Knowledge

ဘဝမှာ စိတ်ထိခိုက်၊စိတ်ညစ်စရာတွေနဲ့ ကြုံလာခဲ့ရင် ဒီအချက်တွေကိုသတိရလိုက်ပါ

တခါတလေ အကြောင်းပြချက် မရှိဘဲလူတွေအားလုံးက ကိုယ့်ဘက်မှာ မရှိဘူးတလောကလုံးမှာ ကိုယ့်လောက်အသုံးမကျတဲ့သူ ၊ကံဆိုးတဲ့သူ မရှိဘူးရယ် လို့ တွေးမိတဲ့အခိုက်အတန့် လူတိုင်းမှာ ရှိကြမှာပါ။

အမြဲတမ်း ပျော်ချင်ပေမယ့် မပျော်ရသလို စိတ်ခံစားမှုတွေပြင်းထန်ပြီး အလိုလို ဝမ်းနည်းမိတဲ့ကာလကို ဖြတ်ကျော်ဖို့အတွက်အောက်ပါ အချက်တွေကို သတိရသင့်ပါတယ်။

၁- နာကျင်မှုမရှိဘဲ မရင့်ကျက်နိုင်ပါဘူးဘဝမှာ ကြုံလာရတဲ့ အခက်အခဲ ဒုက္ခတွေကသာ သင့်ကို ရင့်ကျက်တဲ့ လူတယောက်အဖြစ် ပြောင်းလဲပေးမှာပါ။ဝမ်းနည်းစရာ အဖြစ်အပျက်တွေကို ဖြတ်ကျော်ပြီးတဲ့နောက်သင်ဟာ မထင်မှတ်ထား လောက်အောင် သန်မာလာပါလိမ့်မယ်။

၂- ဘဝရဲ့ ရည်မှန်းချက်ကို သတိရပါသင့်ကို တွန်းအားပေးနေတာက ဘယ်အရာလဲမနက်နိုးနိုးခြင်းမှာ စဉ်းစားမိတဲ့ ရည်မှန်းချက်က ဘာလဲဆိုတာသိအောင်လုပ်ပါဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာတောင်သင့်ရဲ့ ရည်မှန်းချက်အတွက်နောက်ပြန် မလှည့်ဘဲ ရှေ့ကို ဆက်လျှောက်ပါ။

၃-စိတ်ခံစားချက်တွေကို လက်ခံဖို့ သတိရပါတခါတလေ စိတ်က ဖြစ်နေတာကို အရှိအတိုင်း လက်ခံပေးပါအတင်းကြီးထိန်းချုပ်ထားတာမျိုး မလုပ်ဘဲအလိုက်သင့်လေး ဖြစ်အောင် နေကြည့်ပေးပါ။

၄- မိသားစုနဲ့ သူငယ်ချင်းတွေ သင့်ဘေးမှာ ရှိနေပါတယ်ဘဝမှာ မှောင်မိုက်တဲ့ နေ့ရက်တွေကို တယောက်တည်းရင်မဆိုင်ဘဲ ချစ်ခင်ရတ သူတွေဆီမှာရင်ဖွင့်ကြည့်ပါသင့်ကို နားလည်ပေးနိုင်မယ့်သူ တယောက်ပဲ ရှိရင်တောင်အဲဒီလူနဲ့အတူ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါလိမ့်မယ်…

၅- ကောင်းမွန်တဲ့ အမှတ်တရတွေကို ပြန်တွေးပေးပါစိတ်ထိခိုက်နေချိန်မှာ အရင်ကပျော်ရွှင်စရာကောင်းတဲ့ အရာတွေ ပြန်တွေးပေးပါသင့်ခွေးလေးနဲ့အတူဆော့တာ ဖြစ်ဖြစ်၊အကြိုက်ဆုံး ရုပ်ရှင်ကားတကား ကြည့်ခဲ့ရတာ ဖြစ်ဖြစ်ပေ့ါ။

၆- သင့်ကို ပျော်ရွှင်မှုပေးနိုင်တဲ့ အလုပ်အပေါ် အာရုံစိုက်ပါငွေနောက်ပဲ အမြဲလိုက်ပြီး အလုပ်လုပ်မယ့်အစားသင့်ကို ပျော်ရွှင်စေမယ့် အလုပ်တခု အပေါ်လည်းအာရုံစိုက် သင့်ပါတယ်အားလပ်ချိန် မရှိရင်တောင် ဝါသနာပါတဲ့ အလုပ်အတွက်အချိန်တခု သတ်မှတ်ပြီး တစိုက်မတ်မတ် လုပ်သင့်ပါတယ်။

၇-ျဖစ္လာသမွ် အားလုံးဟာ ခဏပါပဲပျော်ခြင်း၊ ဝမ်းနည်းခြင်း၊ ချစ်ခြင်း၊ မုန်းခြင်းတွေဟာ ယာယီပါပဲဘယ်အရာမှ အမြဲ မတည်မြဲဘူး ဆိုတာနှလုံးသွင်းနိုင်မယ်ဆိုရင်လက်ရှိဖြစ်နေတဲ့ ပြဿနာအပေါ် စိတ်ဖြေသွားနိုင်မှာပါ

လူတိုင်း ဝမ်းနည်း၊ စိတ်ထိခိုက် ရတဲ့အချိန်တွေမှာအလွယ်တကူ လက်လျှော့အရှုံးမပေးဘဲ အထက်မှာ ရေးခဲ့တဲ့ အချက်တွေကို သေချာထည့်စဉ်းစားပြီးရင့်ကျက်တည်ငြိမ်တဲ့ စိတ်ထားတခု ပိုင်ဆိုင်နိုင်ဖို့ အကြံပြု ရေးသားလိုက်ပါတယ်။

Credit

Unicode

တခါတလေ အကြောင်းပြချက် မရှိဘဲလူတွေအားလုံးက ကိုယ့်ဘက်မှာ မရှိဘူးတလောကလုံးမှာ ကိုယ့်လောက်အသုံးမကျတဲ့သူ ၊ကံဆိုးတဲ့သူ မရှိဘူးရယ် လို့ တွေးမိတဲ့အခိုက်အတန့် လူတိုင်းမှာ ရှိကြမှာပါ။

အမြဲတမ်း ပျော်ချင်ပေမယ့် မပျော်ရသလို စိတ်ခံစားမှုတွေပြင်းထန်ပြီး အလိုလို ဝမ်းနည်းမိတဲ့ကာလကို ဖြတ်ကျော်ဖို့အတွက်အောက်ပါ အချက်တွေကို သတိရသင့်ပါတယ်။

၁- နာကျင်မှုမရှိဘဲ မရင့်ကျက်နိုင်ပါဘူးဘဝမှာ ကြုံလာရတဲ့ အခက်အခဲ ဒုက္ခတွေကသာ သင့်ကို ရင့်ကျက်တဲ့ လူတယောက်အဖြစ် ပြောင်းလဲပေးမှာပါ။ဝမ်းနည်းစရာ အဖြစ်အပျက်တွေကို ဖြတ်ကျော်ပြီးတဲ့နောက်သင်ဟာ မထင်မှတ်ထား လောက်အောင် သန်မာလာပါလိမ့်မယ်။၂- ဘဝရဲ့ ရည်မှန်းချက်ကို သတိရပါ