ဤနှစ်တွင် သိကြားမင်းသည် ဘီလူးကိုစီး၍ လက်ယာဘက်တွင် သံလျက်ကိုင်လျှက် လက်ဝဲဘက်တွင် ရေဖလားကိုင်ကာ လူ့ပြည်သို့ ဆင်းအံ့။နှစ်စဉ် အဖော်အဖြစ်လိုက်ပါလာတတ်သော မာဒလိနတ်သားသည် ဤနှစ်တွင် လူ့ပြည်သို့အစောကြီးရောက်နေအံ့။
ထို့ကြောင် သြင်္ကန်ရက်အတွင်း မိုးရွာလျှင် ရေပါအံ့။ငလျင်လှုပ်လျှင်မြေတုန်အံ့။မုန်တိုင်းတိုက်လျှင် အခြေမခိုင်သောသစ်ပင်များ ကျိုးကျအံ့။တနင်္ဂနွေသားသမီးများအနေဖြင့် သြင်္ကန်ရက်အတွင်းရေကစားထွက်လျှင် အဝတ်အစားများ စိုအံ့။
တနင်္လာသားသမီးများ ခိုးရာနောက် လိုက်လျှင် အိမ်ထောင်ကျအံ့။ အင်္ဂါသားသမီးများ ဈေးသွားဝယ်လျှင် ငွေကုန်အံ့။ဗုဒ္ဓဟူးသားသမီးများ အရက်သောက်လျှင် မူးအံ့။ ကြာသပတေးသားသမီးများ ကွမ်းစားလျင် ပါးစပ်ရဲအံ့။
သောကြာသားသမီးများ ဆိုင်ကယ်စီးလျှင် ဆီကုန်အံ့။ စေနသားသမီးများ အနေဖြင့် အစာစားပြီးလျှင် ဗိုက်ပြည့်တတ်အံ့။၇ ရက်သားသမီးအနေဖြင့် ဤနှစ်တွင် ကန်ကောင်းစေချင်လျှင် ဤ ယတြာအတိုင်းပြုလုပ်ပါ။
ဘိလပ်မြေ အုတ် သဲ တို့အားဝယ်၍ ပန်းရံဆရာ တစ်ယောက် ငှားလိုက်ပါ။ပြီးနောက် မကောင်းသောကန်အား ပြန်လည်ပြုပြင်ပါ။ကန်ကောင်းပြီ ဆိုသော အခါ ရေထည့် ကြည့်ပါ။ရေမယို လျှင် ကန်ကောင်းနေသည်မှာ သေချာပါသည်။အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါသည် အားလုံးပျော်ရွှင် ရယ်မောနိုင်ကြပါစေ။
Credit
Unicode
ဤနှစ်တွင် သိကြားမင်းသည် ဘီလူးကိုစီး၍ လက်ယာဘက်တွင် သံလျက်ကိုင်လျှက် လက်ဝဲဘက်တွင် ရေဖလားကိုင်ကာ လူ့ပြည်သို့ ဆင်းအံ့။နှစ်စဉ် အဖော်အဖြစ်လိုက်ပါလာတတ်သော မာဒလိနတ်သားသည် ဤနှစ်တွင် လူ့ပြည်သို့အစောကြီးရောက်နေအံ့။
ထို့ကြောင် သင်္ကြန်ရက်အတွင်း မိုးရွာလျှင် ရေပါအံ့။ငလျင်လှုပ်လျှင်မြေတုန်အံ့။မုန်တိုင်းတိုက်လျှင် အခြေမခိုင်သောသစ်ပင်များ ကျိုးကျအံ့။တနင်္ဂနွေသားသမီးများအနေဖြင့် သင်္ကြန်ရက်အတွင်းရေကစားထွက်လျှင် အဝတ်အစားများ စိုအံ့။