Local News

ထောင်ထဲမှာနေ့စဉ် အိန္ဒြာကျော်ဇင် လုပ်ရတဲ့အလုပ်အကြောင်း

ထောင်ထဲက အတူနေ အခန်းဖော်ပြောပြတဲ့ အိန္ဒြာကျော်ဇင် အကြောင်း မအူဝဲလောက်အေးချမ်းတဲ့မင်းသမီး မတွေ့ဖူးဘူးတဲ့ အမနဲ့ပက်သက်ပီးစာလေးနဲနဲလေးရေးချင်လာတာရယ်ဘဝတကွေ့မှာ ကြုံခဲ့ဖူးတဲ့ ဘဝမှာ အမလောက်အေးချမ်းတဲ့မင်းသမီးမျိုးတကယ့်ကို မမြင်ခဲ့ဖူးဘူး ရူပါအထဲရောက်ပီး ၂ ပတ်လောက်နေတော့ အမတို့ရောက်လာခဲ့တယ်။ တစ်ခန်းထဲတူတူနေခဲ့ရပြီး အနေနီးကပ်ခဲ့တဲ့ချိန် အမစိတ်လေးတွေအများကြီးသိခဲ့ရတယ်။ ရူပါတို့ အားလုံးအိပ်နေချိန် မနက်လေးနာရီဆို အမကနိုးပြီးလို့ ရှိသမျှ ပဌာန်း မဟာသမယသုတ်

ပရိတ်ကြီး (၁၁) သုတ် အကုန်ရှီခိုးပီးသွားပြီ။ တစ်နေ့လုံးပုတီးလေးစိတ်ပီး ဘယ်အရာပေါ်မှ သူမကောင်းမြင်ခြင်း၊ ငြီးငြူခြင်း၊ တစိုးတစိမှမရှိ။ သူရောက်နေတဲ့နေရာမှာ သူအဆင်မပြေလဲဘယ်သူ့ကိုမှ ငြီးငြူနေတာ၊ ငြိုငြင်နေတာ မျိုးမရှိခဲ့ဘူး။

ဘယ်သူ့အကြောင်းကိုမှလဲ သူ့နှုတ်ကနေ ထွက်လေ့ မရှိ။ သူမသိတာဆိုလဲ အူဝဲမသိဖူးဆိုတာလေးနဲ့ ဘယ်လိုတောင်ဖြူစင်မှန်းမသိသော ကလေးတယောက်လို။ သားသမီးနဲ့ပက်သက် လာရင်တော့ ရင်ထဲမှာဟန်မဆောင် နိုင်အောင်ပဲ ငိုကြွေး တတ်တယ်။ မှတ်မှတ်ရရ သားသားမွေးနေ့တုံးက မနက်ဘုရားရှိခိုးပီး

တစ်ယောက် ထဲကြိတ်ငိုနေ ရရှာတဲ့ ချစ်သောအမပါ။ အခုပြန်တွေးတိုင်းလဲ ရင်ထဲတကယ့်ကိုဆို့နစ်နေ တာပါပဲ။ ဟိုးအရင်ကတည်းက ကလေးတွေကို သိပ်ချစ်၊သိပ်ဂရုစိုက်တာလို့ ကြားဖူးထားတဲ့ အမက ခုလို သူသိပ်ချစ်တဲ့

အမေ၊ သူသိပ်ချစ်တဲ့ ကလေးတွေနဲ့ အကြာကြီးခွဲနေ နေရတာ၊ မမြင်ရ မတွေ့ရ၊မကြားရ နေ နေရတာ သူ့အတွက် ဘယ်လောက်တောင်ခက်ခဲနေမလဲ ဆိုတာ ခံစားလို့လဲရတယ်၊ ကိုယ်တိုင် လည်း မြင်ခဲ့ရလို့ ပိုခံစားရတယ် သူ ခုချိန်ထိ ကောင်းကောင်းသည်း ခံနေနိုင်မယ် ဆိုတာ သိပေမဲ့ သူ ဘယ်လောက် ပြန်တွေ့ချင်နေလိမ့်မလဲ

ဆိုတာလဲ အရမ်းသိတယ် ဘဝတကွေ့မှာ အမနဲ့အတူတူ ဆုံခဲ့ရဖူးတာ ကောင်းသောသင်ခန်းစာတွေ အများကြီးရ ခဲ့ပါတယ်။ လူတွေအများကြီးကြားထဲမှာ ဘယ်သူ့ရဲ့ဘဝကိုဖြစ်ဖြစ် စာနာတတ်ပြီးမျက်ရည်တွေ ကျအောင် ခံစားတတ်တဲ့ စိတ်ထားနူးညံ့ လွန်းသူပါ။လူ့ဘဝမှာ တကယ့်ကိုနေတတ်ခြင်းနဲ့ပြည့်စုံ လွန်းတဲ့

မင်းသမီး ကိုယ်တိုင် ခံစားဖူးတဲ့သူတစ်ယောက်မို့လို့အမကို အမြန်ဆုံး ပြန်လာစေ ချင်တယ်။ သ့ဘဝမှာ အရေးကြီးဆုံးက ဒီမိသားစုလေးပဲဆိုတဲ့ အမကျို အရင်လို မိသားစုပျော်ပျော်ရွှင်ရွှင်လေး ပြန်နေတာကို မြင်ချင်တယ်။အမကိုအမြန်ဆုံး လွှတ်ပေးဖို့တကယ့်ကိုတောင်း ဆိုချင်ပါတယ် ချစ်ရတဲ့အမအမြန်ဆုံး ပြန်လွတ်ပါစေ

Credit

Unicode

ထောင်ထဲမှာနေ့စဉ် အိန္ဒြာကျော်ဇင် လုပ်ရတဲ့အလုပ်အကြောင်းထောင်ထဲက အတူနေ အခန်းဖော်ပြောပြတဲ့ အိန္ဒြာကျော်ဇင် အကြောင်း မအူဝဲလောက်အေးချမ်းတဲ့မင်းသမီး မတွေ့ဖူးဘူးတဲ့ အမနဲ့ပက်သက်ပီးစာလေးနဲနဲလေးရေးချင်လာတာရယ်ဘဝတကွေ့မှာ ကြုံခဲ့ဖူးတဲ့ ဘဝမှာ အမလောက်အေးချမ်းတဲ့မင်းသမီးမျိုးတကယ့်ကို မမြင်ခဲ့ဖူးဘူး ရူပါအထဲရောက်ပီး ၂ ပတ်လောက်နေတော့ အမတို့ရောက်လာခဲ့တယ်။ တစ်ခန်းထဲတူတူနေခဲ့ရပြီး အနေနီးကပ်ခဲ့တဲ့ချိန် အမစိတ်လေးတွေအများကြီးသိခဲ့ရတယ်။

ရူပါတို့ အားလုံးအိပ်နေချိန် မနက်လေးနာရီဆို အမကနိုးပြီးလို့ ရှိသမျှ ပဌာန်း မဟာသမယသုတ်ပရိတ်ကြီး (၁၁) သုတ် အကုန်ရှီခိုးပီးသွားပြီ။ တစ်နေ့လုံးပုတီးလေးစိတ်ပီး ဘယ်အရာပေါ်မှ သူမကောင်းမြင်ခြင်း၊ ငြီးငြူခြင်း၊ တစိုးတစိမှမရှိ။ သူရောက်နေတဲ့နေရာမှာ သူအဆင်မပြေလဲ

ဘယ်သူ့ကိုမှ ငြီးငြူနေတာ၊ ငြိုငြင်နေတာ မျိုးမရှိခဲ့ဘူး။ ဘယ်သူ့အကြောင်းကိုမှလဲ သူ့နှုတ်ကနေ ထွက်လေ့ မရှိ။ သူမသိတာဆိုလဲ အူဝဲမသိဖူးဆိုတာလေးနဲ့ ဘယ်လိုတောင်ဖြူစင်မှန်းမသိသော ကလေးတယောက်လို။ သားသမီးနဲ့ပက်သက် လာရင်တော့

ရင်ထဲမှာဟန်မဆောင် နိုင်အောင်ပဲ ငိုကြွေး တတ်တယ်။ မှတ်မှတ်ရရ သားသားမွေးနေ့တုံးက မနက်ဘုရားရှိခိုးပီးတစ်ယောက် ထဲကြိတ်ငိုနေ ရရှာတဲ့ ချစ်သောအမပါ။ အခုပြန်တွေးတိုင်းလဲ ရင်ထဲတကယ့်ကိုဆို့နစ်နေ တာပါပဲ။

ဟိုးအရင်ကတည်းက ကလေးတွေကို သိပ်ချစ်၊သိပ်ဂရုစိုက်တာလို့ ကြားဖူးထားတဲ့ အမက ခုလို သူသိပ်ချစ်တဲ့ အမေ၊ သူသိပ်ချစ်တဲ့ ကလေးတွေနဲ့ အကြာကြီးခွဲနေ နေရတာ၊ မမြင်ရ မတွေ့ရ၊မကြားရ နေ နေရတာ သူ့အတွက် ဘယ်လောက်တောင်

ခက်ခဲနေမလဲ ဆိုတာ ခံစားလို့လဲရတယ်၊ ကိုယ်တိုင် လည်း မြင်ခဲ့ရလို့ ပိုခံစားရတယ် သူ ခုချိန်ထိ ကောင်းကောင်းသည်း ခံနေနိုင်မယ် ဆိုတာ သိပေမဲ့ သူ ဘယ်လောက် ပြန်တွေ့ချင်နေလိမ့်မလဲ

ဆိုတာလဲ အရမ်းသိတယ် ဘဝတကွေ့မှာ အမနဲ့အတူတူ ဆုံခဲ့ရဖူးတာ ကောင်းသောသင်ခန်းစာတွေ အများကြီးရ ခဲ့ပါတယ်။ လူတွေအများကြီးကြားထဲမှာ ဘယ်သူ့ရဲ့ဘဝကိုဖြစ်ဖြစ် စာနာတတ်ပြီးမျက်ရည်တွေ ကျအောင် ခံစားတတ်တဲ့ စိတ်ထားနူးညံ့ လွန်းသူပါ။ လူ့ဘဝမှာ တကယ့်ကိုနေတတ်ခြင်းနဲ့ပြည့်စုံ လွန်းတဲ့

မင်းသမီး ကိုယ်တိုင် ခံစားဖူးတဲ့သူတစ်ယောက်မို့လို့အမကို အမြန်ဆုံး ပြန်လာစေ ချင်တယ်။ သ့ဘဝမှာ အရေးကြီးဆုံးက ဒီမိသားစုလေးပဲဆိုတဲ့ အမကျို အရင်လို မိသားစုပျော်ပျော်ရွှင်ရွှင်လေး ပြန်နေတာကို မြင်ချင်တယ်။အမကိုအမြန်ဆုံး လွှတ်ပေးဖို့တကယ့်ကိုတောင်း ဆိုချင်ပါတယ် ချစ်ရတဲ့အမအမြန်ဆုံး ပြန်လွတ်ပါစေ

Credit