႔ ျဖစ္ႏိုင္ပါတယ္။ ဒီလူနဲ႔လည္း သင့္အေနနဲ႔ တစ္စုံတစ္ခုကို ေဆြးေႏြးဖို႔ ျပန္လည္ေတြ႕ဆုံရျခင္းျဖစ္ပါတယ္။

ဒါေၾကာင့္ သင့္အေနနဲ႔ သင့္စိတ္ကိုအတတ္ႏိုင္ဆုံး ျပင္ဆင္ထားဖို႔ လိုအပ္ပါတယ္။ အခုလက္ရွိအခ်ိန္မွာ သင့္အေနနဲ႔ အနာဂတ္အတြက္ ဆုံးျဖတ္ခ်က္ခ်ရတာမ်ိဳး ရွိေနႏိုင္ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာ

ဒီဆုံးျဖတ္ခ်က္နဲ႔ ပတ္သတ္ၿပီး သင့္ကိုယ္သင္ သံသယဝင္လာတာမ်ိဳးေတြ ရွိေနႏိုင္ပါတယ္။ အႀကံေပးခ်င္တာက ကိုယ့္ဆုံးျဖတ္ခ်က္ကို သံသယမဝင္ပါနဲ႔။ ရဲရဲႀကီးသာ ဆုံးျဖတ္ခ်က္ခ်ၿပီး လုပ္ေဆာင္ပါ။

(၃) နံပါတ္ ၃

သူတစ္ပါးကို ေခ်းငွားထားတဲ့ သင့္ရဲ႕အေႂကြးေတြ ျပန္ရဖို႔ အခြင့္အေရးရွိေနပါတယ္။ သင့္အေနနဲ႔ တစ္ခါတစ္ရံ စိတ္က်ဥ္းက်ပ္မႈေတြ ျဖစ္ရတတ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကိစၥအခ်ိဳ႕ကိုေျဖရွင္းဖို႔ အႀကံဉာဏ္ေကာင္းေတြ လိုအပ္ေနလို႔ပါ။

ဒါေပမယ့္လည္း အႀကံဉာဏ္ေတြရရွိလာရင္လည္း သင္ဟာ က်ဆုံးမွာကို ေၾကာက္႐ြံ႕ေနတဲ့အတြက္ ဘယ္ေတာ့မွ မေျဖရွင္းပါဘူး။ဒါေၾကာင့္ အႀကံေပးခ်င္တာက သင့္မွာအႀကံဉာဏ္ေကာင္းေတြ

ရရွိလာရင္ စိတ္ေအးေအးထားၿပီး ေျဖရွင္းပါလို႔ ေျပာခ်င္ပါတယ္။ သင့္မွာ ေကာင္းမြန္တဲ့အႀကံဉာဏ္ေတြနဲ႔ လုပ္ေဆာင္ခ်က္ေတြရွိတဲ့အတြက္ ကိုယ္ေျဖရွင္းလိုက္တဲ့ အရာေတြ ရလဒ္ဆိုးရမွာကို ေတြးမပူပါနဲ႔။ သင္စိတ္ေအးေအးထားရင္ အရာအားလုံးကို ေအာင္ျမင္စြာေျဖရွင္းႏိုင္မွာပါ။

Credit