အိပ်ပျော်ရခက်ခဲစေနိုင် ဆွဲကြိုးဝတ်ပြီးညအိပ်ခြင်းက ညဖက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့အတွက် အဟန့်အတားဖြစ်နိုင်ပါတယ်။အထူး သဖြင့် ဟိုဖက်လှည့်လိုက် ဒီဖက်လှည့်လိုက်နဲ့ ငြိမ်ငြိမ်မအိပ်တတ်သူတွေဆိုရင် ဆံပင်မှာသွားငြိတာမျိုး၊လည်ပင်းမှာလာပတ်နေတာမျိုး စသဖြင့် အိပ်ရေးပျက်စေပါလိမ့်မယ်။ဆွဲကြိုးမှာ လော့ကတ်သီးပါတာမျိုးဆို အိပ်နေရင်းနဲ့ အသားကိုလာထိုးမိတာမျိုးဆိုရင်လည်း အိပ်ရေး ပျက်နိုင်တာမို့ ချွတ်အိပ်လိုက်ပါ။
အသား အရေကိုယားယံစေနိုင် လက်ဝတ်လက်စားတွေကို ဖန်တီးပြုလုပ်ရာမှာ အသုံးပြုတဲ့ နီကယ်ဒြပ် စင်လို အချို့သောပါဝင်ပစ္စည်းများက အလက်ဂျစ်တွေကို ဖြစ်စေနိုင်ပြီး အသားအရေကို နီရဲယားယံစေနိုင်ပါတယ်။ရွှေနဲ့ငွေတို့က လုံခြုံမှုရှိမယ်လို့
ထင်ကောင်းထင်နိုင်ပေမယ့်လည်း သူတို့အတွင်းမှာ အခြားသောသတ္တုတွေလည်း ပါဝင်နိုင်ပါတယ်။အကယ်လို့ သင့်အသား အရေက အလွယ်တကူ အလက်ဂျစ်ဖြစ်လွယ်တယ်ဆိုပါက ၁၄ ကာရတ် နှင့်အထက် ရွှေဖြင့်ပြုလုပ်ထားတဲ့ လက်ဝတ်လက်စားများကို ရွေးချယ်ဝတ်ဆင်ပါ။
နားအဖျားပျော့တွဲတွဲဖြစ်လာနိုင် နှစ်ပေါင်းများစွာ ကြာမြင့်လာတာနဲ့အမျှ နားအဖျားရဲ့တင်းရင်းမှုကလည်း တဖြည်းဖြည်း လျော့နည်းလာတဲ့အတွက်သူတို့ကိုလည်း ညဖက်အချိန်မှာတော့ ဘာမှဝတ်ဆင်ခြင်းမပြုလုပ်ဘဲ အနားပေးသင့်ပါတယ်။
နားကပ်ဝတ်ပြီး ညအိပ်ခြင်းကလည်း အနံ့ဆိုးတွေစုလာနိုင်တဲ့အပြင်ဆဲလ်သေတွေစုဝေးပြီး ဘက်တီးရီးယားတွေလည်း ပေါက်ဖွားလာနိုင်တာမို့ အထူးသတိထားလိုက်ပါ။ဘက်တီးရီးယားများစုဝေးလာနိုင် လက်ဝတ်လက်စားတွေကိုချွတ်ပြီးတော့ သေသေချာချာသန့်ရှင်းရေးမလုပ်ဘူးဆိုပါက
သင်အနှစ်သက်ဆုံးလက်ဝတ်ရတနာကဘက်တီးရီးယားတွေနဲ့အညစ်အကြေးတွေ စုစည်းရာနေရာတစ်ခုဖြစ်လာပါလိမ့်မယ်။အသားအရေနဲ့ထိတွေ့မှုရှိတဲ့ လက်စွပ်တွေက အစိုဓာတ်တွေစုလာတာမို့ ဘက်တီးရီးယားတွေပေါက်ဖွားဖို့ လွယ်ကူနိုင်ပါတယ်။
Credit
Zawgyi
လက်ဝတ်လက်စားတွေကို ညအိပ်ယာဝင်တိုင်း ချွတ်အိပ်သင့်တဲ့ အကြောင်းအရင်းတချို့အိပ်ပျော်ရခက်ခဲစေနိုင် – ဆွဲကြိုးဝတ်ပြီးညအိပ်ခြင်းက ညဖက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့အတွက် အဟန့်အတားဖြစ်နိုင်ပါတယ်။အထူး သဖြင့် ဟိုဖက်လှည့်လိုက် ဒီဖက်လှည့်လိုက်နဲ့ ငြိမ်ငြိမ်မအိပ်တတ်သူတွေဆိုရင် ဆံပင်မှာသွားငြိတာမျိုး၊လည်ပင်းမှာလာပတ်နေတာမျိုး စသဖြင့် အိပ်ရေးပျက်စေပါလိမ့်မယ်။ဆွဲကြိုးမှာ လော့ကတ်သီးပါတာမျိုးဆို အိပ်နေရင်းနဲ့ အသားကိုလာထိုးမိတာမျိုးဆိုရင်လည်း အိပ်ရေး ပျက်နိုင်တာမို့ ချွတ်အိပ်လိုက်ပါ။
အသား အရေကိုယားယံစေနိုင် လက်ဝတ်လက်စားတွေကို ဖန်တီးပြုလုပ်ရာမှာ အသုံးပြုတဲ့ နီကယ်ဒြပ် စင်လို အချို့သောပါဝင်ပစ္စည်းများက အလက်ဂျစ်တွေကို ဖြစ်စေနိုင်ပြီး အသားအရေကို နီရဲယားယံစေနိုင်ပါတယ်။ရွှေနဲ့ငွေတို့က လုံခြုံမှုရှိမယ်လို့
ထင်ကောင်းထင်နိုင်ပေမယ့်လည်း သူတို့အတွင်းမှာ အခြားသောသတ္တုတွေလည်း ပါဝင်နိုင်ပါတယ်။အကယ်လို့ သင့်အသား အရေက အလွယ်တကူ အလက်ဂျစ်ဖြစ်လွယ်တယ်ဆိုပါက ၁၄ ကာရတ် နှင့်အထက် ရွှေဖြင့်ပြုလုပ်ထားတဲ့ လက်ဝတ်လက်စားများကို ရွေးချယ်ဝတ်ဆင်ပါ။
နားအဖျားပျော့တွဲတွဲဖြစ်လာနိုင် နှစ်ပေါင်းများစွာ ကြာမြင့်လာတာနဲ့အမျှ နားအဖျားရဲ့တင်းရင်းမှုကလည်း တဖြည်းဖြည်း လျော့နည်းလာတဲ့အတွက်သူတို့ကိုလည်း ညဖက်အချိန်မှာတော့ ဘာမှဝတ်ဆင်ခြင်းမပြုလုပ်ဘဲ အနားပေးသင့်ပါတယ်။
နားကပ်ဝတ်ပြီး ညအိပ်ခြင်းကလည်း အနံ့ဆိုးတွေစုလာနိုင်တဲ့အပြင်ဆဲလ်သေတွေစုဝေးပြီး ဘက်တီးရီးယားတွေလည်း ပေါက်ဖွားလာနိုင်တာမို့ အထူးသတိထားလိုက်ပါ။ဘက်တီးရီးယားများစုဝေးလာနိုင်လက်ဝတ်လက်စားတွေကိုချွတ်ပြီးတော့ သေသေချာချာသန့်ရှင်းရေးမလုပ်ဘူးဆိုပါက