ရေနွေးကြမ်းအိုး ပုံပြင်ကပေးတဲ့ အောင်မြင်ခြင်းရဲ့ သော့ချက်လူငယ်တိုင်းအတွက် အကျိုးရှိစေမယ့် ပုံပြင်လေးတစ်ပုဒ်နဲ့ အတူ ဝေမျှချင်ပါတယ်။ဟိုးရှေးရှေးတုန်းက လူတစ်ယောက်ရှိသတဲ့။သူ့မှာအဖိုးတန်ရေနွေးကြမ်းအိုးတစ်လုံး ပိုင်ဆိုင်တယ်။
သူဟာ အဲဒီရေနွေးကြမ်းအိုးကို တန်ဖိုးထားလွန်းလို့ ကုတင်ခေါင်းရင်းမှာပဲ ထားအိပ်သတဲ့။တစ်ညမှာ ရေနွေးကြမ်းအိုးကို မတော်တဆထိမိလို့ရေနွေးအိုးအဖုံးဟာ ကုတင်အောက် ပြုတ်ကျပါလေရောအဲဒီလူလည်း လန့်နိုးပြီး စိတ်သောကရောက်သတဲ့။
အိုးဖုံးမရှိပြီဆိုမှတော့ အိုးက ဘာအသုံးဝင်တော့မလဲဆိုပြီး အဲဒီလူဟာ အိုးကိုလှမ်းဆွဲပြီး စိတ်တိုတိုနဲ့ ပြတင်းပေါက်အပြင်ဖက် ပစ်ထုတ်လိုက်သတဲ့။မနက်လင်းလာတော့ အိုးဖုံးဟာ ကံကောင်းစွာနဲ့ မွေ့ရာပေါ်ကျနေလို့ ကွဲမသွားဘူးတဲ့။
အဲဒီမှာ အိုးကို သူပစ်ထုတ်လိုက်မိပြီဆိုပြီးစိတ်တိုတိုနဲ့ အဖုံးကို နင်းခြေလိုက်သတဲ့။အိမ်ပြင်ထွက်တော့ ညကလွင့်ပစ်လိုက်တဲ့ အိုးဟာမကွဲမရှဘဲ သစ်ကိုင်းထက်မှာ ချိတ်နေတာကို တွေ့လိုက်သတဲ့ပုံပြင်လေးထဲက
ဘာကိုသင်ခန်းစာပေးချင်သလဲဆိုတော့တစ်ခါတလေမှာ ကိစ္စရပ်တချို့က စောင့်တန်စောင့်၊ ကြည့်တန်ကြည့်၊ နှေးတန်နှေးရတယ်။အလောတကြီးဖြစ်ဖို့ မလိုပါဘူး။ကိစ္စရပ်တော်တော်များများက ကိုယ်တွေးထင်သလို မဟုတ်တဲ့အတွက်ကြောင့်ပါ။
လောတယ်၊ စိတ်ဆတ်တယ်ဆိုတာက မိစ္ဆာ တစ်ကောင်လိုပါ။ကိစ္စရပ်တော်တော်များများကို အဆိုးဘက်တွေးမြင်ပြီးပိုဆိုးအောင် လုပ်မိစေတတ်သလို အဆင်မပြေမှုတွေနဲ့ ပိုရင်ဆိုင်ရတတ်ပါတယ်။ဒါကြောင့် စိတ်ငြိမ်ဖို့၊
အေးအေးသာသာ တွေးဆတတ်ဖို့ကလည်း အသိဉာဏ်တစ်မျိုး ဖြစ်ပါတယ်။ဖြစ်ချင်တဲ့ ဆန္ဒတွေ ဖြစ်မလာသေးတဲ့အခါ စိတ်လောပြီး ဇွတ်မလုပ်လိုက်ပါနဲ့။တစ်ချို့သောကိစ္စတွေက ကိုယ်ဘယ်လိုပဲ ကြိုးစားကြိုးစားဖြစ်ချိန်မတန်ရင်ဖြစ်မလာတတ်သေးပါဘူး
စိတ်ရှည်ပါ။အခက်အခဲတွေကြုံတိုင်း စိတ်မြန်စွာ မဖြေရှင်းလိုက်ပါနဲ့တစ်ချို့သော အခက်အခဲတွေက ခုရှင်းမှ အဆင်ပြေတတ်ပေမယ့် တစ်ချို့သော စိန်ခေါ်မှုတွေက ကိုယ့်ရဲ့ သည်းခံစိတ်ရှည်တဲ့ သက်လုံကို
စမ်းသပ်မှုတွေ ပါနေပါတယ်စိတ်ရှည်ပါ။စိတ်ရှည်ခြင်းဆိုတာ အမှားနည်းစေသလို အလုပ်ပြီးမြောက်အောင်မြင်ခြင်းရဲ့လျှို့ဝှက်ချက်ပါ။စိတ်ရှည်ခြင်းဆိုတာ ရင့်ကျက်ခြင်းရဲ့ သင်္ကေတဖြစ်ပြီး
တည်ငြိမ်မှုကို ရလာစေကာ အောင်မြင်မှုတွေရဖို့အကောင်းဆုံး ဗျူဟာတစ်ခုလို့ ပြောလို့ရပါတယ်။ဒါကြောင့် စိတ်ရှည်ပါ ။စာပေချစ်မြတ်နိုးသူအားလုံးဆီ လေးစားစွာဖြင့် မျှဝေပါသည်။
Credit
Zawgyi