လက်ရှိမှာအသက်(၄၀)ကျော်အရွယ်ရှိနေပြီဖြစ်တဲ့ဝါရင့်သရုပ်ဆောင်အိန္ဒြာကျော်ဇင်ရဲ့အသက်(၂၀)ကျော်ဝန်းကျင်အရွယ်ကပုံရိပ်တွေဟာလူမှုကွန်ယက်မှာပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။အနုပညာရှင်အဖြစ်နဲ့နှစ်ပေါင်းများစွာလုပ်ကိုင်လာခဲ့ပြီးလက်ရှိမှာလည်းအမှန်တရားတစ်ခုအတွက်ရဲရဲရင့်ရင့်နဲ့ရင်ဆိုင်ရင်းအကျဉ်းကျခံနေရတာမို့သူမရဲ့ပရိသတ်တွေကသူမအတွက်အရမ်းကိုဂုဏ်ယူနေခဲ့ပါတယ်။
အကယ်ဒမီနှစ်ဆုထိထူးထူးချွန်ချွန်ဆွတ်ခူးနိုင်ခဲ့တဲ့မင်းသမီးဟာ သရုပ်ဆောင်ကောင်းရုံတင်မကဘဲရပ်တည်ချက်ပြတ်သားတဲ့အာဂမင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။
အသက်အရွယ်ရလာလေပိုလှလာလေဖြစ်တဲ့သူမရဲ့နုပျိုမှုကတော့ အံ့မခန်းပါပဲ။အသက်(၄၀)ကျော်အရွယ်ဟာအသက်(၂၀)ကျော်အရွယ်နဲ့ထူးမခြားနားလှနေဖို့ဆိုတာအတော်လေးမလွယ်ပါဘူး။
ငယ်ရွယ်စဉ်မှာGymကစားခဲ့ပေမယ့်လက်ရှိအသက်အရွယ်မှာတော့သူမကယောဂလေ့ကျင့်ခန်းကိုစနစ်တကျလေ့ကျင့်ရင်းကျန်းမာကောင်းမွန်တဲ့ခန္ဓာကိုယ်ရနိုင်ဖို့ကြိုးစားနေခဲ့ပါတယ်။
အကျဉ်းကျခံနေစဉ်မှာလည်းဘုရားတရားလုပ်ပြီးအေးအေးဆေးဆေးနေထိုင်နေကြောင်းကနဦးသတင်းတွေအရသိရပါတယ်။
သူမရဲ့ပရိသတ်တွေကလည်းသူမနဲ့ခင်ပွန်းဖြစ်သူပြေတီးဦးတို့နှစ်ယောက်လုံးအမြန်ဆုံးလွတ်မြောက်စေဖို့ဆုတောင်းစကားတွေပြောခဲ့ကြပါတယ်။
ပရိသတ်တွေချစ်တဲ့မင်းသမီးအဖြစ်နဲ့ရပ်တည်လာခဲ့ပြီးလက်ရှိအချိန်ထိလည်းသူမရဲ့ရပ်တည်ချက်ကိုလုံးဝမပြောင်းလဲဘဲသိက္ခာရှိရှိအကျဉ်းကျခံနေတဲ့အာဂအမျိုးသမီးမို့ပရိသတ်တွေကပိုပြီးအချစ်တိုးတဲ့အကြောင်းမှတ်ချက်တွေပေးခဲ့ကြပါတယ်။
သူမရဲ့ပထမဆုံးအကယ်ဒမီဆုကို(၂၀၀၄)ခုနှစ်မှာဆွတ်ခူးနိုင်ခဲ့ပြီး ကြိုးစားမှုရဲ့ရလာဒ်အတွက်ပီတိဖြစ်နေတဲ့အူဝဲရဲ့ပုံရိပ်တွေကိုပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။
Credit