ကားလိပ်ဆွဲ ဘဝက စတင်ခဲ့ရတဲ့ ဟာသလူရွှင်တော်ကြီး မောစ့်ရဲ့ ဘဝဇာတ်ကြောင်းမော့စ်သည် သူ၏ အနုပညာ ခြေလှမ်းများကို ကွယ်လွန်သွားပြီဖြစ်သော ဇာတ်မင်းသားကြီး စိန်မာဒင်၏ ဇာတ်အဖွဲ့တွင် ကားလိပ်ဆွဲ ဘဝဖြင့် စတင်ခဲ့သူဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့၊ ရေတိုးချောင်ရွာ ဇာတိဖြစ်ပြီးအမည်ရင်းမှာ တင်ဝင်းဖြစ်သည်။အနုပညာသည်ဘဝလူရွှင်တော် မော့စ်သည် ၁၉၇၀ ခုနှစ်ဝန်းကျင်က မန္တလေး စိန်မြတ်မော် အငြိမ့်၌ ပညာသင် လူရွှင်တော်တစ်ဦးအဖြစ်
ဦးစိန်ရိုး၊ ဦးရွှေဗျိုင်း စသည့် လူရွှင်တော်ကြီးများထံတွင် ပညာသင်ခဲ့သည်။ ၁၉၈၀ ခန့်တွင် မင်းသားကြီး စိန်မာဒင်၏သား မင်းသား မိုးဝင်း၊ မိုးမင်းတို့နှင့်အတူ ဒါရိုက်တာ မောင်စိတ္တ၏ ဇာတ်လမ်းများကို
လူရွှင်တော် မိုးဒီနှင့် တွဲဖက် ကပြခဲ့ရာ မိုးဒီ-မော့စ် လူရွှင်တော်အတွဲဟု ပရိသတ်မှ စတင် လက်ခံလာခဲ့သည်။ဇာတ်ခုံပေါ်တွင် ကွန်ဖူးမင်းသား ဘရုစလီကဲ့သို့ သရုပ်ဆောင်ရာ ဘရုစလီမော့စ်၊ နဂါးလေးမော့စ်ဟု
နာမည်ကြီးပြီး နောက်ပိုင်း ဇာတ်ထုတ်ဖြစ်သည့် မောင်ပေါက်ကျိုင်း ဇာတ်၊ သုဝဏ္ဏငလျှံ ဇာတ်များမှာ လူကြိုက်များခဲ့သည်။ ထို့နောက် ရန်ကုန်စံပြသဘင်မှ ခွဲထွက်ပြီး ဒါရိုက်တာ မောင်စိတ္တ၊ မိုးဒီ၊ မော့စ်တို့
ပူးပေါင်းကာ မင်းသား တင်မိုးဝင်းကို မင်းသားအဖြစ် တင်မြှောက်လျက် ကျွန်တော့်သဘင် ကို တည်ထောင်ခဲ့သည်။မိုးဝင်းဇာတ်သဘင်နှင့် ၁၅ နှစ်ကြာ လက်တွဲကပြခဲ့ပြီးနောက် မိုးဒီ နှင့် မော့စ် ပူးပေါင်းကာ
ဇာတ်ထောင်ခဲ့သည်။ ဇာတ်ထောင်သည့် အချိန်မှာပင် ၁၉၈၈ ခုနှစ် ဝန်းကျင်ခန့်က ဒါရိုက်တာ ဦးမြင့်ကျော် ရိုက်ကူးသည့် ရှက်တယ် တအား ဗီဒီယို ဇာတ်ကားတွင် ပါဝင်ခဲ့ပြီး ဒါရိုက်တာ စိန်သံမဏိ ရိုက်ကူးသည့်
ဖာတစ်လုံး ရွှေရိုး ဗီဒီယိုဇာတ်ကားဖြင့် အနုပညာ လောကထဲသို့ အောင်မြင်စွာ ခြေချနိုင်ခဲ့သူဖြစ်သည်။၁၉၈၆ ခုနှစ်တွင် ပဲခူးသန်းအောင် စီစဉ်သည့် မိုးဒီနှင့် မော့စ်တို့နှစ်ဦး ပါဝင်သော မင်္ဂလာဦးည ဗီဒီယိုဇာတ်ကားသည် မြန်မာ ဗီဒီယို ခေတ်ဦးပိုင်းက
အငှားရဆုံးအခွေ၊ အလှူ၊ မင်္ဂလာဆောင် စသည့်တို့တွင် မပါမဖြစ် ငှားရမ်းပြသရသည့် အခွေဖြစ်ခဲ့သည်။ထို့နောက် ဇာတ်သဘင်မှ ဗီဒီယို၊ ရုပ်ရှင်လောကသို့ ကူးပြောင်းသွားခဲ့ပြီး ရာဇဝင်၊ ဟာသနှင့် အချစ်ဟာသ စသည့် ဇာတ်ကားများတွင်
အဓိက သရုပ်ဆောင်အဖြစ် လည်းကောင်း၊ ဇာတ်ပို့ ဇာတ်ရံအဖြစ် လည်းကောင်း သရုပ်ဆောင်ခဲ့သည်။ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားပေါင်း များစွာတွင် ပါဝင်သရုပ်ဆောင်ရင်း ဒါရိုက်တာ ထွန်းအောင်ဇော် ရိုက်ကူးသည့် ထာဝရ အလင်းတန်းများ ဇာတ်ကားတွင်
၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု အကယ်ဒမီကို ဆုခူးရရှိခဲ့သည်။အကယ်ဒမီ ရရှိပြီးချိန် ကာလများက မော့စ်ကွယ်လွန်ပြီဟူသော ကောလာဟလ စကားများ ပေါ်ထွက်ခဲ့ပြီး ယင်းနှင့်ပတ်သက်၍
၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့က အကယ်ဒမီ ဒါရိုက်တာ ထွန်းအောင်ဇော်အတွက် မင်းသား ဖိုးချစ်မှ ဂုဏ်ပြုကျင်းပပေးသည့် အကယ်ဒမီ ဂုဏ်ပြုဧည့်ခံပွဲတွင် အနုပညာ မောင်နှမများအား ငါမသေဘူး ရေကူးတတ်တယ် ဟု
အကယ်ဒမီ မော့စ်က နောက်ပြောင် ကျီစယ်ခဲ့သည်။ဘဝနိဂုံးဟာသ သရုပ်ဆောင် မော့စ်သည် ၂၀၁၃ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်က ရန်ကုန်မြို့ SSC ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။
မော့စ်သည် ကွယ်လွန်ချိန်တွင် အသက် ၅၉ နှစ်ရှိပြီဖြစ်ကာ အသည်းရောဂါဝေဒနာကို ကာလရှည်ကြာ ခံစားခဲ့ရသူ ဖြစ်သည်။သတင်းထူး သတင်းဦးများကို ပိုမိုသိရှိရအောင် ကျွန်တော်တို့ Pageလေးကို followလေးလုပ်သွားကြပါအုံးနော်။
Credit
Unicode
ားလိပ္ဆြဲ ဘဝက စတင္ခဲ့ရတဲ့ ဟာသလူရႊင္ေတာ္ႀကီး ေမာစ့္ရဲ့ ဘဝဇာတ္ေၾကာင္းေမာ့စ္သည္ သူ၏ အႏုပညာ ေျခလွမ္းမ်ားကို ကြယ္လြန္သြားၿပီျဖစ္ေသာ ဇာတ္မင္းသားႀကီး စိန္မာဒင္၏ ဇာတ္အဖြဲ႕တြင္ ကားလိပ္ဆြဲ ဘဝျဖင့္
စတင္ခဲ့သူျဖစ္သည္။ ဧရာဝတီတိုင္းေဒသႀကီး ေလးမ်က္ႏွာၿမိဳ႕၊ ေရတိုးေခ်ာင္ရြာ ဇာတိျဖစ္ၿပီးအမည္ရင္းမွာ တင္ဝင္းျဖစ္သည္။အႏုပညာသည္ဘဝလူရႊင္ေတာ္ ေမာ့စ္သည္ ၁၉၇၀ ခုႏွစ္ဝန္းက်င္က မႏၲေလး စိန္ျမတ္ေမာ္ အၿငိမ့္၌ ပညာသင္ လူရႊင္ေတာ္တစ္ဦးအျဖစ္
ဦးစိန္ရိုး၊ ဦးေရႊဗ်ိဳင္း စသည့္ လူရႊင္ေတာ္ႀကီးမ်ားထံတြင္ ပညာသင္ခဲ့သည္။ ၁၉၈၀ ခန႔္တြင္ မင္းသားႀကီး စိန္မာဒင္၏သား မင္းသား မိုးဝင္း၊ မိုးမင္းတို႔ႏွင့္အတူ ဒါရိုက္တာ ေမာင္စိတၱ၏ ဇာတ္လမ္းမ်ားကို
လူရႊင္ေတာ္ မိုးဒီႏွင့္ တြဲဖက္ ကျပခဲ့ရာ မိုးဒီ-ေမာ့စ္ လူရႊင္ေတာ္အတြဲဟု ပရိသတ္မွ စတင္ လက္ခံလာခဲ့သည္။ဇာတ္ခုံေပၚတြင္ ကြန္ဖူးမင္းသား ဘ႐ုစလီကဲ့သို႔ သ႐ုပ္ေဆာင္ရာ ဘ႐ုစလီေမာ့စ္၊ နဂါးေလးေမာ့စ္ဟု
နာမည္ႀကီးၿပီး ေနာက္ပိုင္း ဇာတ္ထုတ္ျဖစ္သည့္ ေမာင္ေပါက္က်ိဳင္း ဇာတ္၊ သုဝဏၰငလၽွံ ဇာတ္မ်ားမွာ လူႀကိဳက္မ်ားခဲ့သည္။ ထို႔ေနာက္ ရန္ကုန္စံျပသဘင္မွ ခြဲထြက္ၿပီး ဒါရိုက္တာ ေမာင္စိတၱ၊ မိုးဒီ၊ ေမာ့စ္တို႔
ပူးေပါင္းကာ မင္းသား တင္မိုးဝင္းကို မင္းသားအျဖစ္ တင္ေျမႇာက္လ်က္ ကၽြန္ေတာ့္သဘင္ ကို တည္ေထာင္ခဲ့သည္။မိုးဝင္းဇာတ္သဘင္ႏွင့္ ၁၅ ႏွစ္ၾကာ လက္တြဲကျပခဲ့ၿပီးေနာက္ မိုးဒီ ႏွင့္ ေမာ့စ္ ပူးေပါင္းကာ
ဇာတ္ေထာင္ခဲ့သည္။ ဇာတ္ေထာင္သည့္ အခ်ိန္မွာပင္ ၁၉၈၈ ခုႏွစ္ ဝန္းက်င္ခန႔္က ဒါရိုက္တာ ဦးျမင့္ေက်ာ္ ရိုက္ကူးသည့္ ရွက္တယ္ တအား ဗီဒီယို ဇာတ္ကားတြင္ ပါဝင္ခဲ့ၿပီး ဒါရိုက္တာ စိန္သံမဏိ ရိုက္ကူးသည့္
ဖာတစ္လုံး ေရႊရိုး ဗီဒီယိုဇာတ္ကားျဖင့္ အႏုပညာ ေလာကထဲသို႔ ေအာင္ျမင္စြာ ေျခခ်နိုင္ခဲ့သူျဖစ္သည္။၁၉၈၆ ခုႏွစ္တြင္ ပဲခူးသန္းေအာင္ စီစဥ္သည့္ မိုးဒီႏွင့္ ေမာ့စ္တို႔ႏွစ္ဦး ပါဝင္ေသာ မဂၤလာဦးည ဗီဒီယိုဇာတ္ကားသည္ ျမန္မာ ဗီဒီယို ေခတ္ဦးပိုင္းက
အငွားရဆုံးအေခြ၊ အလွူ၊ မဂၤလာေဆာင္ စသည့္တို႔တြင္ မပါမျဖစ္ ငွားရမ္းျပသရသည့္ အေခြျဖစ္ခဲ့သည္။ထို႔ေနာက္ ဇာတ္သဘင္မွ ဗီဒီယို၊ ႐ုပ္ရွင္ေလာကသို႔ ကူးေျပာင္းသြားခဲ့ၿပီး ရာဇဝင္၊ ဟာသႏွင့္ အခ်စ္ဟာသ စသည့္ ဇာတ္ကားမ်ားတြင္
အဓိက သ႐ုပ္ေဆာင္အျဖစ္ လည္းေကာင္း၊ ဇာတ္ပို႔ ဇာတ္ရံအျဖစ္ လည္းေကာင္း သ႐ုပ္ေဆာင္ခဲ့သည္။႐ုပ္ရွင္ႏွင့္ ဗီဒီယိုဇာတ္ကားေပါင္း မ်ားစြာတြင္ ပါဝင္သ႐ုပ္ေဆာင္ရင္း ဒါရိုက္တာ ထြန္းေအာင္ေဇာ္ ရိုက္ကူးသည့္ ထာဝရ အလင္းတန္းမ်ား ဇာတ္ကားတြင္
၂၀၁၁ ခုႏွစ္အတြက္ အေကာင္းဆုံး အမ်ိဳးသား ဇာတ္ပို႔ဆု အကယ္ဒမီကို ဆုခူးရရွိခဲ့သည္။အကယ္ဒမီ ရရွိၿပီးခ်ိန္ ကာလမ်ားက ေမာ့စ္ကြယ္လြန္ၿပီဟူေသာ ေကာလာဟလ စကားမ်ား ေပၚထြက္ခဲ့ၿပီး ယင္းႏွင့္ပတ္သက္၍
၂၀၁၃ ခုႏွစ္ ဇန္နဝါရီလ ၂ ရက္ေန႔က အကယ္ဒမီ ဒါရိုက္တာ ထြန္းေအာင္ေဇာ္အတြက္ မင္းသား ဖိုးခ်စ္မွ ဂုဏ္ျပဳက်င္းပေပးသည့္ အကယ္ဒမီ ဂုဏ္ျပဳဧည့္ခံပြဲတြင္ အႏုပညာ ေမာင္ႏွမမ်ားအား ငါမေသဘူး ေရကူးတတ္တယ္ ဟု
အကယ္ဒမီ ေမာ့စ္က ေနာက္ေျပာင္ က်ီစယ္ခဲ့သည္။ဘဝနိဂုံးဟာသ သ႐ုပ္ေဆာင္ ေမာ့စ္သည္ ၂၀၁၃ ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔ နံနက္ ၄ နာရီ ၂၀ မိနစ္က ရန္ကုန္ၿမိဳ႕ SSC ေဆး႐ုံတြင္ ကြယ္လြန္ခဲ့သည္။ ေမာ့စ္သည္
ကြယ္လြန္ခ်ိန္တြင္ အသက္ ၅၉ ႏွစ္ရွိၿပီျဖစ္ကာ အသည္းေရာဂါေဝဒနာကို ကာလရွည္ၾကာ ခံစားခဲ့ရသူ ျဖစ္သည္။သတင်းထူး သတင်းဦးများကို ပိုမိုသိရှိရအောင် ကျွန်တော်တို့ Pageလေးကို followလေးလုပ်သွားကြပါအုံးနော်။
Credit