Local News

KNU တပ်မဟာ ၅ နယ်မြေ၊ မဲပလိကျေးရွာရှိ BGF စခန်းကို KNLA ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီး (ရုပ်/သံ)

KNU တပ်မဟာ ၅ နယ်မြေ၊ မဲပလိကျေးရွာရှိ BGF စခန်းကို KNLA ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီး (ရုပ်/သံ အောက်တွင်ပါဝင်သည်)

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ မူတြော် (ဖာပွန်) ခရိုင်၊ မဲပလိကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ

BGF စခန်းကို KNLA တပ်မဟာ ၅၊ တပ်ရင်း ၁၀၂ တပ်ဖွဲ့များက ဇန်နဝါရီလ ၁၆ ရက်တွင် ဝင်ရောက်တိုက်ခိုက်ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်။

BGF တပ်များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို ဆက်လက်ကူညီပံ့ပိုးနေမည်ဆိုပါက နေရာဒေသမရွေး တိုက်ခိုက်မည်ဟု

KNLA တပ်မဟာ ၅ ဗိုလ်မှူးချုပ် စောမူဟဲက ဇန်နဝါရီလ ၁၂ ရက် ရက်စွဲဖြင့် စာထုတ်ပြန် ပြောဆိုထားသည်။

အဆိုပါစခန်းသည် နယ်ခြားစောင့်တပ် BGF အမှတ် ၁၀၁၄ တပ်ရင်း စခန်းတစ်ခုဖြစ်ကြောင်း၊ ဝင်ရောက်တိုက်ခိုက်ပြီးနောက်

စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း KNLA တပ်မဟာ ၅ သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် KNLA ဘက်မှ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး BGF သေဆုံးဒဏ်ရာရမှုစာရင်းကိုမူ မသိရှိနိုင်သေးပေ။

Credit

Zawgyi