International News

၃-နှစ်အရွယ်ကတည်းက မိန်းကလေးဖြစ်ချင်လို့ ကိုယ့်ငယ်ပါကို ကပ်ကြေးနဲ့ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ကောင်လေး

သားသမီး နှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ Jess Bratton ဆိုတဲ့မိခင်တစ်ဦးရဲ့ သားဖြစ်သူ Logan ဟာသိတတ်စ အရွယ်မှာတည်းက အရုပ်မလေးတွေကိုပဲ ဆော့ကစားလေ့ရှိပြီး မိန်းခလေး အဝတ်စားတွေကိုသာ တောင်းဝတ်လေ့ရှိတယ်လို့ ဆိုပါတယ်။Logan ဟာ သားအကြီးဖြစ်ပီး ညီမငယ်လေးရဲ့ အင်္ကျီအဝတ်စားတွေနဲ့ မိခင်ရဲ့ မိတ်ကပ်တွေကို အလွန်စိတ်ဝင်စားခဲ့ သူပဲဖြစ်ပါတယ်။ Logan လေးသုံးနှစ်အရွယ်မှာတော့ ၎င်းရဲ့တန်ဆာကို ကပ်ကြေးနဲ့ ဖြတ်ဖို့လုပ်နေတာကို မိခင်ဖြစ်သူက အံ့သြတကြီး တွေ့ခဲ့ရပြီးသူ့ရဲ့သားဟာ လိင်ပြောင်းချင်သူ Trans တစ်ယောက်ဖြစ်ချင်နေတာပဲ ဆိုပီး ပိုရိပ်မိခဲ့ပါတယ်။ထိုအခြေနေကြောင့် မိခင်ဖြစ်သူက လိင်ပြောင်းပေးဖို့ ဆရာဝန်နဲ့တိုင်ပင်ခဲ့တဲ့အခါမှာ အရွယ်ငယ်လွန်း သေးတာကြောင့်ဆရာဝန်က ပြောင်းလဲဖို့ ခွင့်မပြုခဲ့ပါဘူး။Logan ဟာငယ်စဉ်ကတည်းက ညီမဖြစ်သူနဲ့ အတူမိန်းကလေး ဝတ်စကပ်တွေ croptop တွေ မိတ်ကပ်ပြင်ဆင်တာတွေကို အလွန်စွဲလမ်း နှစ်သက်စွာသုံးစွဲ ဆင်ယင်ခဲ့ပါတယ်။

Logan လေး(6)နှစ်မှာတော့ လိင်ပြောင်းဖို့ တောင်းဆိုခဲ့တာကြောင့် မိခင်က ဆရာဝန်နဲ့ တိုင်ပင်ပီး နောက်ဆုံးမှာ မိသားစုတွေရဲ့ ခွင့်ပြုချက်နဲ့အတူ ပြောင်းလဲပေးခဲ့ပါတယ်။Logan ကို ကျောင်းတက်နေချိန်မှာ၎င်းရဲ့ဖြစ်ရပ်ကြောင့် bully လုပ်ခံရမှာစိုးလို့ ကျောင်းဆရာမတွေနဲ့ တိုင်ပင်ပြီး အဖြစ်မှန်ပြောပြလိုက်တဲ့ အခါမှာ‌တော့ Logan လေးရဲ့အခြေနေကို နားလည်ထောက်ခံ အားပေးခဲ့ကြတယ်လို့ သိရပါတယ်။

Credit

Zawgyi



Credit