ငွေကံမပွင့်သူများ လာဘ်ပိတ်၍ စိတ်ညစ်နေသူများ သစ်တံခါးဆရာတော် ချီးမြှင့်သော ဒါနအဓိဌာန်လေး ဆောင်ရွက် ကြည့်ပါငွေကံ မပွင့်သူများ လာဘ်ပိတ်၍ စိတ်ညစ်နေ တဲ့သူ များ သစ်တံခါးဆရာတော် ချီးမြှင့်သော ဒါနအဓိဌာ န်လေး ဆောင်ရွက် ကြည့်ပါ ငွေကံမပွင့် လာဘ်လာ ဘတွေ ပိတ်ဆို့နေပါက လုပ်သမျှ မအောင်မြင်ဖြစ်နေပါက မိမိတို့ စားမည့် ဆန်အိုးထဲမှ အနည်း ငယ်မျှ သောဆန်ကို ယူပြီး မြေကွက်လပ် နေရာ တစ်ခု စီစဉ်ပြီး စာကလေး တွေကို အစာကျွေးပါ။(အာရုံ ထားပုံ) စိတ်ထဲမှ နေပြီး ယခုဒါန ပြုခြင်းသည် မိမိ
တို့ စားမည် ဖြစ်သော ဆန်အိုးထဲမှ၊ ဆန်အိတ် ထဲမှ ခွဲဝေ၍ ဒါနပြုခြင်း၊ အလှူဒါန ပြုခြင်း ဖြစ်ပါ၏။ ဤ မှန်သော သစ္စာစကား တော်ကြောင့် စီးပွားကျ စိတ် ညစ်နေရပြီး ပိတ်ဆို့နေသော လာဘ်လာဘများ ပွင့်
ပါစေ၊ လာဘ်လာ ဘတွေ ရွှင်ပါစေ၊ ငွေဝင်ပါစေ၊ စိ တ်မှ ရည်မှန်းပါ။ ယခု လာရောက်၍ သုံးဆောင် စားသုံးကြသော စာကလေး၊ ခို၊ ကျီး ငှက်ကလေး တွေ ဝမ်းသာ ပီတိဖြစ်ကာ စားသုံးနိုင်၊ ပျော်ရွှင်နိုင်သလို
ပျော်ရွှင် ရပါလို၏။ သုံးဆောင် ရပါလို၏။ ဒါန အ ကျိုး ဆက်၍ တိုးပွားကာ ဆောင်ရွက် နိုင်ရပါ လို၏ ဟု စိတ်မှ ရည်မှတ် ပြောဆိုပါ။ လေယာဉ် သဖွယ် တစ်ကောင် ပြီး တစ်ကောင် ဆင်းသက် စားသောက်
အသံပေး နေကြသော စာကလေးတွေ ငှက်ကလေး တွေကို ကြည့်ပြီး အလှူဒါနကို ပွားကာ ပီတိ ဖြစ်နေပါ။ ထူးခြားပါ၏။ ရက်များ မကြာမီ လာဘ် လာဘတွေ အလုပ် အကိုင်တွေ ကောင်းကာ အဆင်ပြေ မ ည်။ နေ့စဉ် နေ့တိုင်း နံနက်တိုင်း အာစိဏ္ဏကံဆောင်ရွက်နိုင်ပါက ပိုပြီးထူးခြား ပါ၏။ နောက် တစ်နည်း ဆောင်ရွက် ပုံမှာ စာကလေး၊ ငှက်တွေ၊ ခိုတွေ၊ ကျီး ကျွေးစဉ် ဤဂါထာ ကလေးကို ရွတ်ပွား ပြီးတော့ ဆောင်ရွက်ပါ ကလည်း ကလည်း ထူးခြားပါ၏။
“ဥုံ အကု အကု ဗုဒ္ဓေါပိယ ဓမ္မောပိယ၊ သံဃောပိယ ဣစ္ဆာ သယ အာလောက် အာလောက် အာလောက်” ဟု ၃၇ ခေါက် ရွတ်ဆိုပြီး ကျွေးပါကလည်း ထူးခြားပါ၏။ တကယ်လိုချင် တကယ်ဖြစ်ချင် တကယ်လုပ်
အဟုတ်ဖြစ်ပါ၏။ ယုံကြည်မှုသာ အရေးကြီးပါ၏။ ဂုဏ်တော် တစ်ပါးပါးကို ပွားပြီး မေတ္တာပို့ လွှတ်ကာ ဆောင်ရွက်ပါ။ ဒါနပြုပါ။ ပိုပြီး သိသာပါ၏။ ဆောင် ရွက်ကြည့်ပါ။ လက်တွေ့ပါပဲ။ သစ်တံခါးဆရာတော်၏ “ကံထူး ကံမြင့် လာဘ်ပွင့် လောကီ အောင်မြင် စေကြောင်း အဓိဋ္ဌာန် ကျင့်စဉ်များ” စာအုပ်မှ ကူးယူ ဖော်ပြပါသည်။
Credit