Knowledge

သရဏဂုံတည်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူး

ညအိပ်ယာမဝင်ခင် သရဏဂုံတည်ပြီးမှအိပ်ကြပါ။ သရဏဂုံတည်သောသူသည် ထိုဘဝမှစုတေသောအခါ တစ်ဘဝတာတည်ခဲ့သော သရဏဂုံကုသိုလ်ကြောင့် (၉၁)ကမ္ဘာအပါယ်လေးပါးသို့ မကျရောက်ရခြင်း။

အကြိမ်(၈၀)သိကြားမင်းဖြစ်ရခြင်း။ (၇၅)ကြိမ်စကြာမင်းဖြစ်ရခြင်း။ ရိုးရိုးပဒေသရာဇ် ဧကရာဇ်ဘုရင်အဖြစ် အကြိမ်ကြိမ်ဖြစ်နေခြင်း။ အဆုံးဘဝတွင် မြတ်စွာဘုရားသာသနာ၌ (၇)နှစ်သားအရွယ်မှာပင် ရှင်သာမဏေအဖြစ်ခံယူ၍ သရဏဂုံအဆုံး၌ရဟန္တာဖြစ်ခြင်း။

စျေးဝယ်သောအခါ တစ်ပိဿာဝယ်လျှင် တစ်ပိဿာရ၏။ စျေးသည်ကတစ်ပိဿာအပြည့်အပြင် မေတ္တာလက်ဆောင် ထည့်ပေးလျှင်အဆစ်ပါရ၏။ ထို့အတူသရဏဂုံတည်လျှင် အကျိုးရင်းအကျိုးဖျားဟူ၍နှစ်မျိုးရ၏။

ယခုဖော်ပြပြီးသည်ကားတို့ကား အကျိုးအရင်းဖြစ်၏။ တစ်ပိဿာဝယ်၍ တစ်ပိဿာရခြင်းမျိုး တစ်ရာဖိုးဝယ်၍ တစ်ရာဖိုးရခြင်းမျိုးပင်ဖြစ်၏။အဆင့်နှင့်တူသည့် အကျိုးဖျားဟုခေါ်သော ကောင်းကျိုး(၈)မျိုးကိုလည်း ဘဝဆက်တိုင်းရနိုင်သေး၏။

ထိုကောင်းကျိုး(၈)မျိုးကိုလည်း အပါဒါန်ပါဠိတော်မှာ ဟောတော်မူထား၏။သရဏဂုံတည်ခဲ့သူသည် လူ၊နတ်၊ဗြဟ္မာ မည်သည့်ဘဝသို့ရောက်ရောက် (၁) လူအများ၏ ပူဇော်ခံရခြင်းကိုခံယူရသည်။ (၂) ထူးထူးခြားခြား သူတကာထက်ဥာဏ်ကောင်းသည်။

(၃) သူ၏အလိုသို့ အများကလိုက်ပါရသည်။ (၄) သတ္တဝါအားလုံးကနှစ်သက်သည်။ (၅) သတ္တဝါအားလုံးကချစ်ခင်သည်။ (၆) ရွှေအဆင်းကဲ့သို့လှပသည်။ (၇) ကျော်စောထင်ရှားသည်။ (၈) စည်းစိမ်များပြားသည်။ပေးရသောအချိန်နှင့်တန်သည့် အသိဥာဏ်ဗဟုသုများရရှိကြပါစေ

ညအိပ်ယာမဝင်ခင် သရဏဂုံတည်ပြီးမှအိပ်ကြပါ။ သရဏဂုံတည်သောသူသည် ထိုဘဝမှစုတေသောအခါ တစ်ဘဝတာတည်ခဲ့သော သရဏဂုံကုသိုလ်ကြောင့် (၉၁)ကမ္ဘာအပါယ်လေးပါးသို့ မကျရောက်ရခြင်း။

အကြိမ်(၈၀)သိကြားမင်းဖြစ်ရခြင်း။ (၇၅)ကြိမ်စကြာမင်းဖြစ်ရခြင်း။ ရိုးရိုးပဒေသရာဇ် ဧကရာဇ်ဘုရင်အဖြစ် အကြိမ်ကြိမ်ဖြစ်နေခြင်း။ အဆုံးဘဝတွင် မြတ်စွာဘုရားသာသနာ၌ (၇)နှစ်သားအရွယ်မှာပင် ရှင်သာမဏေအဖြစ်ခံယူ၍ သရဏဂုံအဆုံး၌ရဟန္တာဖြစ်ခြင်း။

ဈေးဝယ်သောအခါ တစ်ပိဿာဝယ်လျှင် တစ်ပိဿာရ၏။ ဈေးသည်ကတစ်ပိဿာအပြည့်အပြင် မေတ္တာလက်ဆောင် ထည့်ပေးလျှင်အဆစ်ပါရ၏။ ထို့အတူသရဏဂုံတည်လျှင် အကျိုးရင်းအကျိုးဖျားဟူ၍နှစ်မျိုးရ၏။

ယခုဖော်ပြပြီးသည်ကားတို့ကား အကျိုးအရင်းဖြစ်၏။ တစ်ပိဿာဝယ်၍ တစ်ပိဿာရခြင်းမျိုး တစ်ရာဖိုးဝယ်၍ တစ်ရာဖိုးရခြင်းမျိုးပင်ဖြစ်၏။အဆင့်နှင့်တူသည့် အကျိုးဖျားဟုခေါ်သော ကောင်းကျိုး(၈)မျိုးကိုလည်း ဘဝဆက်တိုင်းရနိုင်သေး၏။

ထိုကောင်းကျိုး(၈)မျိုးကိုလည်း အပါဒါန်ပါဠိတော်မှာ ဟောတော်မူထား၏။သရဏဂုံတည်ခဲ့သူသည် လူ၊နတ်၊ဗြဟ္မာ မည်သည့်ဘဝသို့ရောက်ရောက် (၁) လူအများ၏ ပူဇော်ခံရခြင်းကိုခံယူရသည်။ (၂) ထူးထူးခြားခြား သူတကာထက်ဉာဏ်ကောင်းသည်။

(၃) သူ၏အလိုသို့ အများကလိုက်ပါရသည်။ (၄) သတ္တဝါအားလုံးကနှစ်သက်သည်။ (၅) သတ္တဝါအားလုံးကချစ်ခင်သည်။ (၆) ရွှေအဆင်းကဲ့သို့လှပသည်။ (၇) ကျော်စောထင်ရှားသည်။ (၈) စည်းစိမ်များပြားသည်။ပေးရသောအချိန်နှင့်တန်သည့် အသိဉာဏ်ဗဟုသုများရရှိကြပါစေ။

Credit