အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ ဘိုတုကြင်စိုး မအလ နှင့် ပြည်သူ မည်သူနိုင်မည်နည်း(ပြည်သူသာ နိုင် လိမ့်မည်)
ကမ္ဘာကြီးဟာ ပြောတော့ လူ့အခွင့်အရေးကို တန်ဖိုးထားတယ်၊ အာဏာရှင်စနစ်ကိုအားမပေးဘူး ၊အကြမ်းဖက်ဝါဒကိုဆန့်ကျင်တယ် ၊
ဒီမိုကရေစီကို တွန်းအားပေးတယ်။ အကြမ်းမဖက်ငြိမ်းချမ်းသောနည်းနဲ့တောင်းဆိုတာ
တရားနည်းလမ်းကျတယ် လို့ ဘယ်လိုပင်ပြောပြော ၊လူ့ယဉ်ကျေးမှုတိုးတက်ပါတယ်လို့ဘယ်လိုပင်ဆိုနေစေကာမူ လူတွေရဲ့စိတ်ထဲမှာ သမိုင်းမတိုင်ခင်ခေတ် နဲ့ကျောက်ခေတ် ကတည်းကရှိခဲ့တဲ့
လူရိုင်းစိတ်ဟာ ပင်ကိုယ် စိတ် Basic Instinct အဖြစ်ရှိနေကြတာ ပါ ။ ပါးစပ်ကဖွင့်မပြောပေမယ့် ခွန်အားသည်သာအမှန်တရား MIGHT IS RIGHT ဆိုတဲ့အယူအဆကို ခုထိ
နိုင်ငံကြီးငယ်မရွေးလက်ခံထားကြဆဲပါ ။အီတလီနိုင်ငံရေးပရောဟိတ် မက်ခီယာဗယ်လီရဲ့ The End Justifies The Means နိုင်တဲ့သူကမှန်တာပဲ ဆိုတဲ့အယူအဆဟာလည်း ခုထိ
တရားဝင်မဟုတ်ပဲကြိတ်ပုန်းလက်ခံထားတဲ့ အယူအဆပါပဲပြောချင်တာက စစ်ကောင်စီကမှားနေတယ် ပြည်သူတွေက ငြိမ်းချမ်းသောနည်းနဲ့ လမ်းပေါ်မှာ ဆန္ဒပြကြတာ မှန်တယ် ။ ဆန္ဒပြသူတွေမှန်တယ်ဆိုတာ
တစ်ကမ္ဘာလုံးသိတယ် ။ ဒါပေမယ့်လေနဲ့အားပေးတာကလွဲရင် ဘယ်သူကမှမကူညီခဲ့ဘူး
ဘာ့ကြောင့်ဆို အင်အားသည်သားအမှန်တရား ဆိုတဲ့ လူရိုင်းဝါဒအရ စစ်အင်အားသည် လူထုမှာ မရှိလို့ပဲ ။ စစ်တပ်ကမှားနေသည့်တိုင် အင်အားရှိတဲ့အဖွဲ့အစည်းဆိုတော့ မီးကိုရေနွေးနဲ့ပဲ လောင်းလောင်း ရေအေးနဲ့ပဲလောင်းလောင်း
မီးငြိမ်းရေးဟာအဓိကဆိုတဲ့ မက်ခီယာဗယ်လီ နည်းအရ နိုင်ငံတကာဟာ စောင့်ကြည့်နေခဲ့တယ်။တကယ်လို့များ ပြည်သူလူထုကိုရက်ရက်စက်စက် စစ်တပ်က နှိပ်စက်သတ်ဖြတ်တာကို ပြည်သူလူထုက
ဘာမှပြန်မလုပ်ပဲ ၁၉၈၈ ကလိုလည်စင်းခံခဲ့ကြရင် တစ်လလောက်ကြာလို့တနိုင်ငံလုံး ငြိမ်ဝပ်ပိပြား သွားတဲ့အခါ သေခဲ့ရတဲ့လူ တွေ ကိုမှ အားမနာ ၊သတ်ခဲ့တဲ့ စစ်တပ်ရဲ့ ရာဇဝတ်မှုတွေကိုမှ ထည့်မတွက်ပဲ
တပ်မတော်ကအခြေအနေအရပ်ရပ်ကိုတည်ငြိမ်အောင်ထိန်းချုပ်နိုင်ခဲ့ခြင်း ကိုအသိအမှတ်ပြုချီးကျူးပါကြောင်း ” ဆိုပြီး UN အပါအဝင်တစ်ကမ္ဘာလုံး
ကလေသံထွက်ကြလိမ့်မယ်။ စောမောင်နဲ့သန်းရွှေလူသတ်ခဲ့တာကို ကမ္ဘာကအဲဒိလို ချည်းကပ်ခဲ့တာပဲ
အခု ပြည်သူလူထုကမခံပဲပြန်ချကြတော့ တိုက်ပွဲဟာ ဘက်ညီနေတယ် ။ စစ်တပ်က စနစ်တကျလေ့ကျင့်သင်ကြားပေးထားတဲ့ တသွေးတစ်သံတစ်မိန့် စစ်မိစ္ဆာ သိန်းချီပြီးရှိတယ်
၁၉၆၂ ကတည်းက တိုင်းပြည်ပညာရေး ကျန်းမာရေး ကိုလစ်လျူရှုပြီးတည်ဆောက်ထားတဲ့စစ်လက်နက်အင်အားရှိတယ် ။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ အနိုင်ရရင်ပြီးရော ဆိုတဲ့ ယုတ်ကမ်းတဲ့စိတ်ရှိတယ်။
ဒါပေမယ့် ပြည်သူလူထုရဲ့ထောက်ခံမှုမရှိဘူး ။ PDF တွေမှာ LDF တွေ EAO တွေမှာ ဒေသကာကွယ်ရေးတပ်တွေမှာ အဲဒိလိုစစ်လက်နက်မရှိဘူး ၊ တသွေးတသံတမိန့် ရှူးတိုက်တိုင်း ကိုက်မယ့်သူတွေမရှိဘူး
ဒါပေမယ့် တိုင်းပြည်အတွက်အသက်ပေးဝံတဲ့ကိုယ်ကျိုးမဖက်တဲ့ စိတ်ဓာတ်ပိုင်ရှင်တွေရှိတယ်။ လခ ခံစားခွင့် ကိုယ်ကျိုးဘာမှမပါပဲဝင်တိုက်နေသူတွေချည်းပဲ။ စိတ်ဓာတ်ချင်းကမိုးနဲ့မြေလိုကွာခြားတယ်
ပြည်သူလူထုကလည်း ရရာလက်နက်စွဲကိုင်ပြီးတိုက်နေတဲ့လူငယ်လူလတ် လူကြီး အားလုံးကိုသောင်းသောင်းဖျဖျအားပေးနေတယ်။ပျောက်ကျားတိုက်ပွဲတွေမှာ အမှည့်ချွေဗျူဟာ နဲ့ကောင်းကောင်းအလုပ်ဖြစ်နေတယ်။
ပြည်တွင်းပြည်ပက မြန်မာတိုင်းရင်းသားတွေကလည်းအလုံးအရင်းနဲ့ကူညီနေကြတယ်။ အဲဒိတော့ နိုင်ငံတကာကလည်း နိုင်တဲ့ဘက်ကို အသိအမှတ်ပြုမှာပဲခုထက်ထိစစ်ကောင်စီကို
တရားဝင်အသိအမှတ်တနိုင်ငံမှမပြုသေးတာ စစ်ကောင်စီ က မနိုင်သေးလို့ပဲ ။ ၈၈ ကလိုသာငြိမ်ခံကြည့် ခုလောက်ဆို အာဏာသိမ်းစစ်ကောင်စီဟာ ကမ္ဘာမှာရော ကုလသမဂ္ဂမှာရေ
အာဏာသိမ်းစစ်အစိုးရ အဖြစ်အသိအမှတ်ပြုခံရပြီးလောက်ပြီ။ အခု အမေရိကန်ပြည်ထောင်စုက NUG ကိုအသိအမှတ်ပြုဖို့ဘာတွေ ဘယ်လိုဆက်လက်စဉ်းစား နည်းလမ်းရှာသင့်တယ်
ဆိုတဲဥပဒေကြမ်းကိုတောင်အထက် အောက်လွှတ်တော်နှစ်ရပ် အတည်ပြုပြီးသမ္မတ လက်မှတ်ထိုးဖို့ပို့လိုက်ပြီ ။ တရုတ်ကလည်း NLD ကိုထိုက်သင့်သလောက် ထိစပ်ပြီး မတင်မကျ ခြံစည်းရိုးပေါ်ခွထိုင်ထားတယ်။
အာဆီယံကလည်းစစ်ကေ င်စီကိုလည်း မပစ်ပယ် ၊ စစ်တပ်ကိုလည်း မထောက်ခံသလိုလိုနဲ့ နိုင်တဲ့ဘက်ကိုလိုက်ဖို့ လှေနံနှစ်ဖက်နင်းထားတယ် ။ နွေဦးတော်လှန်ရေးဘက်ကိုပြတ်ပြတ်သားသားမထောက်ခံလို့
ဘယ်နိုင်ငံကိုမှအပြစ်မတင်ပါနဲ့။စစ်ကောင်စီကို ပြတ်ပြတ်သားသားမထောက်ခံသရွေ့ကျွန်တော်တို့မရှုံးသေးဘူး ။ ကမ္ဘာကြီးက ကျွန်တော်တို့ကို ဘယ်တော့ ထောက်ခံမလဲဆိုရင် နိုင်တဲ့ဘက်ကိုထောက်ခံလိမ့်မယ်။
ကျွန်တော်တို့ ရဲ့ အင်အား သာလွန်လာတဲ့အခါ မြန်မာပြည်သူတွေကိုကမ္ဘာက ထောက်ခံလာလိမ့်မယ် ။ Might is Right ဆိုတဲ့ခေတ်ကြီးမှ
ာ ကိုယ်တွေဘက်က စစ်ရေးအသာစီး ရလာတဲ့အခါ ကမ္ဘာကြီးကသူ့အလိုလိုကိုယ့်ဘက်ပါလာ ပါလိမ့်မယ်
ဗီယက်နမ်မှာလည်းစစ်နိုင်တဲ့ဗီယက်ကောင်းတွေကိုကမ္ဘာကထောက်ခံရတာပဲ ။ သေချာတာတစ်ခုကတော့ ရွှေပြည်အေးဝါဒနဲ့တော့ ဘယ်တော့မှ
ကမ္ဘာကထောက်ခံ ရပ်တည်လေ့မရှိဘူး ။ စစ်နိုင်တဲ့ဘက်က ရပ်တည်တာ ဟောဒိကမ္ဘာကြီးရဲ့ အရက်စက်ဆုံးအမှန်တရားပဲ
Winner takes all နိုင်တဲ့သူအကုန်ယူသွားတာပဲ ။ ကျွန်တော်တို့ အနိုင်ရဖို့ပဲလိုတယ် ။သန်း ၅၀ ကျော်နဲ့ စစ်သား နှစ်သိန်းလောက် ရေရှည်မှာ ပြည်သူလူထုဘက်ကပဲအနိုင်ရလိမ့်မယ်။
Creditသရဝဏ်(ပြည်)