တိုင်းရင်းသားဒေသ လွတ်မြောက်နယ်မြေအတွင်း နွေဦးကျန်းမာအမည်ဖြင့် ပြည်သူ့ဆေးရုံအား ဇန်နဝါရီ ၄ရက် လွတ်လပ်ရေးနေ့တွင် စတင်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း ဆေးတက္ကသိုလ်(၂) (Yangon Student Committe)ကထုတ်ပြန်သည်။အဆိုပါ ဆေးရုံကို ဆေးတက္ကသိုလ်(၂) ရန်ကုန် ကျောင်းသားကော်မတီမှဦးစီး၍ စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမများဖြင့် ပြည်သူများအား ကုသမှုလုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။နွေဦးကျန်းမာ ပြည်သူ့ဆေးရုံကို လက်ရှိတွင်
အထွေထွေရောဂါကုနှင့် သင်ကြားရေး ပြည်သူ့ဆေးရုံအဖြစ် ဖွင့်လှစ်ထားသော်လည်း နောက်ပိုင်းတွင် အတွင်းလူနာဌာန၊ ကလေးကုသဆောင်၊ ခ.ွဲစိတ်ခန်းနှင့်လ.ူန.ာသယ်ယူပို့ဆောင်ရေးစနစ်များအားလည်း ပြင်ဆင်လျက်ရှိပြီး
လိုအပ်သည့် ဆေးဝါးနှင့် စက်ပစ္စည်းများအား တပ်ဆင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုကဲ့သို့ အဆင့်မြှင့်တင်ပြီးပါကကျေးရွာပေါင်း ၃၀ကျော်နှင့် လူဦးရေ ၁၅,၀၀၀ကျော်ထိ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်နိုင်မည်ဖြစ်ကြောင်း
အဆိုပါကော်မတီက ထုတ်ပြန်ထားသည်။ လက်ရှိတွင် နွေဦးကျန်းမာ ပြည်သူ့ဆေးရုံ၌ဆေးဝါးနှင့် အထွေထွေ လိုအပ်ချက်များ ရှိနေသည့်အတွက် ပြည်သူများအနေဖြင့် ပူးပေါင်း လှူဒါန်း၍ ဖြည့်ဆည်းပေးရန်လည်း ကော်မတီက မေတ္တာရပ်ခံထားသည်။
Credit
Unicode
တိုင်းရင်းသားဒေသ လွတ်မြောက်နယ်မြေအတွင်း နွေဦးကျန်းမာအမည်ဖြင့် ပြည်သူ့ဆေးရုံအား ဇန်နဝါရီ ၄ရက် လွတ်လပ်ရေးနေ့တွင် စတင်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း ဆေးတက္ကသိုလ်(၂) (Yangon Student Committe)ကထုတ်ပြန်သည်။အဆိုပါ ဆေးရုံကို ဆေးတက္ကသိုလ်(၂) ရန်ကုန် ကျောင်းသားကော်မတီမှဦးစီး၍ စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမများဖြင့် ပြည်သူများအား ကုသမှုလုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။နွေဦးကျန်းမာ ပြည်သူ့ဆေးရုံကို လက်ရှိတွင်
အထွေထွေရောဂါကုနှင့် သင်ကြားရေး ပြည်သူ့ဆေးရုံအဖြစ် ဖွင့်လှစ်ထားသော်လည်း နောက်ပိုင်းတွင် အတွင်းလူနာဌာန၊ ကလေးကုသဆောင်၊ ခ.ွဲစိတ်ခန်းနှင့်လ.ူန.ာသယ်ယူပို့ဆောင်ရေးစနစ်များအားလည်း ပြင်ဆင်လျက်ရှိပြီး
လိုအပ်သည့် ဆေးဝါးနှင့် စက်ပစ္စည်းများအား တပ်ဆင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုကဲ့သို့ အဆင့်မြှင့်တင်ပြီးပါကကျေးရွာပေါင်း ၃၀ကျော်နှင့် လူဦးရေ ၁၅,၀၀၀ကျော်ထိ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်နိုင်မည်ဖြစ်ကြောင်းအဆိုပါကော်မတီက ထုတ်ပြန်ထားသည်။ လက်ရှိတွင် နွေဦးကျန်းမာ ပြည်သူ့ဆေးရုံ၌ဆေးဝါးနှင့် အထွေထွေ လိုအပ်ချက်များ ရှိနေသည့်အတွက် ပြည်သူများအနေဖြင့် ပူးပေါင်း လှူဒါန်း၍ ဖြည့်ဆည်းပေးရန်လည်း ကော်မတီက မေတ္တာရပ်ခံထားသည်။
Credit