Knowledge

အိမ်ထောင်ပြုဖို့ ဆုံးဖြတ်တော့မယ် ဆိုရင် ဒီစာကိုဖတ်ပါ ညီမလေး…

အိမ်ထောင်ပြုဖို့ ဆုံးဖြတ်တော့မယ် ဆိုရင် ဒီစာကိုဖတ်ပါ ညီမလေး…ညီမလေး အိမ်ထောင်ပြုဖို့ ဆုံးဖြတ်တော့မယ်ဆိုရင် ဒီစာကိုဖတ်ပါညီမလေး အိမ်ထောင်ပြုဖို့ ဆုံးဖြတ်တော့မယ်ဆိုရင်….(1) စာတတ်တဲ့ယောက်ထက် စာနာစိတ်ရှိတဲ့ယောက်ျားကိုသာရွေးချယ်ပါ။ တစ်မိုးအောက်ထဲ အတူနေထိုင်မဲ့သူဆိုတာကိုယ့်ခံစားချက်ကို စာနာစိတ်နဲ့ကြည့်မြင်တတ်သူ ဖြစ်နေဖို့သိပ်လိုအပ်တယ် …။

(2) ပညာတတ်သူထက် ကြင်နာစိတ်ရှိသူကိုသာရွေးချယ်ပါ ။ကိုယ့်ဘဝတစ်သက်တာလုံး အနီးဆုံးမှာရှိနေမဲ့သူဟာ ကိုယ့်ရဲ့လိုအပ်ချက်တွေကို ကြင်နာတတ်တဲ့စိတ်နဲ့ဖေးမနိုင်သူဖြစ်ဖို့ သိပ်လိုအပ်ပါတယ် ။

(3) ငွေချမ်းသာသူထက် စိတ်ထားရိုးဖြောင့်သူကိုသာရွေးချယ်ပါ ။ဘဝတစ်လျှောက်လုံး အေးအတူပူအမျှလက်တွဲထားရမဲ့သူဟာ၊ ကိုယ့်လိုအပ်ချက်တွေကိုငွေနဲ့ဖြည့်ဆည်းပေးနိုင်ရုံနဲ့ ၊မရဘူးဘယ်အရာမှာမဆို ပွင့်လင်းရိုးသားစွာနဲ့ ဆက်ဆံရေးကသာနှစ်ဦးနှစ်ဖက် အငြိုးကင်းစေတဲ့ လက်နက်ဖြစ်တယ် …။

(4) ဂုဏ်ရှိသူထက် ပြုံးရယ်နိုင်စေသူကိုသာရွေးချယ်ပါ ။လူ့ဘဝဆိုတာ ရေလှိုင်းလိုပဲ အနိမ့်အမြင့်ရှိတယ်ကိုယ့်အရိပ်အဖြစ်၊ ခိုလှုံနေရသူဟာ ဘယ်လိုအခက်ခဲတွေနဲ့ကြုံလာပါစေ မားမားမတ်မတ်ရပ်တည်ပေးပြီး ပြုံးရယ်နိုင်စေသူဖြစ်ဖို့အဓိကကျတယ် ။

(5) ရုပ်ချောသူထက် အသိုင်းဝိုင်းသန့်ရှင်းသူကိုသာရွေးချယ်ပါ ။မတူညီတဲ့အသိုင်းဝိုင်းနှစ်ခု ပေါက်ဖွားလာသူတွေတစ်ဘဝအတူလက်တွဲပြီး၊တစ်မိုးအောက်ထဲနေဖို့ဆိုတာပတ်ဝန်းကျင်ပါလာသလို

နှစ်ဖက်အသိုင်းဝိုင်းဆိုတာလည်းအိမ်ထောင်စုတစ်ခုရဲ့ တစ်စိပ်တစ်ဒေသမှာပါဝင်ပါတ်သက်စေပါတယ် …။ကိုယ့်ဘဝကို တစ်သက်တာပေးအပ်ထားရမဲ့သူဟာကိုယ်နှုတ်အမူအယာ ယဉ်ကျေးပြီးမိမိသိက္ခာကို တန်ဖိုးထားတတ်သူဖြစ်ဖို့ အရေးကြီးဆုံးပဲ

(6) ဥစ္စာပြည့်စုံသူထက် နားလည်မှုရှိသူကိုသာရွေးချယ်ပါ ။ကိုယ့်ရဲ့အနီးဆုံးမှာနေတဲ့သူဆိုတာ မတော်တဆအမှားတွေအပေါ်ဒါမှမဟုတ်၊မိမိအသိုင်းဝိုင်းနဲ့ဆက်ဆံရေးမှာ သဘောထားကြီးပြီးနားလည်မှုရှိသူဖြစ်ဖို့လည်း လိုအပ်ပါတယ် ။

တကယ်တော့ အိမ်ထောင်ပြုခြင်းဆိုတဲ့အရာကိုကျူးလွန်ပြီးသွားရင် ယောက်ျားလေးဖြစ်စေမိန်းကလေးဖြစ်စေ လက်ရှိတန်ဖိုးထက်တော့ကျဆင်းသွားရတာပါပဲ ။အိမ်ထောင်သည်ဘဝရောက်သွားပြီးရင်မိန်းမသားတွေက ယောက်ျားသားတွေထက်

မိမိကိုယ်ပိုင်အခွင့်အရေးတွေ ၊ထိန်းချုပ်ခံရတာတွေပိုလာသလို၊မိမိဖြစ်ခြင်တဲ့အခွင့်အရေးတွေများစွာ ပေးဆပ်လိုက်ရပါတယ်။ဒါကြောင့် အိမ်ထောင်ပြုတော့မယ်လို့ ၊ ဆုံးဖြတ်လိုက်ရင်လူတစ်ယောက်ကို အပေါ်ယံတင် ဆုံးဖြတ်တာမျိုးရှောင်ကျဉ်ပါ ။

အချိန်ပေးပြီးလေ့လာပါ ။လူတစ်ယောက်ရဲ့စိတ်ဓာတ်ကို သိဖို့ အချိန်ကြာကြာစောင့်ကြည့်ဖို့ မလိုအပ်ပါဘူး။ သတိကြီးကြီးနဲ့စောင့်ကြည့်ကြည့်လိုက်ပါ …။လူတစ်ယောက်ရဲ့မနောဆိုတာမထင်မှတ်တဲ့အရာတွေကနေအဖြေတွေပေါ်လာတတ်ပါတယ်။တစ်သက်တာစိတ်ချမ်းသာချင်ရင် လူရွေးမမှားဖို့အတွက် တခါတရံတော့ မျက်ရည်တွေလည်းရင်းနှီးလိုက်ပါ ညီမလေး …။

Credit

Zawgyi

အိမ်ထောင်ပြုဖို့ ဆုံးဖြတ်တော့မယ် ဆိုရင် ဒီစာကိုဖတ်ပါ ညီမလေး…ညီမလေး အိမ်ထောင်ပြုဖို့ ဆုံးဖြတ်တော့မယ်ဆိုရင် ဒီစာကိုဖတ်ပါညီမလေး အိမ်ထောင်ပြုဖို့ ဆုံးဖြတ်တော့မယ်ဆိုရင်။(1) စာတတ်တဲ့ယောက်ထက် စာနာစိတ်ရှိတဲ့ယောကျ်ားကိုသာရွေးချယ်ပါ။ တစ်မိုးအောက်ထဲ အတူနေထိုင်မဲ့သူဆိုတာကိုယ့်ခံစားချက်ကို စာနာစိတ်နဲ့ကြည့်မြင်တတ်သူ ဖြစ်နေဖို့သိပ်လိုအပ်တယ် ။

(2) ပညာတတ်သူထက် ကြင်နာစိတ်ရှိသူကိုသာရွေးချယ်ပါ ။ကိုယ့်ဘဝတစ်သက်တာလုံး အနီးဆုံးမှာရှိနေမဲ့သူဟာ ကိုယ့်ရဲ့လိုအပ်ချက်တွေကို ကြင်နာတတ်တဲ့စိတ်နဲ့ဖေးမနိုင်သူဖြစ်ဖို့ သိပ်လိုအပ်ပါတယ် ။

(3) ငွေချမ်းသာသူထက် စိတ်ထားရိုးဖြောင့်သူကိုသာရွေးချယ်ပါ ။ဘဝတစ်လျှောက်လုံး အေးအတူပူအမျှလက်တွဲထားရမဲ့သူဟာ၊ ကိုယ့်လိုအပ်ချက်တွေကိုငွေနဲ့ဖြည့်ဆည်းပေးနိုင်ရုံနဲ့ ၊မရဘူးဘယ်အရာမှာမဆို ပွင့်လင်းရိုးသားစွာနဲ့ ဆက်ဆံရေးကသာနှစ်ဦးနှစ်ဖက် အငြိုးကင်းစေတဲ့ လက်နက်ဖြစ်တယ် ။

(4) ဂုဏ်ရှိသူထက် ပြုံးရယ်နိုင်စေသူကိုသာရွေးချယ်ပါ ။လူ့ဘဝဆိုတာ ရေလှိုင်းလိုပဲ အနိမ့်အမြင့်ရှိတယ်ကိုယ့်အရိပ်အဖြစ်၊ ခိုလှုံနေရသူဟာ ဘယ်လိုအခက်ခဲတွေနဲ့ကြုံလာပါစေ မားမားမတ်မတ်ရပ်တည်ပေးပြီး ပြုံးရယ်နိုင်စေသူဖြစ်ဖို့အဓိကကျတယ် ။

(5) ရုပ်ချောသူထက် အသိုင်းဝိုင်းသန့်ရှင်းသူကိုသာရွေးချယ်ပါ ။မတူညီတဲ့အသိုင်းဝိုင်းနှစ်ခု ပေါက်ဖွားလာသူတွေတစ်ဘဝအတူလက်တွဲပြီး၊တစ်မိုးအောက်ထဲနေဖို့ဆိုတာပတ်ဝန်းကျင်ပါလာသလို

နှစ်ဖက်အသိုင်းဝိုင်းဆိုတာလည်းအိမ်ထောင်စုတစ်ခုရဲ့ တစ်စိပ်တစ်ဒေသမှာပါဝင်ပါတ်သက်စေပါတယ် ။ကိုယ့်ဘဝကို တစ်သက်တာပေးအပ်ထားရမဲ့သူဟာကိုယ်နှုတ်အမူအယာ ယဉ်ကျေးပြီးမိမိသိက္ခာကို တန်ဖိုးထားတတ်သူဖြစ်ဖို့ အရေးကြီးဆုံးပဲ

(6) ဥစ္စာပြည့်စုံသူထက် နားလည်မှုရှိသူကိုသာရွေးချယ်ပါ ။ကိုယ့်ရဲ့အနီးဆုံးမှာနေတဲ့သူဆိုတာ မတော်တဆအမှားတွေအပေါ်ဒါမှမဟုတ်၊မိမိအသိုင်းဝိုင်းနဲ့ဆက်ဆံရေးမှာ သဘောထားကြီးပြီးနားလည်မှုရှိသူဖြစ်ဖို့လည်း လိုအပ်ပါတယ် ။

တကယ်တော့ အိမ်ထောင်ပြုခြင်းဆိုတဲ့အရာကိုကျူးလွန်ပြီးသွားရင် ယောကျ်ားလေးဖြစ်စေမိန်းကလေးဖြစ်စေ လက်ရှိတန်ဖိုးထက်တော့ကျဆင်းသွားရတာပါပဲ ။အိမ်ထောင်သည်ဘဝရောက်သွားပြီးရင်မိန်းမသားတွေက ယောကျ်ားသားတွေထက်

မိမိကိုယ်ပိုင်အခွင့်အရေးတွေ ၊ထိန်းချုပ်ခံရတာတွေပိုလာသလို၊မိမိဖြစ်ခြင်တဲ့အခွင့်အရေးတွေများစွာ ပေးဆပ်လိုက်ရပါတယ်။ဒါကြောင့် အိမ်ထောင်ပြုတော့မယ်လို့ ၊ ဆုံးဖြတ်လိုက်ရင်လူတစ်ယောက်ကို အပေါ်ယံတင် ဆုံးဖြတ်တာမျိုးရှောင်ကျဉ်ပါ ။

အချိန်ပေးပြီးလေ့လာပါ ။လူတစ်ယောက်ရဲ့စိတ်ဓာတ်ကို သိဖို့ အချိန်ကြာကြာစောင့်ကြည့်ဖို့ မလိုအပ်ပါဘူး။ သတိကြီးကြီးနဲ့စောင့်ကြည့်ကြည့်လိုက်ပါ။လူတစ်ယောက်ရဲ့မနောဆိုတာမထင်မှတ်တဲ့အရာတွေကနေအဖြေတွေပေါ်လာတတ်ပါတယ်။တစ်သက်တာစိတ်ချမ်းသာချင်ရင် လူရွေးမမှားဖို့အတွက် တခါတရံတော့ မျက်ရည်တွေလည်းရင်းနှီးလိုက်ပါ ညီမလေး။

Credit